22 November, 2019 - Yangon
တယ်လီနောမြန်မာသည်ကျပ်သန်းပေါင်းများစွာတန်ဖိုးရှိ ဆုများပါဝင်သည့် နှစ်ကုန် ပရိုမိုးရှင်းအစီအစဉ်သစ် "ဟပ်ချလောင်း၊ သူဌေးလောင်း" ကိုနိုဝင်ဘာလ ၂၂ ရက်နေ့မှစတင်၍ သုံးစွဲသူများထံသို့ စတင်မိတ်ဆက်လိုက်ပြီး ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ "ဟပ်ချလောင်း၊ သူဌေးလောင်း" ပရိုမိုးရှင်းသည် တယ်လီနော၏ တန်ဖိုးထားရသော အသုံးပြုသူများအတွက် နေ့စဉ်ချက်ချင်းဆွတ်ခူးနိုင်မည့် ဆုများ၊ အပတ်စဉ်ဆုများနှင့် အထူးဆုကြီးတစ်ဆု ပါဝင်သွားမည်ဖြစ်သည်။
"တယ်လီနောက သုံးစွဲသူတွေအတွက် အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် အမြဲကြိုးစားနေ ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနှင့်အတူ ဒစ်ဂျစ်တယ်ဂိမ်းကစားနည်းတွေကတစ်ဆင့် တယ်လီနောရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆုလက်ဆောင်တွေ ပြန်လည်ချီးမြှင့်သွားပေးဖို့လည်း အစဉ်အမြဲကြိုးစားဖော်ဆောင်လျက် ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ဆုံးဖို့နီးလာတာနဲ့အမျှ တယ်လီနောရဲ့ သူးစွဲ သူတွေ ချက်ချင်းသူဌေးလောင်းဖြစ်နိုင်တဲ့ ဟပ်ချလောင်း၊ သူဌေးလောင်းအစီအစဉ်နဲ့ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်ဟာ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ခဲ့သမျှထဲမှာ အကြီးဆုံး ကျေးဇူးတုံ့ပြန်ခြင်းအစီအစဉ်တွေထဲက တစ်ခုပါ။ တယ်လီနောရဲ့ သန်းနဲ့ချီတဲ့ အသုံးပြုသူတွေထံ ကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်ဖြစ်ပြီး ပျော်ရွှင်မှုတွေ ယူဆောင်ပေးလာနိုင်ပါမှာဖြစ်ပါတယ်။ တယ်လီနောမြန်မာက အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်ခရီးလမ်းမှာ ဆန်းသစ်မှု၊ တီထွင်မှုတွေ အပြည့်နဲ့ စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေပိုမိုယူဆောင်လာဖို့ ကတိကဝတ်ပြုပါတယ်။" ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar မှ ပြောကြားခဲ့သည်။
ဆုများရယူနိုင်ရန် အသုံးပြုသူများသည် MyTelenor App၊ Website၊ USSD၊ SMS နှင့် E-load အစရှိသည့် ချန်နယ်များမှပက်ကေ့ခ်ျများ ဝယ်ယူရာမှရရှိလာသော Lucky Chance ကူပွန်များကို အသုံးပြုရန်သာလိုအပ်သည်။ ကူပွန်အရေအတွက်သည် ဝယ်ယူသောပက်ကေ့ခ်ျပေါ်တွင်မူတည်ပြီး ပက်ကေ့ခ်ျများများဝယ်ယူသည်နှင့်အမျှ ကူပွန်အရေအတွက် များများရရှိမည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် မည်သည့်ချန်နယ်မှမဆို ပက်ကေ့ခ်ျများ ဝယ်ယူပြီးသည်နှင့်တပြိုင်နက် ကူပွန်မည်မျှရရှိသည်၊ ထိုကူပွန်များကို မည်သည့်နေရာတွင် အသုံးပြုပြီးဆိုသည့် ကူပွန်မှတ်တမ်းများကို MyTelenor App အဓိကစာမျက်နှာရှိ "ဟပ်ချလောင်း၊ သူဌေးလောင်း" ကို နှိပ်၍ ဝင်ရောက်ကြည့်ရှနိုင်ပါသည်။
နေ့စဉ်ဆုများကို MyTelenor App ရှိ "ဟပ်ချလောင်း၊ သူဌေးလောင်း" ကစားခြင်းဖြင့် ရယူနိုင်သည်။ ကူပွန် များများအသုံးပြုပြီးSamsung Galaxy A20 များ၊ ဘလူးတုစပီကာများ၊ နားကြပ်များ၊ ပါဝါဘန့်များ၊ ဒေတာအပိုဆုများ၊ KFC နှင့် မဟာမိုဘိုင်းစသည့် တယ်လီနောမိတ်ဖက်များ၏ကူပွန်များစသည့် နေ့စဉ်ဆုမဲပေါင်းများစွာရရှိနိုင်မည်ဖြစ်သည်။ အပတ်စဉ်ဆုများအတွက် Honda Scoopy Prestige ဆိုင်ကယ် အစီး (၃၀)၊ လက်မ ၅၀Samsung စမတ်တီဗီများအပြင်KIA Picanto ကားသစ် (၄) စီးအား အထူးဆုကြီးအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။
အသုံးပြုသူများအနေဖြင့် မိမိတို့ ကံထူးရှင်ဖြစ်နိုင်မည့်အခွင့်အရေးအပြင်ပေးအပ်သွားမည့်အပတ်စဉ်ဆုအမျိုးမျိုးနှင့် အထူးဆုကြီးအတွက် ပါဝင်ကံစမ်းသူမည်မျှရှိသည်ကိုပြသထားသည့် "ဟပ်ချလောင်း၊ သူဌေးလောင်း" မှတ်တမ်းတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
တစ်နေရာတည်းတွင် လွယ်လင့်တကူအစုံရရှိနိုင်သော MyTelenor အက်ပလီကေးရှင်းသည် တယ်လီနောအသုံးပြုသူများကို မိမိတို့၏ ဒေတာများအား အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း၊ ငွေဖြည့်သွင်းနိုင်ခြင်း၊ ဆုလက်ဆောင်များကို ရယူနိုင်စေခြင်းတို့အပြင် ဖျော်ဖြေမှုများ၊ ပရိုမိုးရှင်းများနှင့် ဝန်ဆောင်မှုအစုစုတို့ကိုပါ အလွယ်တကူခံစား ရရှိစေနိုင်မည်ဖြစ်သည်။ "ဟပ်ချလောင်း၊ သူဌေးလောင်း" အစီအစဉ်သည် ယခုနှစ် ဩဂုတ်လအတွင်းMyTelenor အက်ပလီကေးရှင်းတွင် မိတ်ဆက်ခဲ့သည့် "ရှယ်ဆော့ရှယ်ရ မြွေလှေကား"(Shal PLAY, Shal WIN Snake and Ladder)၊“ရှယ် Spin ရှယ် Win” (Shal SPIN, Shal WIN)၊ "ရှယ် Shake" (Shal SHAKE) ကမ်ပိန်းများအပြင်အခြားအောင်မြင်သော ဝန်ဆောင်မှုတစ်ခုနှင့် ဆုလက်ဆောင်တစ်ခုဖြစ်သည့် ‘Chwin Chwin’ (ချွင်ချွင်) ကံစမ်းမဲအစီအစဉ်၊ mobile legends ကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ၊ အထူးသီးသန့် Disney portal ၊ ဒေတာစုဘူးအစီအစဉ်သစ်နှင့် နက္ခဗေဒင်အစီအစဉ်တို့ပြီးနောက် တယ်လီနောမှ ထပ်မံဆန်းသစ်ဖန်တီးထားသည့် ဂိမ်းတစ်ခုဖြစ်သည်။MyTelenor အက်ပလီကေးရှင်း ဗားရှင်း ၃.၁၁ ကို Google Play Store နှင့် Apple Store တွင် ဒေါင်းလုတ်ဆွဲကာ ရယူနိုင်ပါသည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၃ သန်းကျော်အား ပိုင်ဆိုင် ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
မီဒီယာများဆက်သွယ်ရန်:
ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ
မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ