Press Release

အသက်သာဆုံးနှုန်းထားနှင့် ပြည်ပတွင် အင်တာနက်သုံးနိုင်မည့် အစီအစဉ်အား တယ်လီနော မိတ်ဆက်

29 September, 2017 - Yangon

  • တယ်လီနော၏ ပရိုမိုးရှင်း အသစ်အား အသုံးပြု၍ စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်သူများသည် အင်တာ နက် အသုံးပြုခ ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ် နှုန်းထားနှင့် အသုံးပြုနိုင်၊ အဆိုပါ နှုန်းထားသည် ယခင် ပုံမှန်နှုန်းထား ဖြစ်သည့် ၁ မဂ္ဂါဘိုက်လျှင် ၁၅၀ဝ ကျပ်နှုန်းထားနှင့် နှိုင်းယှဉ်လျှင် ၉၉ ရာခိုင်နှုန်း အထိ သက်သာ

တယ်လီနောမြန်မာသည် လာမည့် အားလပ်ရက် ကာလများအတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ၎င်း၏ သုံးစွဲသူများ အတွက် အသက်သာဆုံးနှုန်းထားနှင့် အင်တာနက် အသုံးပြုနိုင်မည့် အစီအစဉ်သစ်တစ်ရပ်အား မိတ်ဆက်ပေးလိုက်ပါသည်။ အင်တာနက် အသုံးပြုခ ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ် သာကျသင့်မည့် အဆိုပါ အင်တာနက် အသုံးပြုမှု အစီအစဉ်သစ်အား အသုံးပြုခြင်းဖြင့် တယ်လီနော သုံးစွဲသူများ အနေနှင့် ယခင်နှုန်းထားထက် ၉၉% ရာခိုင်နှုန်းအထိ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းသည် ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့မှ စတင်မည် ဖြစ်ကာ တယ်လီနော သုံးစွဲသူအားလုံးသည် မည်သည့် အပိုနှုန်းထားမှ ထပ်မံပေးချေစရာ မလိုပဲ ပရိုမိုးရှင်းအား အသုံးပြုနိ်ုင်မည် ဖြစ်ပါသည်။

“တယ်လီနော အနေနဲ့ အကောင်းမွန်ဆုံးနဲ့ ဈေးနှုန်းအသက်သာဆုံး အစီအစဉ်တွေကို အသုံးပြုသူတွေဆီ အရောက် ပို့ဆောင်ပေးနေပြီး ဒါကြောင့်လည်း အခု တယ်လီနော သုံးစွဲသူတွေ အနေနဲ့ စင်ကာပူနိုင်ငံမှာ အင်တာနက် အသုံးပြုခ ၁ မဂ္ဂါဘိုက်ကို ၁၅ ကျပ်သာ ကျသင့်မယ့် ပရိုမိုးရှင်းကို စတင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို သွားရောက် လည်ပတ်သူတွေအနေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံဖို့အပြင် စီးပွားရေးကိစ္စတွေ လုပ်ဆောင်ဖို့ အတွက်လည်း သွားရောက်ကြတယ် ဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ အခု စင်ကာပူနိုင်ငံ ကိုရောက်ရှိတဲ့ အခါမှာ တယ်လီနော ဆင်းကတ်တွေကို ဖွင့်ထားရုံနဲ့ 4G အင်တာနက်ကို စတင်အသုံးပြုနိုင်ပါပြီ” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောကြားပါသည်။

စင်ကာပူ ခရီးသွားလာရေးဘုတ်မှ ထုတ်ပြန်ထားသော အစီရင်ခံစာများအရ စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ နှစ်စဉ် လာ ရောက် လည်ပတ်သူ စုစုပေါင်း ၁၀ဝ,ဝ၀ဝ ကျော် ရှိသည်ဟု ဖော်ပြထားသည်။ စင်ကာပူနိုင်ငံသို့ သွားရောက် လည်ပတ် လိုသော မြန်မာနိုင်ငံမှ ခရီးသွားများ အနေနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိထားသည့် အတွက်လည်း ပိုမိုသွားရောက်လည်ပတ်သူ များပြားလာခြင်း ဖြစ်သည်။ တယ်လီနောမြန်မာ အနေနှင့် ၎င်း၏ သုံးစွဲသူများအတွက် ဈေးနှုန်းသက်သာပြီး ဆန်းသစ်သော ဝန်ဆောင်မှုများအား ပေးအပ်သွားရန် အမြဲရည်သန်လျက်ရှိပြီး အထက်ပါ ပရိုမိုးရှင်းအား အသုံးပြုခြင်းဖြင့် လာမည့် အားလပ်ရက်ကာလများအတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်သည့် အခါတွင် တယ်လီနော သုံးစွဲသူများ အနေ နှင့် 4G အင်တာနက် ဝန်ဆောင်မှုအား အသက်သာဆုံးသော နှုန်းထားနှင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

ပိုမို ကြီးထွားနေသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

ပိုမိုများပြားလာသည့် တယ်လီနော ဆင်းကတ် အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဘက် မိုဘိုင်း အော်ပရေတာ များနှင့် အတူ တယ်လီနောသည် ၎င်း၏ အသုံးပြုသူများ ခရီးသွားလာနေစဉ်နှင့် နိုင်ငံတွင်း မှလည်း အခြား နိုင်ငံများရှိ မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှု များကို ပေး အပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနော သုံးစွဲသူများသည် နိုင်ငံပေါင်း ၁၁၂ နိုင်ငံရှိ မိတ်ဘက်ပေါင်း ၁၄၀ ခု၏ ကွန်ရက်ကို ယင်းနိုင်ငံများသို့ ရောက်ရှိပါက ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်သည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုကိုလည်း ထိုင်း၊ မလေးရှား၊ မက္ကာအိုနှင့် စင်ကာပူနိုင်ငံများ တွင် ရရှိနေပြီ ဖြစ်ပြီး အခြားနိုင်ငံများ တွင်ပါ ရရှိ စေရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်ပ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ မိတ်ဖက် အော်ပရေတာပေါင်း ၁၈၂ ခု ကို သုံးစွဲသူများသည် တယ်လီနော၏ မြန်မာနိုင်ငံရှိ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor