အင်တာနက်ဒေတာအသုံးပြုမှု အားကောင်းလာသည့်မြန်မာ -နှစ်သစ်ကူးကာလအတွင်းတယ်လီနောအသုံးပြုသူများလူမှုကွန်ရက်မှတဆင့် ဖုန်းခေါ်ဆိုခြင်း(VoIP)အသုံးပြုမှုသိသိသာသာတိုးမြင့်လာ

02 January, 2020 - Yangon

  • နှစ်သစ်ကူးကာလတွင် တယ်လီနော၏ အင်တာနက်မှတဆင့် ဖုန်းခေါ်ဆိုခြင်း (VoIP)၊ လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်ကြည့်ရှုခြင်း(SNS) နှင့် အွန်လိုင်းအခြေပြုစာတိုပေးပို့ခြင်း (IM) အသုံးပြုမှုများသိသိသာသာတိုးမြင့်လာ
  • ဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့လက်ခံမှုအသုံးပြုနှုန်းသည် နှစ်သစ်ကူးကာလ၏သုံးစွဲမှုအမြင့်ဆုံးအချိန်များတွင် ပုံမှန်နေ့စဉ်သုံးစွဲနှုန်းထက် ၃၄၀% နှင့် ၃၆၀% အသီးသီးပိုမိုမြင့်တက်ခဲ့

တယ်လီနောမြန်မာ၏ ဆန်းစစ်လေ့လာချက်များအရ နှစ်သစ်ကူးကာလ၏ သုံးစွဲမှုအမြင့်ဆုံးအချိန်ဖြစ်သော ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ ည (၉)နာရီမှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ နံနက် (၂)နာရီကြားတွင် တယ်လီနောြမန်မာကွန်ရက်မှတဆင့် လူမှုကွန်ရက် (Facebook)နှင့် အွန်လိုင်းစာတိုပေးပို့မှုများ (Messenger၊ WhatsApp နှင့် Viber) တွင်အင်တာနက်ဒေတာသုံးစွဲမှုသိသိသာသာမြင့်တက်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ တယ်လီနောအသုံးပြုသူအများစုသည် လူမှုကွန်ယက်မှတဆင့် ဖုန်းခေါ်ဆိုခြင်း (VoIP)နှင့် စာတိုပေးပို့ခြင်း(IM) အများဆုံးအသုံးပြုကြသူကို တွေ့ရှိခဲ့ရပါသည်။

နှစ်သစ်ကူးကာလတွင် အင်တာနက်မှတဆင့် ဖုန်းခေါ်ဆိုခြင်း(Voice over Internet Protocol - VoIP) နှုန်းသည် သိသိသာသာမြင့်တက်လာပြီး အခြား၀န်ဆောင်မှုများဖြစ်သည့် လူမှုကွန်ရက်၀န်ဆောင်မှု(Social Networking Service– SNS) ၊ အွန်လိုင်းစာတိုပေးပို့မှု (Instant Messaging - IM) ၊ Online Streaming ၀န်ဆောင်မှုများဖြစ်သည့် (YouTube၊ Netflix၊ Iflixအစရှိသည့်)နေ့စဥ်ပုံမှန်သုံးစွဲမှုထက် ပိုမိုမြင့်တက်ခဲ့သည်ကိုတွေ့ရှိရပါသည်။

တယ်လီနောအသုံးပြုသူများသည် Facebook၊ Messenger၊ WhatsApp နှင့် Viber စသည့် အက်ပလီကေးရှင်းတို့ကိုအသုံးပြုဿဿဿ၍လူမှုကွန်ရက်ပလက်ဖောင်းမှတဆင့်ရှာဖွေခြင်း၊ တိုက်ရိုက်ကြည့်ရှုခြင်း၊ မျှဝေခြင်း၊ အွန်လိုင်းစာတိုပေးပို့ခြင်းနှင့် အင်တာနက်မှတဆင့် ဖုန်းပြောဆိုခြင်းစသည့်တို့ကို သုံးစွဲရာတွင်ဒေတာအသုံးပြုမှုအများဆုံးဖြစ်ခဲ့သည်။ အသုံးပြုမှုနှုန်းအမြင့်ဆုံးအချိန်များတွင် Facebook ကိုပုံမှန်နေ့စဉ် အသုံးပြုမှုနှုန်းထက် ၆၀% ပိုမိုအသုံးပြုခဲ့ကြပြီး WhatsApp နှင့် Viber ကို ၁၉၀% နှင့် ၁၂၀% အသီးသီးပိုမိုအသုံးပြုခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တယ်လီနောကွန်ရက်ကိုအသုံးပြု၍ စာတိုပေးပို့လက်ခံမှု (SMS)စောင်ရေ ၁.၇ သန်းကျော်ကိုပေးပို့ခဲ့ကြပြီးပုံမှန်နေ့စဉ် အသုံးပြုမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၃၄၀% ကျော် ပိုမိုများပြားခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်မူအနည်းငယ်ကျဆင်းသွားခဲ့သည်ကို တွေ့ရှိခဲ့သည်။

"နှစ်သစ်ကူးအကြိုကာလက ဒေတာအသုံးပြုမှုနှုန်းတွေကိုကြည့်ရင် မြန်မာနိုင်ငံသားတွေကအထူးအချိန်အခါသမယတွေမှာလူမှုကွန်ရက်နဲ့ အွန်လိုင်းစာတိုပေးပို့တာကိုအသုံးပြုပြီးသူတို့ချစ်တဲ့သူတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဒေတာတွေကိုပိုပိုပြီးသုံးလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းပြောဆိုတာနဲ့ စာတိုပေးပို့လက်ခံမှုက ဒီဘက်နှစ်တွေမှာကျဆင်းလာတယ်ဆိုပေမယ့် လူမှုကွန်ရက်ကိုအသုံးပြုပြီးပိုမိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုနဲ့ နှုတ်ဆက်စကားတွေကို မျှဝေတာတွေကအရင်နှစ်တွေကထက် ပိုမိုမြင့်တက်လာပါတယ်။ ၂၀၂၀ ခုနှစ်ကိုကူးပြောင်းလာတာနဲ့အတူတယ်လီနောအနေနဲ့ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်ခရီးလမ်းမှာပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေဖန်တီးပေးနိုင်ဖို့၊ အသုံးပြုသူတွေရဲ့ ဘဝမှာအရေးပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးသွားနိုင်ဖို့ စိတ်လှုပ်ရှားမိပါတယ်" ဟုတယ်လီနောမြန်မာ၏ နည်းပညာရေးရာ အရာရှိချုပ်ဖြစ်သူ Jai Prakash မှ ပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အရွေ့အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ‌‌ကျော် ရင်းနှီးမြှုပ်နှံထားပြီး ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများနှင့် ကွန်ရက်လွှမ်းခြုံမှုများအတွက်လည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အကောင်းဆုံးအရည်အသွေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးချဲ့သွားမည်ဖြစ်သည်။ တယ်လီနောသည် နိုင်ငံအတွင်း အမြန်ဆန်ဆုံးနှင့် အကျယ်ပြန့်ဆုံး 4GSuperLTE+ ကွန်ရက်ကို ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကို စျေးနှုန်းသက်သာပြီး နိုင်ငံသားအားလုံးအသုံးပြုနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။တယ်လီနောသုံးစွဲသူ ၂၁သန်းကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကာ တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင် နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့်အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအားပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့်4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၂ သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန် ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။ တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။

မီဒီယာများဆက်သွယ်ရန်:

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share