Press Release

အကန့်အသတ်မရှိ အသုံးပြုနိုင်မည့် အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုအား နိုင်ငံတဝန်း ဖြန့်ကျက်ထားသည့် 4G ကွန်ရက်မှ တဆင့် တယ်လီနော စတင်မိတ်ဆက်

16 July, 2018 - Yangon

  • မိသားစုလိုက်ဖြစ်စေ၊ တစ်ကို်ယ်ရည်သုံးစွဲခြင်းအတွက် ဖြစ်စေ အသုံးပြုနိုင်မည့် အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှု အစီအစဉ်များအား သက်သာသော နှုန်းထားဖြင့် စတင် မိတ်ဆက်လိုက်ပြီဖြစ်
  • ဤဝန်ဆောင်မှုကို လက်ရှိတွင် အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး လာမည့် လအနည်းငယ်အတွင်း နိုင်ငံတစ်ဝန်းရှိ အရောင်း ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်

မည်သူမဆို ၎င်းတို့၏ အိမ်များတွင် စျေးနှုန်းသက်သာပြီး ယုံကြည် စိတ်ချ စွာ အသုံးပြုနိုင်သော အကန့်အသတ်မဲ့ အင်တာနက်ဝန်ဆောင်မှု စနစ်တစ်ခုဖြစ်သည့် အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုကို တယ်လီနောမြန်မာက နိုင်ငံတဝန်းသို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ တယ်လီနော၏ အဆိုပါ ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အင်တာနက်အသုံးပြုခြင်း၊ အွန်လိုင်းဗီဒီယိုများ တိုက်ရိုက် ကြည့်ရှုခြင်းနှင့် ဒေါင်းလုတ်ဒ်ရယူခြင်းများအတွက် ၎င်းတို့၏ မိသားစုများနှင့်အတူ သုံးစွဲနိုင်မည့် အကောင်းမွန်ဆုံးသော အင်တာနက် ဝန်ဆောင်မှုကို သတ်မှတ်နှုန်းထားတစ်ခုဖြင့် ရရှိခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုအား နိုင်ငံတဝန်းရှိ တယ်လီနော၏ 4G ကွန်ရက်လွှမ်းခြုံထားသော မြို့နှင့် မြို့နယ်များအားလုံံးတွင် ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ အွန်လိုင်းမှ ငွေပေးချေကာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

 

ကနဦး စတင်သုံးစွဲမှု အထူးအစီအစဉ်တစ်ရပ်အနေနှင့် တစက္ကန့်လျှင် 5 Mb မြန်နှုန်းရှိ အကန့်အသတ်မဲ့ အင်တာနက် ဝန်ဆောင်မှုကို ရက် ၉၀ ကြာအသုံးပြုရန်အတွက် ငွေကျပ် ၇၅,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ ပထမအကြိမ် ငွေပေးသွင်းမှုတွင် ကြိုးမဲ့အင်တာနက် မိုဒမ်းဝယ်ယူမှုလည်းပါဝင်ပြီးဖြစ်သည်။ အဆိုပါ ရက် ၉၀ အစီအစဉ် ကုန်ဆုံးပြီးနောက်တွင် လစဉ်ကြေး ကျပ် ၃၀,၀၀၀ မှ စတင်၍ ကြိုက်နှစ်သက်ရာ လစဉ်အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှု အစီအစဉ်များကို ထပ်မံ စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်။

 

“လူအများစုက အိမ်မှာရှိနေတဲ့အချိန်မှာလည်း အင်တာနက်ချိတ်ဆက်ထားနိုင်တာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ အနေနဲ့ အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ အိမ်မှာရှိနေတဲ့အချိန်မှာ သူတို့ရဲ့ ကွန်ပြူတာတွေ၊ တက်ဘလက်တွေ၊ ဖုန်းတွေကနေ တဆင့် အင်တာနက်ကို အကန့်အသတ်မရှိ ချိတ်ဆက်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ YouTube ကြည့်ရှုဖို့ပဲဖြစ်ဖြစ်၊ အွန်လိုင်းရုပ်ရှင်တွေ ကြည့်ဖို့ပဲဖြစ်ဖြစ် အသုံးပြုသူတွေအနေနဲ့ တစ်စုံတစ်ရာ အပိုထပ်ဆောင်း ပေးစရာမလိုဘဲ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ မြန်မာနိုင်ငံလို ကမ္ဘာပေါ်မှာ အကောင်းဆုံး မိုဘိုင်းကွန်ရက် အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝကို ပိုမို ကောင်းမွန်အောင် ပြောင်းလဲပေးနိုုင်မယ့် ခြေလှမ်းအစဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တယ်လီနောအနေနဲ့ အင်တာနက်ရဲ့ အကျိုးကျေးဇူးတွေကို အသုံးပြုသူတွေ ပြည့်ပြည့်ဝဝအသုံးချနိုင်စေဖို့အတွက် အမြဲတမ်း ကြိုးပမ်းနေပြီး ဆန်းသစ်ပြီး စျေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

 

အဆိုပါ အိမ်သုံးကြိုးမဲ့ဝန်ဆောင်မှုအား ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကနဦးစမ်းသပ်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများ ထံမှ အပြုသဘောဆောင်သည့် မှတ်ချက်များရရှိခဲ့သည့်အတွက် နိုင်ငံတစ်ဝန်း ဝန်ဆောင်မှု တိုးချဲ့ပေးအပ်နိုင်ရန် တယ်လီနောက အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

တယ်လီနော၏ အိမ်သုံးကြိုးမဲ့အင်တာနက်ကို ရယူလိုသူများအနေဖြင့် https://broadband.telenor.com.mm/ သို့ သွားရောက်၍ ၎င်းတို့နေထိုင်ရာတည်နေရာသည် 4G ကွန်ရက် ရရှိနေသည့် ဧရိယာများတွင် ပါဝင်ခြင်း ရှိမရှိ ဦးစွာ စစ်ဆေးရန် တယ်လီနောအနေနှင့် အကြံပေးလိုပါသည်။ ထို့နောက်တွင်မှ အသုံးပြုလိုသူများအနေနှင့် အဆိုပါ ဝက်ဘ်စာမျက်နှာတွင်ပင် စာရင်းပေးသွင်း၍ ဝန်ဆောင်မှုအား ရယူနိုင်မည်ဖြစ်ပြီး တပ်ဆင်အသုံးပြုရမည့် စက်ပစ္စည်း များအား စာရင်းပေးသွင်းထားသည့်လိ်ပ်စာသို့ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်သည်။ ထို့အပြင် တယ်လီနောသည် အသုံးပြုသူများ တစ်စုံတစ်ရာ အဆင်မပြေမှုများကြုံတွေ့ရပါက ကျသင့်ငွေပြန်အမ်းမည့် အာမခံချက် (money back guarantee) ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားပြီးဖြစ်ကာ အဆိုပါဝန်ဆောင်မှုအသုံးပြုသူများသည် အဆင်မပြေပါက ပစ္စည်းလက်ခံရရှိပြီး ၇ ရက်အတွင်း ပြန်လည်ပေးပို့သွားနိုင်မည်ဖြစ်ပြီး ပြန်လည် ပေးပို့သည့်နေ့ရက်မှ ရက် ၃၀ အတွင်း ပြန်အမ်းငွေအား လက်ခံရရှိမည် ဖြစ်သည်။

 

လက်ရှိတွင် အွန်လိုင်းမှဝယ်ယူနိုင်ပြီဖြစ်သော အဆိုပါဝန်ဆောင်မှုကို မကြာမီတွင် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်ကြီး များ၌ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ တယ်လီနော၏ အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား https://broadband.telenor.com.mm/ တွင်ဝင်ရောက် ကြည့်ရှုခြင်းဖြင့် ဖြစ်စေ၊ တယ်လီနော၏ Broadband Call Center ဖြစ်သော 09797998888 သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ သိရှိနိုင်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor