21 October, 2016 - Yangon
တယ်လီနောလုပ်ငန်းစုအနေနှင့် နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ဒေသတွင်းရှိ ကနဦး အစပျိုးလုပ်ငန်းသစ်များအတွက် ရည်ရွယ်ပြုလုပ်သည့် Digital Winners Asia အစီအစဉ်ကို ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပသွားမည်ဖြစ်သည်။ နှစ်ရက်တာကြာမြင့်မည့် အဆိုပါအစီအစဉ်တွင် ဒေသတွင်းမှ ကနဦး အစပျိုးလုပ်ငန်း ၉ ခုအနေနှင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုတို့ကိို ပေါင်းစပ်ပြသခြင်းဖြင့် ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း နှင့် မလေးရှား အပါအဝင် တယ်လီနောလုပ်ငန်းစုမှ အာရှတိုက်တစ်ဝန်းတွင် ဦးဆောင်ပြုလုပ်ခဲ့သည့် accelerator အစီအစဉ်များမှ ထူးချွန်သည့် ကနဦး အစပျိုးလုပ်ငန်းသစ်များ ပါဝင်ပြသခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အား အာရှတိုက်ရှိ နည်းပညာကဏ္ဍတွင် တဟုန်ထိုးတိုးတက်လာနေသည့် မြို့တစ်မြို့ဟု သတ်မှတ်ခြင်းခံထားရသည့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဈေးကွက်သစ်များချဲ့ထွင်ရာတွင် တွေ့ကြုံရလေ့ရှိသည့် အတားအဆီးများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် Digital Winners Asia အစီအစဉ်အားကနဦး အစပျိုး လုပ်ငန်းသစ် ၉ ခုနှင့် ထိပ်တန်းဟောပြောသူများ တက်ရောက်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် နှစ်ရက်ကြာကျင်းပမည့် အဆိုပါအစီအစဉ်တွင် ဈေးကွက်အတွင်းရှိ ဒစ်ဂျစ်တယ်စီးပွားရေး အခွင့်အလမ်းများကိုအမိအရဖမ်းယူနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများ၊ ဗဟုသုတများနှင့် နည်းလမ်းများကိုလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် ကနဦးအစပျိုးလုပ်ငန်းများ နှင့် ရင်းနှီးမြုပ်နှံလိုသူများ၏ ဆွေးနွေးသုံးသပ်ချက်များလည်းပါဝင်မည်ဖြစ်သည်။ ပါ၀င်သည့်အဖွဲ့များမှလည်းအိုင်ဒီယာသစ်များအတွက်ပြင်ဆင်ရမည်ဖြစ်သည်။ ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် အဆိုပါအိုင်ဒီယာများထဲမှ အကောင်းဆုံးအိုင်ဒီယာအတွက် နေော်၀ခရိုနာ ၁၀၀,၀၀၀ ကိုရန်ပုံငွေအဖြစ် ရရှိနိုင်မည့်အခွင့်အရေးလည်းရှိနေသည်။
အဓိကမိန့်ခွန်းများနှင့် ဈေးကွက်လေ့လာသုံးသပ်ချက်များအား ဒေသတွင်းရှိ Google၊ Golden Gate Ventures နှင့် တယ်လီနော၏ Head of Product and Innovation ဖြစ်သူ Gunnar Sellaeg ကဲ့သို့သော စွန့်ဦးတီထွင်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုနယ်ပယ်မှ ဦးဆောင်သူများမှ ဟောပြောသွားမည်ဖြစ်သည်။
“ ကျွန်တော်တို့အနေနဲ့ အာရှဒေသအတွင်းမှာ အားကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်နေတာကို ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် Digital Winners in Asia အစီအစဉ်ကို ပြုလုပ်ခြင်းဟာ တယ်လီနောရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဒေသအတွင်းမှာ ဆန်းသစ်တီထွင်မှုတွေနဲ့ စွန့်ဦးတီထွင်လိုစိတ်အများပြားရှိသူတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ယုံကြည် ပါတယ်” ဟု Gunnar Sellaegမှပြောကြားခဲ့သည်။
“ဒီလိုအလွန်အကျိုးရှိတဲ့ အစီအစဉ်မှာပါဝင်ခွင့်ရတဲ့ ကနဦးအစပျိုးလုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ ဈေးကွက်တွေမှာ ပြုလုပ်ခဲ့တဲ့ accelerator အစီအစဉ်တွေထဲကအကောင်းတကာ့ အကောင်းဆုံးလုပ်ငန်းတွေဖြစ်ပြီးသူတို့ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဒီလို အစီအစဉ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။” ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
Digital Winners Asia အစီအစဉ်ကိုတက်ရောက်မည့် အဖွဲ့ ၉ ဖွဲ့သည် တယ်လီနောမှကျင်းပပြုလုပ်သည့် ဒေသတွင်း startup incubation and acceleration အစီအစဉ် ၅ ခုမှ ယခင်ကနှင့် လက်ရှိအချိန်တွင် ဝင်ရောက်ပါဝင်ဖူးသူများဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီအား၎င်းတို့၏ ကုမ္ပဏီသက်တမ်း၊ ဈေးကွက်သစ်များဆီသို့ထိုးဖောက်နိုင်မည့် အလားအလာနှင့် တယ်လီနောနှင့် လက်တွဲလုပ်ကိုင်မှုတို့ အပေါ်တွင်မူတည်၍ ရွေးချယ်ထားခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခှုမှ ကိုယ်စားလှယ် နှစ်ယောက်သည် Digital Winners Asia အစီအစဉ်အားတက်ရောက်မည်ဖြစ်သည်။
ယခုနှစ်ဖွင့်ပွဲသို့ တက်ရောက်မည့်သူများသည်ဈေးကွက်ရှာဖွေရေးဝန်ဆောင်မှု၊ စွမ်းအင်၊ artificial intelligence၊ ခရီးသွားလာရေးနှင့် ပညာရေးစသဖြင့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
Start-up (လုပ်ငန်းအမည်) | Description(အကြောင်းအရာ) |
Bangladesh(ဘင်္ဂလားဒေ့ရှ်) | |
1.Buzzally | အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းအခြေပြု ဈေးကွက်ရှာဖွေရေးဆိုင်ရာ ပလက်ဖောင်း (www.buzzally.com) |
2. Socian | (www.socian.xyz/) အမှတ်တံဆိပ်များအတွက် artificial intelligence နှင့် ဆိုရှယ်မီဒီယာ အခြေပြု ဆန်းစစ်လေ့လာရေးဆိုင်ရာ ပလက်ဖောင်း(www.socian.xyz/) |
Malaysia(မလေးရှား) | |
3. Vase | မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော သတင်းအချက်အလက်များကို ဖော်ပြပေးသည့် တန်ဖိုးနည်း ဈေးကွက်သုတေသန ဝန်ဆောင်မှု(www.vase.ai) |
Myanmar(မြန်မာ) | |
4. Myanzen | လူမှုကွန်ရက်ပလက်ဖောင်းများနှင့်ဆိုရှယ်မီဒီယာများမှ ရောင်းချခြင်းကိုချောမွေ့စွာပေါင်းစပ်လုပ်ဆောင်နိုင်စေမည့်နည်းပညာများ |
Pakistan (ပါကစ္စတန်) | |
5. EcoEnergy | ဝေးလံသောဒေသများအတွက် သီးသန့်ရည်ရွယ်သည့် ရေရှည်သုံးစွဲနိုင်သောလျှပ်စစ်စွမ်းအင်ကို ဖြန့်ဖြူးပေးနိုင်မည့် နည်းပညာ(www.ecoenergyfinance.org) |
6. Edjunction | မိဘများ၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် စာသင်ကျောင်းများ ကြားတွင် လွယ်ကူစွာ ဆက်သွယ်နိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ပလက်ဖောင်း(www.f6s.com/edjunction) |
7. ForiMazdoori | ကာယလုပ်သားများအနေနှင့် ကျယ်ပြန့်သောတယ်လီကွန်းကွန်ရက်မှတဆင့် ForiMazdoori မှပြုလုပ်ထားသည့် မှတ်ပုံတင်နိုင်မည့်နေရာများသို့သွားရောက်၍ လုပ်သားဒေတာဘေ့စ်တွင် စာရင်းသွင်းနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ စာရင်းသွင်းပြီးသည်နှင့် တပြိုင်နက် အဆိုပါလုပ်သားများအားForiMazdooriအက်ပလီကေးရှင်းများနှင့် ဝက်ဆိုက်ဒ်တွင် ရှာဖွေနိုင်မည်ဖြစ်သည်။ (https://twitter.com/forimazdoori) |
Thailand(ထိုင်း) | |
8. Skootar | အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများနှင့် စကူတာစီးနင်း၍ ပစ္စည်းပို့ဆောင်သူများအား ဆက်သွယ်ပေးခြင်းဖြင့် ပစ္စည်းပို့ဆောင်ပေးသည့် လုပ်ငန်းဆောင်တာများကို ဈေးနှုန်းချိုချိုသာသာနှင့် ထိထိရောက်ရောက်ဖြစ်စေသည့် ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်း(www.skootar.com) |
9. TakeMeTour | ထိုင်းနိုင်ငံသို့ တစ်ရက်တာခရီးစဉ်ပေါင်းများစွာကို ကြည့်ရှုလေ့လာနိုင်သည့် အွန်လိုင်းပလက်ဖောင်း (www.takemetour.com) |
ကမ္ဘာ့နည်းပညာနယ်ပယ်မှ တတ်သစ်စနိုင်ငံတစ်ခုဖြစ်သည့့် မြန်မာနိုင်ငံသည် ယခင်ကမကြုံတွေ့ဖူးသော နည်းပညာပြုပြင်ပြောင်းလဲမှုများနှင့်အတူ Digital Winners Asia အစီအစဉ်ကိုလက်ခံကျင်းပရန် အသင့်တော်ဆုံး နိုင်ငံတစ်ခုဖြစ်သည်။ဒေသတွင်းဆိုင်ရာအသိအမြင်များနှင့်ပြည်တွင်းမှကျွမ်းကျင်သူများသည် မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်၏ ပထမဦးဆုံး ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနော၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံများနှင့်အတူ ကနဦး အစပျိုးလုပ်ငန်းများအား အနာဂါတ်၏ ရှေ့ဆောင်လမ်းပြများအဖြစ် ပေါ်ထွက်လာစေရန်ဟူသော Digital Winners Asia အစီအစဉ်၏ ရည်ရွယ်ချက်အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Digital Winners Asia ၂၀၁၆ အား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် နို်ဝင်ဘာလ ၁-၂ ရက်များ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ တယ်လီနော အနေနှင့် ကနဦး အစပျိုး လုပ်ငန်းများနှင့် မည်ကဲ့သို့ လက်တွဲလုပ်ကိုင်နေသည့် အကြောင်းနှင့် ပက်သက်၍ဖြစ်စေ၊ Digital Winners Asia အစီအစဉ်နှင့် ပက်သက်၍ဖြစ််စေထပ်မံသိရှိလိုပါက အစီအစဉ်ပြုလုပ်မည့်နေ့ရက်နီးကပ်လာသည်နှင့်အမျှ planet.telenor.com သို့ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
Digital Winners ပလက်ဖောင်းသည် နော်ဒစ်ဒေသရှိမီဒီယာ၊ နည်းပညာနှင့် ဆက်သွယ်ရေးနယ်ပယ်များမှ ဦးဆောင်သူများနှင့် ဆန်းသစ်တီထွင်သူများအထူးတလည် စုဝေးတွေ့ဆုံခြင်းမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့်ထိပ်တန်းစွန့်ဦးတီထွင်သူများကိုဆွဲဆောင်နိုင်ခဲ့သည်။ တယ်လီနော၏ အာရှတိုက်တွင် တိုးတက်များပြားလာသောသုံးစွဲသူအရေအတွက်နှင့် နယ်မြေတစ်ဝန်းတိုးတက်လာသောလုပ်ငန်းလည်ပတ်မှုများကြောင့် Digital Winners Asia သည် Digital Winner များ၏ ကျွမ်းကျင်မှုများနှင့် အရှိန်အဝါများကိုပိုမိုတိုးတက်စေမည်ဖြစ်ပြီးတဟုန်ထိုးတိုးတက်လာသောနယ်ပယ်များမှကွဲပြားသောအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရန် အတွက်လည်းအလွန်အကျိုးရှိစေမည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်။
Media Contacts
မီဒီယာများဆက်သွယ်ရန်
Marcus Adaktusson, VP – Head of Communications, Telenor Group Region Asia
Tel:+65 9879 5730 E-mail: marcus.adaktusson@telenor.com
တယ်လီနောအုပ်စုသည် အသုံးပြုသူသန်း ၂၀၀ နီးပါးရှိသည့် ကမ္ဘာ့အထင်ရှားဆုံးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ဥရောပနှင့် အာရှဒေသများရှိ နိုင်ငံ ၁၃ နိုင်ငံတွင် ဝန်ထမ်း ၃၃၀၀၀ ကျော်မှ အသုံးပြုသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူထုအသိုင်းအဝိုင်းများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးလျက်ရှိပြီးစစ်မှန်သော ခြားနားပြောင်းလဲမှုကိုပေးအပ်နိုင်ရန် နေ့စဉ် ကြိုးပမ်းလုပ်ကိုင်လျက်ရှိသည်။
တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကwww.telenor.comသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
Twitter တွင်လည်း Follow လုပ်နိုင်ပါသည်။http://twitter.com/TelenorGroup
သတင်းပေးပို့မှုများပုံမှန်ရယူလိုသည်ဖြစ်စေ၊ ရပ်တန့်လိုသည်ဖြစ်စေhttp://www.telenor.com/media/subscribe-to-news/unsubscribe/သို့သွားရောက်လုပ်ဆောင်နိုင်ပါသည်။