Press Release

အင်တာနက်အသုံးပြုရာတွင် အထောက်အကူဖြစ်စေရန် လွယ်ကူပြီး အပန်းပြေစေ မည့် အခန်းဆက် web-TV ဇာတ်လမ်းတွဲအား တယ်လီနော မိတ်ဆက်

05 December, 2018 - Yangon

  • ဤ အပိုင်း ၃၀ ပါ အခန်းဆက်ဇာတ်လမ်းတွဲမှတဆင့် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်း၏ အကျိုးကျေးဇူးများ၊ မိုဘိုင်းဖုန်း အသုံးပြုနည်းနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မည့်နည်းလမ်းများအား ပြည်သူများထံ မျှဝေပေး သွားရန် ရည်ရွယ်

တယ်လီနောက စီစဉ်တင်ဆက်သည့် “အိပ်မက်တွေဆီ အရောက်သွားစို့” အမည်ရှိ ဒစ်ဂျစ်တယ်နည်းပညာသင်ကြားရေး ဇာတ်လမ်းတွဲအား တယ်လီနောမြန်မာရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ စတင် မိတ်ဆက်ခဲ့သည်။ Myan ICT for Development Organization (MIDO) နှင့် ပူးပေါင်းရိုက်ကူးသည့် ဤဇာတ်လမ်းတွဲသည် မြို့ပြနှင့်ကျေးလက်ရှိ ပြည်သူများအား မိုဘိုင်းဖုန်းအသုံးပြု၍ အခြေခံ ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုသင်တန်းများ ပေးအပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် တယ်လီနော၏ လူမှုအကျိုးပြုစီမံကိန်းတစ်ခုဖြစ်သည့် အလင်းအိမ် စီမံကိန်းများ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အဓိက သရုပ်ဆောင်များအဖြစ် ဒေါင်းဝေ၊ William ထွန်း (Project K) နှင့် မိုးပွင့်ဖြူတို့ ပါဝင်ပြီး အခြားသော သရုပ်ဆောင်ပေါင်း များစွာ ပါဝင်သရုပ်ဆောင်ထားသည့် “အိပ်မက်တွေဆီ အရောက်သွားစို့” ဒစ်ဂျစ်တယ် နည်းပညာ သင်ကြားရေး ဇာတ်လမ်းတွဲသည် ရည်ရွယ်ချက်များဆီသို့ လျှောက်လှမ်းနေသည့် ကျေးလက်ဒေသမှ လူငယ်သုံးဦး အကြောင်းကို ဇာတ်အိမ်တည်ကာ တယ်လီနော၏ အလင်းအိမ်စင်တာများတွင် ပုံမှန်သင်ကြားပြသနေသော ဒစ်ဂျစ်တယ်နည်းပညာသင်ခန်းစာများဖြစ်သည့် မိုဘိုင်းဖုန်းအသုံးပြုနည်းနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မည့် နည်းလမ်းများကို ပေါင်းစပ်၍ စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားသည်။

ဒါရိုက်တာ ဧဒင်က တာဝန်ယူရိုက်ကူးသည့် အခန်းဆက် ဇာတ်လမ်းတွဲအပိုင်း ၃၀ အား တယ်လီနောမြန်မာ၏ တရားဝင် Facebook စာမျက်နှာတွင် ပုံမှန်ပြသသွားမည်ဖြစ်သည်။ အပိုင်း ၁ ပိုင်းသည် ၅ မိနစ်မျှ ကြာမြင့်ပြီး အင်တာနက် အသုံးပြုရာတွင် လူအများ ဂရုပြုသင့်သည့် အမျိုးမျိုးသော စိန်ခေါ်မှုများအား လွယ်ကူစွာ နားလည်နိုင်ပြီး တချိန်တည်းတွင် အပန်းဖြေကြည့်ရှုခံစားနိုင်မည့် ပုံစံမျိုးဖြင့် တင်ဆက်သွားမည်ဖြစ်သည်။ ပထမဆုံးအပိုင်းကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် တယ်လီနောမြန်မာ Facebook တွင် စတင်ပြသခဲ့ပြီး ယနေ့အချိန်ထိ အပိုင်း ၅ ပိုင်းကို ပြသခဲ့ပြီးဖြစ်သည်။ ဇာတ်လမ်းတွဲများအား တယ်လီနောမြန်မာ၏ YouTube စာမျက်နှာနှင့် WowBox တို့တွင်လည်း တင်ဆက်ထားမည်ဖြစ်၍ ကြည့်ရှုလိုသူများအနေဖြင့် ဤပညာပေးဇာတ်လမ်းတွဲအား အချိန်မရွေး ကြည့်ရှုနိုင်မည် ဖြစ်သည်။

  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education
  • telenor_myanmar_education

“ကျေးလက်ဒေသမှာဖြစ်ဖြစ်၊ မြို့ပြမှာဖြစ်ဖြစ် မြန်မာလူမျိုးတွေက ဇာတ်လမ်းတွဲတွေ ကြည့်ရှုရတာကို အလွန် ကြိုက်နှစ်သက်ကြတယ်ဆိုတော့ အရေးပါလှတဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ ဗဟုသုတတွေကို ဇာတ်လမ်းတွဲတွေ ကနေတဆင့် အခုလို ဖြန့်ဝေပေးတာက အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ ဖျော်ဖြေရေးကဏ္ဍရဲ့ စွမ်းအား ကို အသုံးချပြီး အားလုံးအတွက် အကျိုးရှိစေမယ့် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လက်တစ်ကမ်းမှာ ပဲ လွယ်လွယ်ကူကူ ရယူကြည့်ရှုသွားနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများအား ပိုမိုတိုးတက်လာစေရန်ဟူသည့် အချက်သည် တယ်လီနော ဆောင်ရွက်နေသော လူမှုအကျိုးပြုလုပ်ငန်းများ၏ အဓိက ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ်အား ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောသည် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှုအား လျှော့ချနိုင်ရန် “အားလုံးအတွက် အင်တာနက်” ခေါင်းစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများ အပါအဝင် အခြားသော စီမံကိန်းများစွာကို ဆောင်ရွက်လျက် ရှိသည်။

တယ်လီနောမြန်မာသည် မကြာသေးမီက မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀,၀၀၀ ကို ကွန်ပြူတာအခြေခံကျွမ်းကျင်မှုနှင့် ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုခြင်းဆိုင်ရာအချက်များအား သင်ကြားပေး နိုင်ရန် ရည်ရွယ်ထားသည့် ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများအား စတင်ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အဖြစ် တယ်လီနောမြန်မာသည် ၎င်း၏ အကြီးမားဆုံးသော ‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၉,၀၀၀ နီးပါးအား ပညာရေးနှင့် ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အွန်လိုင်းပေါ်တွင် လုံခြုံစိတ်ချစွာနေထိုင်နိုင်မည့် နည်းလမ်းများအား အဓိကထား ဆွေးနွေးခဲ့သည့် အပြင် ကလေးငယ်များ အင်တာနက်ကို လုံခြုံစွာသုံးစွဲနိုင်စေမည့် အသိပညာများအား ဟောပြောတင်ပြခဲ့သည်။ အစီအစဉ်အား စတင်ဆောင်ရွက်ချိန်မှစ၍ ယနေ့အထိ တယ်လီနောမြန်မာသည် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၃၀,၀၀၀ ကျော်အား အခြေခံဒစ်ဂျစ်တယ်နည်းပညာနှင့် ဘေးကင်းသောအင်တာနက် အသုံးပြုပုံတို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor