02 September, 2020 - Yangon
စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။ ။ Great Place to Work® အဖွဲ့အစည်း၏ တရား ဝင်အသိအမှတ်ပြုလွှာကို လက်ခံရရှိကြောင်း တယ်လီနောမြန်မာက ယနေ့သတင်းထုတ်ပြန်လိုက်သည်။ နှစ်စဉ် အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူလျက်ရှိသည့် အိန္ဒိယနိုင်ငံအခြေစိုက် Great Place to Work® အဖွဲ့အစည်းက (၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း) တယ်လီနောမြန်မာ၏ ဝန်ထမ်းအားလုံးကို စစ်တမ်း ကောက်ယူခဲ့ရာတွင် ဝန်ထမ်း ၉၅% က စစ်တမ်းကို ပြန်လည်ဖြေကြားခဲ့ကြပြီး ၇၆% က တယ်လီနောမြန်မာသည် အလုပ်လုပ်ရန် အကောင်းမွန်ဆုံးသော လုပ်ငန်းခွင်အဖြစ် ယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ ယင်းစစ် တမ်းဖြေကြားမှုများအရ တယ်လီနောမြန်မာသည် လုပ်ငန်းခွင်အလေ့အထအခြေခံကောင်းနှင့် ဝန်ထမ်းများအ တွက် အတွေ့အကြုံကောင်းများ ဖန်တီးတည်ဆောက်ပေးနိုင်ကြောင်း အသိအမှတ်ပြုခြင်းခံရပြီး Great Place to Work® အဖွဲ့အစည်း၏ တရားဝင်အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ အသိအမှတ်ပြုခံရ ခြင်းကြောင့် အာရှရှိ ဆက်သွယ်ရေးကုမ္ပဏီများအနက်ထဲမှ ကောင်းမွန်သောလုပ်ငန်းခွင်အဖြစ် သတ်မှတ်ခံရ သော ကုမ္ပဏီအနည်းစုတွင် အပါအဝင်ဖြစ်လာခဲ့သည်။
"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူတွေကို သူတို့အတွက် အရေးပါဆုံး အရာတွေနဲ့ ချိတ်ဆက်ပေးဖို့ဖြစ်ပြီး သုံးစွဲသူတွေနဲ့ မိတ်ဖက်ပါတနာတွေရဲ့ ဘဝထဲကို ပိုမိုအဓိပ္ပာယ်ရှိတဲ့ အရာတွေကို ယူဆောင်ပေးနိုင်ဖို့ပါ။ ဒီလို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာ ဂုဏ်ယူပြီး တက်တက်ကြွကြွလုပ်ကိုင်တဲ့၊ စိတ်ဆန္ဒပြတ်သားပြီး စိတ်အား ထက်သန်မှုရှိတဲ့ဝန်ထမ်းတွေက အရေးပါပါတယ်။ တယ်လီနောမြန်မာအနေနဲ့ပြောရရင် အကောင်းမွန် ဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ အားလုံးပါဝင်ပြီး ပူးပေါင်းမှုရှိတဲ့ လုပ်ငန်းခွင်ကသာ အထောက်အကူပြုမှာဖြစ် ပါတယ်။ တယ်လီနောမြန်မာဝန်ထမ်းတွေက တယ်လီနောကို အခုခုလို အလုပ်လုပ်ကိုင်ဖို့ သင့်လျော်တဲ့ လုပ်ငန်း ခွင်အဖြစ် အသိအမှတ်ပြုကြတဲ့အတွက် ဂုဏ်ယူမိသလို ဒီထက်ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာဖို့ အတွက်လည်း ဆက်လက်ဖော်ဆောင်ပေးသွားမှာပါ။" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug က ပြောကြားသည်။
တယ်လီနော လက်ခံကျင့်သုံးမှု။ ။ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အားလုံးပါဝင်ခြင်းနှင့် လိုက်လျောညီထွေမှု ရှိခြင်း
တယ်လီနောလုပ်ငန်းစု၏ အလေ့အကျင့်များနှင့် ကော်ပိုရိတ်အလေ့အထများကို စွမ်းဆောင်နိုင်မှုနှင့် စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်မှုတို့တွင် ဦးတည်တည်ဆောက်ထားခြင်းဖြစ်သည်။ တယ်လီနောမြန်မာသည် ဝန်ထမ်းများကို အောက်ပါနည်းများအတိုင်း စွမ်းဆောင်ရည်များ မြှင့်တင်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တယ်လီနောမြန်မာသည် ဝန်ထမ်းများ အဆင်ပြေသော နေရာမှ အလုပ်လုပ် ကိုင်နိုင်ရေးအတွက် စီစဉ်လုပ်ဆောင်ပေးလျက်ရှိသည်။
တယ်လီနောမြန်မာသည် Great Place to Work® ၏ အသိအမှတ်ပြုမှုနှင့်အတူ စစ်တမ်းမှ ရရှိလာသည့် အချက် အလက်များနှင့် အကြံပြုချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝန်ထမ်းများနှင့် သုံးစွဲသူများအတွက် စံနမူနာယူရသည်အထိ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။
Great Place to Work® အကြောင်း
ကောင်းမွန်ပြီး ရေရှည်တည်တံ့မှုရှိသော လုပ်ငန်းခွင်အလေ့အထများ စောင့်ကြည့်လေ့လာသည့် Great Place to Work® သည် အဖွဲ့အ စည်းပေါင်း ၁၀,၀၀၀ ကျော်နှင့် မိတ်ဖက်ပြု၍ ယုံကြည်ရသော၊ လုပ်ငန်းခွင်အလေ့အထကောင်းသော အဖွဲ့အစည်းများဖြစ်လာစေရေး ဆောင်ရွက်နေသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အကောင်းဆုံး လုပ်ငန်းခွင်ဖြစ်ပေါ်စေရန်ဆိုသည့် မျှော်မှန်းချက်နှင့်အ ညီလုပ်ဆောင်နေသော Great Place to Work သည် လုပ်ငန်းခွင်အလေ့အထအတွက် ယုံကြည်မှု၊ သာတူညီမျှမှုနှင့် လူမှုအဖွဲ့အစည်း များအပေါ် အကြီးမားဆုံး သက်ရောက်မှုစသည့် အချက်များပေါ်မူတည်၍ စစ်တမ်းများကောက်ယူနေသော အဖွဲ့အစည်းဖြစ်သည်။
တယ်လီနောမြန်မာအကြောင်း
တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ် လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက် တစ်ခု ဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေး နိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံး ပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိ လိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။
မီဒီယာများ ဆက်သွယ်ရန်
ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ
မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ