Press Release

အိမ်မှာနေသော်လည်း အမြဲဆက်သွယ်ချိတ်ဆက်နေသည့် မြန်မာ- ကိုဗစ်-၁၉ ကာလတွင်း အင်တာနက်ပေါ်မှ ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခြင်းနှင့်တိုက်ရိုက်ကြည့်ရှုခြင်းတို့ကြောင့် ဒေတာအသုံးပြုမှုနှုန်း မြင့်တက်လာကြောင်း တယ်လီနောထုတ်ပြန်

25 April, 2020 - Yangon

အခြားနိုင်ငံများနည်းတူ မိုဘိုင်းဝန်ဆောင်မှု အသုံးပြုမှုများ ပြောင်းလဲလာပြီးနောက် နေအိမ်တွင် အလုပ်လုပ် ခြင်းသည် မြန်မာနိုင်ငံအတွက်လည်း အလေ့အကျင့်တစ်ခု ဖြစ်လာသည်။ နေအိမ်တွင်အလုပ်လုပ်သူ လူဦးရေ များပြား လာသည်နှင့်အမျှ ဒေတာလိုအပ်ချက်များ မြင့်တက်လာကာ တစ်ချို့ဝန်ဆောင်မှုများကို အသုံးပြုမှု သိသိသာသာ မြင့်တက်လာသည်။ 

  • မတ်လ ၁ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း တယ်လီနောကွန်ရက်တွင် Zoom နှင့် Skype ကဲ့သို့သော ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်သည့်  အက်ပလီကေးရှင်းများ အသုံးပြုမှုသည် ၁၃၇၃% နှင့် ၂၄၅% အသီးသီး မြင့်တက်ခဲ့ 
  • အွန်လိုင်းတိုက်ရိုက်ကြည့်ရှုနိုင်သည့် ဝန်ဆောင်မှုများဖြစ်သော FacebookNetflixYahoo တို့သည်  ကြည့်ရှုသူများပြားလာသည့်အတွက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ကွန်ရက်များမထိခိုက်စေရေးအတွက် ဖိုင်ဆိုဒ် အရည်အသွေး လျှော့ချ 
  • စာပေးပို့မှု ၂.၉ % တက်လာခဲ့ပြီး ဖုန်းခေါ်ဆိုမှု အနည်းငယ်ကျဆင်းသွားခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သန်းပေါင်းများစွာသော မိုဘိုင်းဝန်ဆောင်မှု အသုံးပြုသူများသည် သတင်းအချက်အလက် ရှာဖွေရန်၊ ဖျော်‌ဖြေအနားယူရန်နှင့် မိတ် ဆွေ၊ သူငယ်ချင်း၊ မိသားစု အချင်းချင်း ဆက်သွယ်ရန် အင်တာနက်ကို ပိုမိုအသုံးပြုလာကြရာ တယ်လီနော မြန်မာ၏ ကွန်ရက် အသုံးပြုမှုနှုန်းသည် ၂၇% တိုးတက်လာခဲ့သည်။

မတ်လ ၁ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း တယ်လီနောကွန်ရက်တွင် ဗီဒီယိုဖြင့်ပြုလုပ်သည့် အစည်းအဝေး များ အသုံးပြုမှု သည်  Zoom တွင် ၁၃၇၃ ရာခိုင်နှုန်း၊ Skype တွင် ၂၄၅ ရာခိုင်နှုန်းနှင့် Google Hangouts တွင် ၂၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြပြီး ထိုအက်ပလီကေးရှင်းများသည် မြန်မာနိုင်ငံအတွင်း လူသုံးအများ ဆုံး ဖြစ်ခဲ့သည်။ ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုသည်လည်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အထူးသဖြင့် သင်္ကြန်ရုံးပိတ် ရက် ၁၀ ရက် အတွင်းတွင် ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။

"ရုံးတွေ၊ ‌ပညာရေး အဖွဲ့အစည်းတွေက တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်ပိတ်လာတော့ မြန်မာနိုင်ငံသား တွေက ဒစ်ဂျစ်တယ်အထောက်အကူပြု ပစ္စည်းတွေပေါ်မှာ အများကြီး မှီခိုလာကြပြီး အိမ်ကနေ အလုပ်လုပ် တာက ပုံမှန်ဘဝလို ဖြစ်လာပါတယ်။ ဒီလို ခန့်မှန်းမထားတဲ့ အခြေအနေမျိုးမှာ လူတွေအတွက် သူတို့အရေး ပါဆုံး အရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ဆိုတာ အသက်တမျှ အရေးပါ ပါတယ်။ မိုဘိုင်းဆက်သွယ်ရေးဝန်ဆာင် မှုတွေက မရှိမဖြစ် အရေးပါလာကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ယုံကြည်၊ စိတ်ချရတဲ့ ဒေတာအသုံးပြုမှု၊ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်ဖို့ ရှေ့တန်းက မိုဘိုင်းကွန်ရက်ဆိုင်ရာပညာရှင်တွေက မရပ်မနား ကြိုးစားနေကြ ပြီး သိသိသာသာ အသုံးပြုမှုတိုးလာတဲ့ ဗီဒီယိုခေါ်ဆိုမှုတွေ၊ အွန်လိုင်းတိုက်ရိုက်ကြည့်ရှုမှုတွေကို ဝန်ဆောင်မှု အရည်အသွေးကျဆင်းမသွားအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံသားတွေကို တည်ငြိမ်၊ စိတ်ချရပြီး မြန်ဆန်တဲ့ ချိတ်ဆက်မှုတွေ ပေးနိုင်ဖို့ ကွန်ရက်အသုံးပြုမှုတွေကို ပုံမှန်စစ်ဆေးလျက် ရှိပါတယ်။” ဟု တယ်လီနောမြန်မာ၏ နည်းပညာရေးရာအရာရှိချုပ် Jai Prakash မှ ပြောကြားခဲ့သည်။

အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုမှုနှုန်းသည် ၄၀% တိုးတက်လာပြီး အက်ပလီကေးရှင်းအားဖြင့် Facebook အနေ ဖြင့် ၈၇ ရာခိုင်နှုန်း၊ Netflix (၄၈ ရာခိုင်နှုန်း)၊ Tiktok (၃၆ ရာခိုင်နှုန်း) နှင့် YouTube (၁၇ ရာခိုင်နှုန်း) အသီးသီးတို့ ဖြစ်ကြသည်။ အင်တာနက်မှ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ လူမှုကွန်ရက် အသုံးပြုမှုနှုန်း (SNS) နှင့် အွန်လိုင်း အခြေ ပြုတိုက်ရိုက် စာတိုပေးပို့ခြင်းတို့လည်း ပိုမိုများပြားလာခဲ့သည်။

မတ်လ ၁ ရက် မှ ဧပြီလ ၁၉ ရက်နေ့အတွင်း တယ်လီနောကွန်ရက်အသုံးပြု၍ စာတိုပေးပို့မှုပေါင်း ၅.၅ သန်း ရှိခဲ့ပြီး ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ “မြန်မာလူမျိုးတွေက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးတဲ့ စာတိုလေးတွေပေးပို့ပြီး ဆက်သွယ်ချိတ်ဆက်နေခဲ့ကြပါတယ်။ ဒီကပ်ရောဂါအကျပ်အတည်းကြောင့် မြန်မာ လူမျိုးတွေ တစ်ဦးနဲ့တစ်ဦး ပေါင်းစည်းချစ်ခင်နေကြတာကို တွေ့ရမြင်ရတာ တကယ့်ကို ဝမ်းသာပီတိဖြစ်ရ ပါတယ်။” ဟု Mr.Prakash မှ ထပ်လောင်းပြောကြားခဲ့သည်။

တယ်လီနောသည် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ၌ မြန်မာနိုင်ငံတွင် မျှတ၍ ဘက်လိုက်မှုကင်းသော သတင်း များ ပိုမိုပျံ့နှံ့စေရန်နှင့် သုံးစွဲသူများမှ ဒေတာများကို ပိုမိုသုံးစွဲနိုင်စေရန် ဖုန်းငွေဖြည့်သည့်အခါတွင် ၅၀ ရာခိုင် နှုန်း အပိုထပ်ဆောင်းပေးခြင်း၊  ကိုဗစ်-၁၉ နှင့်ပတ်သက်သော အများပြည်သူနှင့်ဆိုင်သည့် သတင်းအချက် အလက်များအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူများ အတွက် ဒေတာအခမဲ့ ကြည့်ရှုခွင့်ပေးခြင်းစသည်တို့ကို လုပ်ဆောင်ထားသည့်အပြင် ပျော်ပြီးရင်းပျော် အစရှိ သည့် ဒစ်ဂျစ်တယ်ကမ်ပိန်းများကိုလည်း ဖော်ဆောင်ခဲ့သည်။

ဆင်းကဒ်များကို မှန်ကန်သော မှတ်ပုံတင်နှင့် ပြန်လည်မှတ်ပုံတင်ရမည်ဟူသော ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ သုံးစွဲသူများသည် မိမိတို့၏ ဆင်းကဒ်များကို ပြန်လည်မှတ်ပုံတင်ရန် လိုအပ် ပါသည်။ ဆင်းကဒ်မှတ်ပုံတင်မှု အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် တယ်လီနောသုံးစွဲသူများ သည် ဒေတာ ၅ ဂစ်အထိ သို့မဟုတ် ဖုန်းဘေလ် ၁၀၀၀ ကျပ်အထိကို လက်ခံရရှိမည်ဖြစ်သည်။ ယခုကပ်ရောဂါဖြစ်ပွား နေစဉ်ကာလတွင် သုံးစွဲသူများမှ အရောင်းဆိုင်များသို့ ကိုယ်တိုင်သွားရောက်စရာ မလိုစေရန် ဆင်းကဒ်များ ကို ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်ပုံတင်ထားမှုရှိမရှိ စစ်ဆေးပြီး မှတ်ပုံတင်နိုင်စေရန်လည်း တယ်လီနောအနေ ဖြင့် လုပ်ဆောင်ပေးထားသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့် ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိ တွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share