Press Release

အရေးပေါ်ရေဘေးကယ်ဆယ်ရေးအတွက်တယ်လီနောမြန်မာမှ ပထမဆုံးဦးဆောင်လှုပ်ရှား

23 July, 2019 - Yangon

  • ယခုနှစ် မုတ်သုံရာသီတွင် ရေဘေးသင့် ပြည်သူများအားကူညီမှုထောက်ပံ့မှုများပေးရာတွင် တယ်လီနောမြန်မာမှ ပထမဆုံးဦးဆောင်လှုပ်ရှား
  • ရေဘေးရှောင်စခန်းများတွင်ခေတ္တတိမ်းရှောင်လျက်ရှိသောရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် ကချင်ပြည်နယ်ရှိရွာပေါင်း ၂၁ ရွာမှ ပြည်သူများအားရေနှင့်အခြားအသက်ကယ်စားသောက်ကုန်များကိုကူညီထောက်ပံ့ပေး

တယ်လီနောမြန်မာသည်ကနဦးကူညီထောက်ပံ့မှုအနေဖြင့် ကချင်ပြည်နယ် ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့် ဒေသခံများအတွက်မြန်မာကျပ်ငွေ ၁၇ သန်းကျော် ကို ၎င်း၏မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Network Activities Group (NAG) သို့ ယနေ့တွင် အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့သည်။ အခြေခံစားသောက်ကုန်များဖြစ်သောရေ၊ ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ကိုဗန်းမော်မြို့နယ်အတွင်းရှိရွာပေါင်း ၂၁ ရွာမှ ပြည်သူ ၂၅၀၀ ကျော်တို့အားထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ တယ်လီနောမြန်မာသည် ယခုနှစ်မုတ်သုံရာသီတွင် ရေဘေးသင့် ပြည်သူများအားကူညီထောက်ပံ့ရာတွင်အဓိကအခန်းကဏ္ဍမှနေ၍ပထမဆုံးဦးဆောင်လှုပ်ရှားသော တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်သည်။

ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင်တည်ရှိသောဗန်းမော်ခရိုင်သည် မကြာမီရက်သတ္တပတ်များအတွင်းက သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့်ကချင်ပြည်နယ်အတွင်းရှိရေကြီးမှုဒဏ်ကိုဆိုးရွားစွာရင်ဆိုင်ခံစားရသောခရိုင်များအနက်မှတစ်ခုဖြစ်သည်။ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့်ပြည်တွင်း၊ပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)ဦးဆောင်သောအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့များသည်အစားအသောက်များကိုဖြန့်ဖြူးပေးလျက်ရှိသော်လည်းရေဘေးရှောင်စခန်းများသို့ထပ်မံရောက်ရှိလာသောရေဘေးသင့်ပြည်သူများကြောင့်အခြေခံစားသောက်ကုန်များထပ်မံလိုအပ်လျက်ရှိသည်။

“ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ ရွာအတော်များများဟာမုတ်သုံရာသီမှာမိုးသည်းသည်းထန်ထန်ရွာသွန်းမှုတွေကြောင့် ရေကြီးနိုင်တဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ သူတို့တွေကိုအရေးကြုံလာတဲ့အခါစားသောက်နိုင်အောင် အခြေခံစားသောက်ကုန်တွေ တတ်နိုင်သမျှမြန်မြန် ရရှိစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အကူအညီ၊အထောက်အပံ့တွေကိုကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျန်တဲ့နေရာတွေကိုလည်းလိုအပ်ရင်လိုအပ်သလို ဖြန့်ကြက်သွားပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ တယ်လီနောမြန်မာကစီးပွားရေးအရရင်းနှီးမြှုပ်နှံမှုများအပြင် မြန်မာပြည်သူတွေရဲ့လူမှုရေးလိုအပ်ချက်တွေကိုအကောင်းဆုံးလုပ်ဆောင်ပေးသွားဖို့သန္နိဋ္ဌာန်ခိုင်ခိုင်မာမာချထားပါတယ်။ အခုလို ကျွန်တော်တို့ရဲ့ တစ်တပ်တအားကူညီအားဖြည့်ပေးမှုဟာသဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နေကြရသူတွေအတွက် ပြန်လည်နလန်ထူနိုင်ဖို့ အထောက်အပံ့ကောင်းတွေဖြစ်မယ်လို့ယုံကြည်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုနှင့် အထူးလုပ်ငန်းတာဝန်များဆိုင်ရာကဏ္ဍတာဝန်ခံဦးမင်းသူကပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး(UNOCHA) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းစသည့်ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ရေကြီးရေလျှံ၍ နေအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေသည် ခန့်မှန်းခြေ ၄၅,၀၀၀ ကျော်ရှိပြီးထိုအထဲတွင် ကချင်ပြည်နယ်သည် နေအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၂၂,၀၀၀ ကျော်နှင့် အဆိုးရွားဆုံးခံစားရလျက်ရှိသည်။

တာဝန်သိအဖွဲ့အစည်းဖြစ်သည်နှင့်အညီတယ်လီနောမြန်မာသည် အရေးပေါ်ကူညီကယ်ဆယ်ရေးအထောက်အပံ့များကိုရေဘေးသင့်ဒေသများသို့ ၂၀၁၅ ခုနှစ်မှစ၍ ယနေ့ထက်ထိတိုင်အောင် လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်ရှိသည်။ ၂၀၁၈ ခုနှစ်ထိတယ်လီနောသည် မြန်မာကျပ်ငွေ ၁၀၄၂ သန်းကျော်ကို မြန်မာနိုင်ငံအတွင်းရှိသဘာဝဘေးအန္တရာယ်ကျရောက်နေသောဒေသများသို့ ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုသို့ ဘေးအန္တရာယ်ကျရောက်သောလူ့အဖွဲ့အစည်းများသို့ သွားရောက်ကူညီသောတယ်လီနော၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် ၎င်းကုမ္ပဏီ၏လူမှုအကျိုးပြုအစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိစဉ်မှစ၍ တယ်လီနောမြန်မာ၏ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီများသည် မကွေး၊ မန္တလေး၊ ပဲခူးစသည့် ဒေသကြီးများအတွင်းရှိပြည်သူပေါင်း၁၈၄,၀၀၀ ကျော်ကိုကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။ထိုကူညီထောက်ပံ့မှုများအထဲတွင် ရေနံချောင်း၊ မကွေး၊ ရေစကြို၊ စလင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ညောင်ဦး၊ အမရပူရ၊ တံတားဦး၊ မင်းဘူး၊ ကဝစသည့် မြို့နယ်များပါဝင်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင်နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့်အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာသည်နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၉သန်းကျော်ထံသို့၎င်း၏2G၊3G နှင့်4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီးစကင်ဒီ နေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၈သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာ ဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share