Press Release

သုံးစွဲသူ အများဆုံး မိုဘိုင်းဝန်ဆောင်မှု အဖြစ် Facebook နှင့် Viber အခမဲ့အစီအစဉ်က ရပ်တည်

07 December, 2016 - Yangon

  • အသုံးပြုသူများ အကြိုက်ဆုံး လူမှုကွန်ရက်များကို အခမဲ့ဖြင့် တယ်လီကွန်လုပ်ငန်းနယ်ပယ်တွင် အကောင်းဆုံး ဝန်ဆောင်မှု ပေးအပ်လျက်ရှိ
  • တယ်လီနော၏ ဒေတာအသုံးပြုသူ စုစုပေါင်း၏ ၉၀% ကျော်သည် Facebook နှင့် Viber ကို အဓိက အသုံးပြုကြ

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) မှ လွန်ခဲ့သည့် ၆လက မိတ်ဆက်ခဲ့ သော Facebook နှင့် Viber အခမဲ့အသုံးပြုနိုင်သည့် မိုဘိုင်းဝန်ဆောင်မှုသည် သုံးစွဲသူအများဆုံး အစီအစဉ်တစ်ခု အဖြစ် ရပ်တည်လျက်ရှိပါသည်။ ယနေ့တွင် တယ်လီနောသည် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အသုံးပြုသူ ၁၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပြီး ယင်းအနက် ၆၄% မှာ အင်တာနက် အသုံးပြုသူများဖြစ်သည်။ တယ်လီနော၏ အင်တာနက် အသုံးပြုသူများအနက် ၉၀% ကျော်မှာ Facebook နှင့် Viber အသုံးပြုသူများဖြစ်သည်။

“မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အထူးသဖြင့် မိုဘိုင်းနဲ့ အသုံးပြုတာ အလျင်အမြန်တိုးတက်လာတဲ့ အလျောက် အသုံးပြုမှု အများဆုံး လူမှုကွန်ရက်တွေက Facebook နဲ့ Viber ဆိုတာကို ကျွန်တော်တို့ တွေ့ရှိလာပါတယ်။ ‘စိတ်ကြိုက်’ အစီအစဉ်က ကျွန်တော်တို့ရဲ့ ထူးခြားဆန်းသစ်တဲ့ အင်တာနက် ဝန်ဆောင်မှုများစွာထဲက တစ်ခုဖြစ်ပြီး သာမန်အသုံးပြုသူ တွေအတွက် သူတို့ရဲ့ အကြိုက်ဆုံး လူမှုကွန်ရက်တွေကို နေ့စဉ်အသုံးပြုနိုင်ဖို့ လုံလောက်မယ့် အခမဲ့ ဒေတာကို ပေးအပ် ထားတာ ဖြစ်ပါတယ်။ တယ်လီနောအသုံးပြုသူတွေအနေနဲ့ ဒီအစီအစဉ်ဟာ သူတို့ရဲ့ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့် စိတ်ကြိုက်ကို အများဆုံး ရွေးချယ် အသုံးပြုနေကြတာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားခဲ့သည်။

ကိုသက်နိုင်သည် ပဲခူး၊ သနပ်ပင်မှ အသက် ၂၆ နှစ်ရှိ လယ်သမားတစ်ဦးဖြစ်ပြီး Facebook ကို မကြာခဏ အသုံးပြုသူဖြစ်သည်။ “ကျွန်တော် Facebook ကို ကြည့်တာ သတင်းကြည့်ဖို့နဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ Facebook ကနေရတဲ့ ရာသီဥတုဆိုင်ရာ အချက်အလက်တွေက ကျွန်တော်တို့လို လယ်သမားတွေအတွက် အလွန် အရေးကြီးပါတယ်။ လူကြိုက်အများဆုံး သတင်းဝက်ဘ်ဆိုက်တွေကလည်း နောက်ဆုံးသတင်းတွေကို ချက်ခြင်း တင် ပေးတော့ ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိရတယ်။ ကျွန်တော်က Facebook ကို တစ်နေ့မှာ မကြာခဏ အသုံးပြုဖြစ်လို့ အသုံးတဲ့တဲ့ ‘စိတ်ကြိုက်’က ကျွန်တော် ကြိုက်တဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်လာတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ကို ကြိုက်နှစ်သက်သော အချက်ကို အခြေခံ၍ တည်ဆောက်ထားသော ‘စိတ်ကြိုက်’ အစီအစဉ်သည် တယ်လီနော အသုံးပြုသူအားလုံးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်နေသော အင်တာနက် ကွန်ရက်ပေါ်တွင် Facebook နှင့် Viber အသုံးပြုနိုင်ရန် နေ့စဉ် ၁၅၀ MB အခမဲ့ရရှိမည် ဖြစ်သည်။

“စိတ်ကြိုက်” အစီအစဉ်ကို သုံးစွဲသူများအနေဖြင့် အခြားဝန်ဆောင်မှုများအတွက် (ည ရ နာရီမှ မနက် ရ နာရီ) အတွင်း ဖုန်းပြောဆိုမှုအတွက် တစ်မိနစ် ၂၀ ကျပ် နှင့် ဒေတာ(အင်တာနက်သုံးစွဲမှု)အတွက် 1MB/ ၆ ကျပ်နူန်းဖြင့် လည်းကောင်း၊ (မနက် ရ နာရီမှ ည ရ နာရီ) အတွင်း တစ်မိနစ် ၂၅ ကျပ် နှင့် 1MB/ ၈ ကျပ်နူန်းဖြင့် လည်းကောင်း သုံးစွဲနိုင်မည်ဖြစ်သည်။

“စိတ်ကြိုက်” အစီအစဉ်ကို ရယူလိုပါက ၃၆၅ သို့ SK ON ဟု ပေးပို့၍ ဖြစ်စေ၊ *365*3# ကိုခေါ်ဆို ခေါ်ဆို၍ ဖြစ်စေ ရယူ နိုင်ပါသည်။ စိတ်ကြိုက် အစီအစဉ်ဝန်ဆောင်မှုကို ပထမဆုံးအသုံးပြုရန် ခေါ်ဆိုရယူသည့်နေ့မှ စတင်ပြီး Facebook နှင့် Viber ကို (၇) ရက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ (၇) ရက် ပြည့်ပြီးနောက်ပိုင်းတွင် သုံးစွဲသူ၏ ငွေဖြည့်မှု အနေအထားပေါ် မူတည် ပြီး အစီအစဉ်ကိုဆက်လက် ရရှိသွားမည်ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor