Press Release

အကောင်းဆုံး ဒေတာဝန်ဆောင်မှုများ ပါဝင်သည့် ဒေတာစုဘူး ပုံစံသစ်ကို တယ်လီနော မိတ်ဆက်

23 January, 2019 - Yangon

  • ဒေတာစုဘူးအသစ်တွင် 700 MB မှ 15.5 GB အထိ အမျိုးမျိုးသော ဒေတာပမာဏ ရ မျိုးအနက် ကြိုက်နှစ်သက်ရာ အစီအစဉ်ကို ရွေးချယ်သုံးစွဲနိုင်မည်ဖြစ်
  • နဂိုမူလပါဝင်ပြီးသား ဝန်ဆောင်မှုများဖြစ်သည့် ဒေတာအခမဲ့ မျှဝေနိုင်ခြင်း၊ ဒေတာပမာဏများအား အချိန်ကာလ အကန့် အသတ်မရှိ ဆက်လက်သယ်ဆောင်သွားနိုင်ခြင်းနှင့် အခမဲ့ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ဆက်လက်ပေးအပ်သွားမည်

အသုံးပြုသူများ ပိုမိုလွတ်လပ်စွာ ရွေးချယ်နိုင်မည့် ဒေတာ အစီအစဉ် ၇ မျိုးပါဝင်သည့် all-in-one ဒေတာစုဘူး ပုံစံသစ်အား တယ်လီနောမြန်မာက မိတ်ဆက်လိုက်ပြီဖြစ်သည်။ နဂိုမူလ ဒေတာစုဘူး သည် မြန်မာနိုင်ငံရှိ တယ်လီနောမိုဘိုင်းအသုံးပြုသူများအကြားတွင် ရေပန်းအစားဆုံးသော ဒေတာအစီအစဉ် အမျိုးအစား တစ်ခုဖြစ်ခဲ့သည့်အားလျော်စွာ ယခုအချိန်တွင် နိုင်ငံတဝန်းရှိ အသုံးပြုသူအများစု၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန်၊ တယ်လီနော၏ ဈေးနှုန်းအသင့်တင့်ဆုံးနှင့် အဆင်ပြေ လွယ်ကူဆုံး ဝန်ဆောင်မှုများကို စိတ်ကြိုက် ရွေးချယ်နိုင်ရန်အတွက် ဒေတာစုဘူးပုံစံသစ်အား ပြန်လည် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

“အသုံးပြုသူတွေအနေနဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို အရင်ကထက်ပိုပြီး ကြိုက်နှစ်သက်လာကြတယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ တယ်လီနောရဲ့ ဒေတာစုဘူးအစီအစဉ်ဟာဆိုရင် စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစပြီး အခု အချိန်ထိအသုံးပြုသူတွေကြားမှာ လူကြိုက်အများဆုံး အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အခုပြောင်းလဲ မိတ်ဆက်လိုက်တဲ့ ဒေတာစုဘူးပုံစံသစ်မှာဆိုရင် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ပိုမို ကိုက်ညီမှုရှိစေမယ့် အစီအစဉ်တွေ ပါဝင်တာကြောင့် ဒေတာပမာဏအနည်းငယ်သာ အသုံးပြုလေ့ရှိတဲ့ သုံးစွဲသူတွေအတွက်တင်မက ဒေတာပမာဏအများအပြားသုံးစွဲတဲ့သူတွေ အတွက်လည်း ပိုမိုကောင်းမွန်တဲ့ အသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ ၏ စျေးကွက် ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

“အခု အကောင်းမွန်ဆုံးနှုန်းထားနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ ပုံစံသစ်ဒေတာစုဘူးအစီအစဉ်နဲ့အတူ အသုံးပြုသူတွေ အနေနဲ့ ဒေတာပမာဏတွေကို အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက်သယ်ဆောင်သွားနိုင်ခြင်း၊ ဒေတာ အခမဲ့ မျှဝေနိုင်ခြင်း နှင့် အခြားသော စိတ်ဝင်စားစရာ ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို ရယူသွားနိုင်မှာ ဖြစ်တဲ့ အတွက် ပေးရတဲ့ စျေးနှုန်းနဲ့ အထိုက်တန်ဆုံး ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ နောက်ဆုံးပေါ် ဒေတာစုဘူး ပုံစံသစ်ဟာ စျေးနှုန်းသက်သာပြီး အဆင်ပြေချောမွေ့စွာနဲ့ ကျွန်တော်တို့ရဲ့ ဒေတာ ဝန်ဆောင်မှု တွေကို အသုံးပြုသူတွေဆီ ပိုမိုကောင်းမွန်စွာပေးအပ်နိုင်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု Mr. Kumar က ပြောသည်။

ဒေတာစုဘူးပုံစံသစ်သည် ယခင်ဒေတာစုဘူးအစီအစဉ်များနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းအထိ သက်သာပြီး ယခင်က ဒေတာပမာဏ 11 GB လျှင် ကျပ်ငွေ ၁၇,၇၄၉ သတ်မှတ်ခဲ့ရာမှ ယခုနှုန်းထားအသစ်အရ ဒေတာပမာဏ 15.5 GB ကို ၁၄,၉၉၉ မျှသာ ကျသင့်တော့မည် ဖြစ်သည်။ ဒေတာစုဘူးပုံစံသစ်တွင် ဒေတာပမာဏအနေဖြင့် 700 MB မှ 15.5 GB အထိ ပါဝင်ပြီး အသုံးပြုသူများအနေဖြင့် မိမိတို့သုံးစွဲလေ့ရှိသောပမာဏအပေါ်မူတည်ပြီး ရွေးချယ်စရာ ပိုမိုများပြားလာမည် ဖြစ်သည်။

ဒေတာစုဘူးပုံစံသစ်တွင် ယခင်က မိတ်ဆက်ပေးခဲ့သည့် ထပ်တိုးဝန်ဆောင်မှုများဖြစ်သော ဒေတာ အခမဲ့မျှဝေနိုင်ခြင်း၊ လက်ကျန်ဒေတာများအား အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက်သယ်ဆောင်သွားနိုင်ခြင်းနှင့် MyanFlix ကဲ့သို့ အခမဲ့ ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ထည့်သွင်းထားမည်ဖြစ်သည်။ စျေးကွက်အတွင်းတွင် တယ်လီနော မြန်မာသည် လက်ကျန်ဒေတာများအား အချိန်ကာလအကန့်အသတ်မရှိ သယ်ယူသွားနိုင်မည့် ဝန်ဆောင်မှုအား စတင် ပေးအပ်ခဲ့သည့် ပထမဆုံးအော်ပရေတာဖြစ်ပြီး အသုံးပြုသူများအတွက် မိမိတို့ဝယ်ယူထားသော ဒေတာအား မည်သည့် အခါမှ ဆုံးရှုံးသွားခြင်းမရှိစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အစီအစဉ်၏သက်တမ်းမှာ ရက် ၃၀ ဖြစ်ပြီး မည်သည့် အချိန်တွင်မဆို ဒေတာစုဘူးအား ထပ်မံဝယ်ယူပါက ကျန်ရှိနေသေးသော ဒေတာပမာဏအား ဝယ်ယူလိုက်သော ပမာဏ နှင့် ထပ်ပေါင်း၍ ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ယခုမိတ်ဆက်လိုက်သော ဒေတာစုဘူးပုံစံသစ်မှ ဒေတာ အစီအစဉ်များအား ဝယ်ယူလိုက်ခြင်းဖြင့် ဒေတာစုဘူးပုံစံဟောင်းမှ လက်ကျန် ဒေတာများကိုပါ ဆက်လက်အသုံးပြုသွားနိုင် မည်ဖြစ်ကာ ဒေတာစုဘူးပုံစံသစ်ကို နောက်ဆုံး ဝယ်ယူလိုက်သောနေ့ မှစ၍ သက်တမ်း သတ်မှတ် သွားမည် ဖြစ်သည်။ ဒေတာစုဘူး ပုံစံသစ်အား SMS ၊ USSD ၊ E-Load ၊ MyTelenor App နှင့် Wow Box တို့မှ ရယူနိုင်မည် ဖြစ်သည်။ ပုံစံသစ် ဒေတာစုဘူး အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေတာစုဘူး ပုံစံသစ် ဈေးနှုန်း USSD
700 MB ၇၉၉ ကျပ် *979*2*2*2#
1 GB ၉၉၉ ကျပ် *979*2*2*3#
1.5 GB ၁,၄၉၉ ကျပ် *979*2*2*4#
2.5 GB ၂,၄၉၉ ကျပ် *979*2*2*5#
4 GB ၃,၉၉၉ ကျပ် *979*2*2*6#
6 GB ၅,၉၉၉ ကျပ် *979*2*2*7#
15.5 GB ၁၄,၉၉၉ ကျပ် *979*2*2*8#

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share