Press Release

အဆင့်မြှင့်ထားသောကျန်းမာရေးဆိုင်ရာမိုဘိုင်း App ကို ေး လံသည့် ဒေသများတွင်မိတ်ဆက်

13 March, 2017 - Yangon

  • အဆင့်မြှင့်ထားသောဗားရှင်းကိုချင်းပြည်နယ်ရှိကျန်းမာရေးအခြေခံအဆောက်အအုံများနှင့် အချက်အလက် ရယူရန်ကန့်သတ်ချက်များရှိနေသူများအတွက်မိတ်ဆက်ပေးခဲ့

 ၀န်ဆောင်မှုများ ရရှိရန်ခက်ခဲသည့် ဒေသများရှိ ပြည်သူများအနေဖြင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ အကြံဉာဏ် များကိုအလွယ်တကူရရှိနိုင်စေရန် ထပ်လောင်းကြိုးပမ်းမှုအဖြစ် တယ်လီနော၏ နောက်ဆုံးထုတ် ကျန်းမာရေးဆိုင်ရာ မိုဘိုင်းအပလီကေးရှင်း ‘Mate’ ကို ေးလံသည့် ဒေသများတွင် နေထိုင်သူများအတွက် စတင်မိတ်ဆက်ပေးလျက်ရှိပါသည်။ ယင်းအပလီကေးရှင်းကိုမာရီစတုပ်စ် - မြန်မာနှင့်ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။

“ကျေးရွာတွေနဲ့ တောတောင်ထူထပ်တဲ့ ဒေသတွေမှာနေထိုင်သူတွေအတွက် ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ ရယူသုံးစွဲဖိုရာစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အဲ့ဒီလိုအခက်အခဲတွေကြုံနေရတဲ့သူတွေ အိမ်ထောင်စုတွေအတွက်တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေဖို့ အခုအပလီကေးရှင်းကိုမိတ်ဆက်ပေးရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ တယ်လီနောရဲ့ မိုဘိုင်းကွန်ရက်ဟာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေ အားလုံးကိုလွှမ်းခြုံပြီး ဖြစ်လို့ ကျေးလက်နဲ့ ေးလံတဲ့ဒေသတွေမှာ နေထိုင်သူတွေပါ အခုအပလီကေးရှင်းကိုအလွယ်တကူရယူအသုံးပြုနိုင်မှာပါ။ လက်ရှိမှာဒေါင်းလုတ်ပြုလုပ်ထားမှု၆၀၀၀၀ကျော်ရှိနေပြီ ဖြစ်ပြီးရယူသုံးစွဲမှု ဒီထက်ပိုမို များပြားလာမယ်လို့ မျှော်လင့်ထားပါတယ်”ဟုတယ်လီနောမြန်မာ၏ Business Sustainability တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ ၅၂သန်းနီးပါး၏ ၇၀ ရာခိုင်နှုန်းခန့်မှာကျေးလက်ဒေသများတွင် နေထိုင်ကြပြီးယင်းတို့အနက်အများစုမှာ ကျန်းမာရေး၀န်ဆောင်မှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကိုရယူရန် အခက်အခဲရှိကြပါသည်။ မြန်မာနိုင်ငံ၏ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အချိုး(လူဦးရေတစ်ထောင်အတွက် အချိုး)မှာလည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံညွှန်း ဖြစ်သော ၂.၃ ဦးအောက်သာရှိနေပါသေးသည်။ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ချက်ဖြင့် ကိုယ်၀န်ဆောင်များ၊ မိခင်များ အပါအ၀င် လူတိုင်းအတွက် ကျန်းမာရေးဆိုင်ရာ အကြဉာဏ် များကိုပေးအပ်နိုင်ရန် တယ်လီနောနှင့် မာရီစတုပ်စ် - မြန်မာတို့က ရည်ရွယ် ထားပါသည်။

ယခုအပလီကေးရှင်းကို ဖေဖော်ါရီလနှောင်းပိုင်းကချင်းပြည်နယ်တွင် ကျင်းပခဲ့သောချင်းပြည်နယ်နေ့ အခမ်းအနားအတွင်းမိတ်ဆက်ပေးခဲ့ပြီးသုံးစွဲသူ ၂၅၀ ကျော်ကိုယင်းတို့၏ မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ကူညီပေးခဲ့ပါသည်။

 

Mate အပလီကေးရှင်းကို မြန်မာနိုင်ငံတွင် မေလ ၂၀၁၅ ခုနှစ်ကစတင်မိတ်ဆက်ထားခြင်းဖြစ်ပြီးအဆင့်မြှင့်ထားသောဗားရှင်းကိုမေလ ၂၀၁၆ ခုနှစ်ကထပ်မံမိတ်ဆက်ခဲ့သည်။ ယင်းအပလီကေးရှင်းသည် ကျေးလက်ဒေသများရှိလူငယ်များ၊ ကိုယ်၀န်ဆောင်မိခင် များနှင့် မိသားစုများအတွက် မရှိမဖြစ်လိုအပ်သောကျန်းမာရေးအစောင့်အရှောက်ဆိုင်ရာအချက် အလက်များပါရှိပါသည်။ နောက်ဆုံးထုတ် ဗားရှင်းကိုသုံးစွဲသူများပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် အဆင့်မြှင့်ထားပြီးကျန်းမာရေးဆိုင်ရာ နောက်ဆုံးရသတင်းများလည်းပါရှိပြီး ကျန်းမာရေးဆိုင်ရာ အကြံဉာဏ် များတောင်းခံနိုင်မည့် အရေးပေါ် ဖုန်းလိုင်းကိုပါ တိုက်ရိုက်ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

“Mateအပလီကေးရှင်းမှာမိခင်နဲ့ကလေးကျန်းမာရေးအပါအဝင်တခြားလိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့အတွက်အမျိုးသားတွေအတွက်ရော၊အမျိုးသမီးတွေအတွက်ပါအရမ်းကိုအသုံးဝင်တဲ့အပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။အသုံးပြုသူတွေရဲ့ကျန်းမာရေးဆိုင်ရာအသိပညာ၊ဗဟုသုတတွေကိုထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင်မှားယွင်းနေတဲ့အယူအဆတွေကိုလဲ ပြန်လည်တည့်မတ်ပေးဖို့ရည်ရွယ်ထားပါတယ်။အထူးသဖြင့်အမျိုးသမီးတွေအတွက်အရမ်းအဖိုးတန်တဲ့ကျန်းမာရေးဗဟုသုတအရင်းအမြစ်တစ်ခု ဖြစ်လာဖို့မျှော်လင့်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ဒီအပလီကေးရှင်းကို မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း (၃၇) မြို့နယ်မှာမိတ်ဆက်ပေးခဲ့ပြီးဖြစ်တဲ့အပြင် မြို့ပေါ်မှာသာမကကျေးရွာ၊ရပ်ကွက်တွေအထိပါကွင်းဆင်းလုပ်သားတွေနဲ့လိုက်လံရှင်းလင်းပြသထည့်သွင်းပေးနေပါတယ်။”လို့မာရီစတုပ်စ် - မြန်မာမှmHealth Coordinator ဒေါက်တာခွန်သီဟကပြောကြားသည်။

Mate အပလီကေးရှင်းသည် တယ်လီနောက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသောလူမှုအကျိုးပြုဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။အခြားဆောင်ရွက်ချက်များမှာဒစ်ဂျစ်တယ် အသိပညာတိုးပွားပြန့်ပွားစေရေးအတွက် အလင်းအိမ်အိုင်စီတီနည်းပညာဖွံ့ဖြိုးရေးစင်တာများတည်ထောင်ခြင်း၊လူအများအင်တာနက်ကိုဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်စေရေးအတွက် ‘အားလုံးအတွက် ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု’ အစီအစဉ်၊ အခွင့်အလမ်းနည်းပါးသောလူငယ်များအတွက် ကျောင်းသင်ခန်းစာပြင်ပပညာရေးသင်ကြားပေးနေသော မြန်မာရွှေ့လျားပညာသင်ကြားရေးစီမံကိန်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာသူများကိုလူသားခြင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအကူအညီများထောက်ပံ့ပေးအပ်သည့် အစီအစဉ်နှင့် လူမှုအကျိုးစီးပွားဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကိုထောက်ပံ့လှုဒါန်းရန် အထောက်အကူဖြစ် စေသည့် အထူးနံပါတ်လေလံပွဲများကျင်းပပြုလုပ်လျက် အကျိုးအမြတ်များကိုလှုဒါန်းပေးခြင်းစသည်တို့ပါ၀င်ပါသည်။

Mate ကို http://bit.ly/matemm တွင် တိုက်ရိုက်အခမဲ့ ရယူနိုင်ပါသည်။

 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor