Press Release

အသက်သာဆုံးနှုန်းထားနှင့့် ပြည်ပနိုင်ငံများသို့ဖုန်းခေါ်ဆိုနိုင်သောအစီအစဉ် စတင်

03 August, 2017 - Yangon

  • ‘Happy Hour’ အစီအစဉ်ဖြင့် ပြည်ပသို့ဖုန်းခေါ်ဆိုပါကတစ်မိနစ် ၅၀ ကျပ်သာကျသင့်မည်ဖြစ်
  • ပုံမှန်ထက် ၈၈ ရာခိုင်နှုန်းအထိဈေးနှုန်းသက်သာမည်ဖြစ်

 မြန်မာနိုင်ငံရှိသုံးစွဲသူများအနေနှင့် အာရှ-ပစိဖိတ်ဒေသမှ ၈ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံသို့ အသက်သာဆုံးနှုန်းထားနှင့် ခေါ်ဆိုနိုင်မည့် အထူးပရိုမိုးရှင်းအစီအစဉ် တစ်ရပ်ကိုတယ်လီနောမြန်မာကယနေ့ စတင်မိတ်ဆက်လိုက်ပါသည်။

ယခုနောက်ဆုံးမိတ်ဆက်လိုက်သည့် ပရိုမိုးရှင်းအစီအစဉ်အားအသုံးပြု၍ မြန်မာနိုင်ငံမှ တယ်လီနောသုံးစွဲသူများသည် တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ၾသစတေးလျနှင့် ဟောင်ကောင်နိုင်ငံများရှိသူငယ်ချင်းများနှင့် မိသားစုများထံသို့ တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်းထားနှင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ယင်းနှုန်းထားသည် Happy Hour အချိန်ဖြစ်သော ည ၁၀ နာရီမှ နံနက် ၇ အတွင်းခေါ်ဆိုမှုများအတွက် အကျုံး၀င်မည် ဖြစ်ပါသည်။

ယခုပရိုမိုးရှင်းနှုန်းထားသည် အခွန်နှုန်းပါဝင်ခြင်းမရှိသေးပဲကြိုတင်ငွေဖြည့်သုံးစွဲသူများ (prepaid) နှင့် အသုံးပြုပြီးမှ ငွေပေးသွင်းသုံးစွဲသူ(Postpaid) အားလုံးရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ပြည်ပသို့ ပုံမှန်ဖုန်းခေါ်ဆိုမှု နှုန်းထားများမှာဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ နှင့် စင်ကာပူနိုင်ငံများသို့ ခေါ်ဆိုမည် ဆိုပါကတစ်မိနစ်လျှင် ၂၀၀ ကျပ်ကျသင့်မည် ဖြစ်ပြီးၾသစတေးလျ၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆိုမည် ဆိုပါကတစ်မိနစ်လျှင် ၄၀၀ ကျပ်ကျသင့်ပါသည်။ အသုံးပြုသူများသည် တယ်လီနော၏ ‘Happy Hour’ ပရိုမိုးရှင်းအစီအစဉ်နှင့် ပြည်ပသို့ ဖုန်းခေါ်ဆိုပါက ၈၈ ရာခိုင်နှုန်းအထိသက်သာသော နှုန်းထားနှင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

“ဒီပရိုမိုးရှင်းအစီအစဉ်ဟာ မြန်မာနိုင်ငံကအသုံးပြုသူတွေကိုအဆန်းသစ်ဆုံးနဲ့ ဈေးနှုန်းအသက်သာဆုံးဖုန်းခေါ်ဆိုနိုင်တဲ့ ဝန်ဆောင်မှုတွေကိုပေးအပ်နိုင်ဖို့ဆိုတဲ့ တယ်လီနောရဲ့ ရည်သန်ချက်ကိုနောက်ထပ်တစ်ခါ သက်သေပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအထူးပရိုးမိုးရှင်းအစီအစဉ်ဟာတစ်ကယ့်ကိုရိုးရှင်းလွယ်ကူပြီးအသုံးပြုသူတွေအနေနဲ့လည်းဒီအစီအစဉ် ကိုစာရင်းထပ်မံပေးသွင်းဖို့ မလိုအပ်ပဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးသက်သာတဲ့ ပြည်ပဖုန်းခေါ်ဆိုမှု အစီအစဉ်တွေကိုယခင်ကလည်းမိတ်ဆက်ထားပြီးဖြစ်ပြီးတယ်လီနောအနေနဲ့ ပိုမိုဆန်းသစ်တဲ့ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကိုအသုံးပြုသူတွေဆီဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

ယခု ၉ နိုင်ငံသို့အပြင် တယ်လီနောမြန်မာသည် ပြီးခဲ့သည့်ဇွန်လမှစတင်ကာထိုင်းနှင့် မလေးရှားနိုင်ငံသို့ ပြည်တွင်းဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် ခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ခုကိုလည်းပေးအပ်လျက်ရှိသည်။ ထိုပရိုမိုးရှင်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ အသုံးပြုသူများသည် ထိုင်းနိုင်ငံရှိdtac နှင့် မလေးရှားနိုင်ငံရှိ Digi သုံးစွဲသူများထံသို့ ပြည်တွင်းဖုန်းခေါ်ဆိုမှု နှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်သည့် မြန်မာနိုင်ငံသားများအတွက် တစ်ကြိမ်စာရင်းပေးသွင်းခ ၅၀၀ ကျပ်ကျသင့်ပြီး ၂၄ နာရီကြာအသုံးပြုနိုင်မည် ဖြစ်သည့် အထူးဝန်ဆောင်မှုတစ်ခုကိုလည်းတယ်လီနောမှ ပေးအပ်လျက်ရှိပါသည်။


တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

ပိုမိုများပြားလာသည့် တယ်လီနောဆင်းကတ် အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဘက် မိုဘိုင်းအော်ပရေတာများနှင့် အတူတယ်လီနောသည် ၎င်း၏ အသုံးပြုသူများခရီးသွားလာနေစဉ်နှင့် နိုင်ငံတွင်းမှလည်းအခြား နိုင်ငံများရှိ မိသားစုများ၊ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်၍ လွယ်ကူသက်သာသောဝန်ဆောင်မှု များကိုပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနောသုံးစွဲသူများသည် နိုင်ငံပေါင်း ၁၁၀ နိုင်ငံရှိမိတ်ဘက်ပေါင်း ၁၃၈ ခု၏ ကွန်ရက်ကိုယင်းနိုင်ငံများသို့ ရောက်ရှိပါကချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်သည်။ တယ်လီနော၏ 4G roaming ၀န်ဆောင်မှုကိုလည်း ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများတွင် ရရှိနေပြီ ဖြစ်ပြီးအခြားနိုင်ငံများတွင်ပါ ရရှိစေရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်ပ နိုင်ငံပေါင်း၁၁၇ နိုင်ငံမှ မိတ်ဖက် ပေါင်း၁၈၁ခုကိုသုံးစွဲသူများသည် တယ်လီနော၏ မြန်မာနိုင်ငံရှိကွန်ရက်ကိုချိတ်ဆက် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor