06 May, 2019 - Yangon
ယခုနှစ် မေလ ၁၂ ရက်နေ့တွင် ကျရောက်မည့် အမေများနေ့ အထိမ်းအမှတ် အဖြစ် တယ်လီနောမြန်မာ၏ စတားအဆင့်ရသုံးစွဲသူများအားလုံးအတွက် အထူးအကျိုးခံစားခွင့် အစီအစဉ်များအား စီစဉ်ထားရှိရာ သုံးစွဲသူများအနေဖြင့် ၎င်းတို့၏မိခင်များအား ချစ်ခင်မြတ်နိုးမှု၊ လေးစားတန်ဖိုးထားမှုများကို အဆိုပါ အစီအစဉ်များဖြင့် ပြသသွားနိုင်မည် ဖြစ်သည်။ မေလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း တယ်လီနော စတားအဆင့်ရ အသုံးပြုသူများအားလုံးသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပြည်၊ မုံရွာ၊ ပဲခူး နှင့် ပြည် အစရှိသည့် မြို့ကြီး ၈ မြို့ရှိ SML Medical & Diagnostic Centre ၏ စင်တာခွဲပေါင်း ၁၄ ခုတွင် Special Women Health Check package ကျန်းမာရေး စစ်ဆေးမှုအစီအစဉ်အား ၂၀% လျှော့စျေးဖြင့် ရယူခံစားနိုင်မည့်အပြင် အခြားမည်သည့် ထပ်ဆောင်း ကျန်းမာရေး စစ်ဆေးမှုအတွက်မဆို နောက်ထပ် ၁၀% လျှော့စျေးခံစားခွင့်ကိုလည်း ထပ်မံ ရရှိသွားမည် ဖြစ်သည်။
အလားတူပင် အမေများနေ့ အထိမ်းအမှတ်တွင် တယ်လီနော၏ စတားအဆင့်ရ အသုံးပြုသူများအနေဖြင့် အောက်ပါ အထူး အကျိုးခံစားခွင့်များကိုလည်း ထပ်မံ ရယူသွားနိုင်မည် ဖြစ်သည်။
“မိခင်တွေဟာ သူတို့ရဲ့ရင်သွေးတွေကို ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ၊ ကရုဏာတွေနဲ့ ပြုစုပျိုးထောင်ပေးနိုင်ဖို့ အတွက်ပဲ သူတို့ရဲ့ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံထားကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဘဝမှာ အထင်ရှားဆုံးနဲ့ အရေးအပါဆုံး လူသားတွေလို့ သတ်မှတ်နိုင်ပါတယ်။ အခုလို အမေများနေ့မှာဆိုရင် အားလုံးဟာ မိခင်တွေကို ခါတိုင်းထက်ပိုပြီး သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသသွားဖို့ လိုလားကြတာဆိုတာကို ကျွန်တော်တို့ သိရှိထားတဲ့ အတွက် အခုနှစ် အမေများနေ့အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အကျော်ကြားဆုံး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလှအပရေးရာ ပြုပြင်ထိန်းသိမ်းမှုစင်တာတွေနဲ့ ပူးပေါင်းခဲ့ပြီး အခုလိုအထူး အကျိုး ခံစားခွင့် အများအပြားကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မိခင်တွေကို အမြဲတမ်းကျန်းမာပျော်ရွှင်နေစေ လိုတာဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးဆန္ဒဖြစ်တဲ့အတွက် တယ်လီနောစတားတွေဟာ အခုပေးအပ်ခဲ့တဲ့ အထူးအကျိုးခံစား ခွင့်တွေကို အသုံးပြုပြီး သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ၊ လေးစားတန်ဖိုးထားမှုတွေကို မိခင်တွေကို ကိုယ်တိုင်ကိုယ်ကျ ပြသသွားနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။
အမေများနေ့သည် လူ့အဖွဲ့အစည်းအတွင်းမှ မိခင်များ၏ အရေးပါအရာရောက်မှု၊ လွှမ်းမိုးနိုင်စွမ်းရှိမှုတို့အား ဂုဏ်ပြု သောအားဖြင့် ကျင်းပသော အထင်ကရနေ့တစ်နေ့ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နေရာဒေသအသီးသီးတွင် အမေများနေ့အား ကျင်းပသည့်နေ့ရက်သည် ကွဲပြားလေ့ရှိကြပြီး အများအားဖြင့် မတ်လနှင့် မေလများတွင် ကျင်းပ လေ့ ရှိကြသည်။ ပုံမှန်အားဖြင့် အမေများနေ့တွင် မိမိတို့၏ မိခင်များအား ပန်းစည်းများ၊ အမှတ်တရ ပိုစ့်ကတ်များနှင့် အခြားလက်ဆောင်များ ပေးအပ်၍ ချစ်ခင်လေးစားကြောင်း ပြသလေ့ရှိကြသည်။
တယ်လီနောစတား အစီအစဉ်သည် တယ်လီနော၏ဝန်ဆောင်မှုများအား ရေရှည်သုံးစွဲခဲ့ကြသည့် သုံးစွဲသူများအား အသိအမှတ်ပြု ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်ဖြစ်သည်။ တယ်လီနောသုံးစွဲသူတိုင်းသည် သတ်မှတ်ထားသည့် ငွေဖြည့်ပမာဏနှင့် တယ်လီနောဆင်းမ်ကတ် သုံးစွဲခဲ့သည့် သက်တမ်းကာလတို့အပေါ်မူတည်ကာ တယ်လီနောစတား အဆင့်ရသုံးစွဲသူအဖြစ် အလိုအလျောက် သတ်မှတ်ခံရနိုင်ပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်/ဆိုင်ခွဲပေါင်း ၃၀၀ ကျော်တွင် အထူးခံစားခွင့်များရယူနိုင်ခြင်း၊ ပုံမှန်ထက် ၃ ဆ ပိုမိုသည့် ကြိုသုံးငွေ ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ ဦးစားပေး ဝန်ဆောင်မှုများ ရယူနိုင်ခြင်းနှင့် postpaid ၀န်ဆောင်မှုများအား ခံစားနိုင်ခြင်း စသည့် အကျိုးခံစားခွင့်များ ရရှိနိုင်မည် ဖြစ်သည်။ တယ်လီနောဆင်းမ်ကတ် သုံးစွဲခဲ့သည့် သက်တမ်းကာလနှင့် ပျှမ်းမျှငွေဖြည့်ပမာဏတို့အပေါ် မူတည်ကာ Silver အဆင့်၊ Gold အဆင့်နှင့် Platinum အဆင့်အသီးသီး သတ်မှတ်ပေးထားသည်။ စတားအစီအစဉ်နှင့် ပတ်သက် သည့် အသေးစိတ် အချက်အလက်များအား https://www.telenor.com.mm/my/personal/telenor-star တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။.
မီဒီယာများ ဆက်သွယ်ရန်
ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ
ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ