Press Release

သန်လျင်နည်းပညာတက္ကသိုလ် ပုလဲရတုအခမ်းအနားတယ်လီနောပါ၀င်ဆင်နွှဲမည်

28 December, 2016 - Yangon

 တယ်လီနောမြန်မာလိမိတက် (“တယ်လီနော”) သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် သန်လျင်နည်းပညာတက္ကသိုလ်၏ ပုလဲရတုအခမ်းအနားတွင် အတူပါ၀င်ဆင်နွှဲမည် ဖြစ်ပါသည်။

သန်လျင်နည်းပညာတက္ကသိုလ်၏ ပုလဲရတုအခမ်းအနားတစ်စိတ်တစ်ဒေသအဖြစ် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများအတွက် လုပ်ငန်းခွင်၀င်ခွင့် အရည်အသွေးမြှင့်တင်ခြင်းများနှင့် တယ်လီနောမြန်မာရှိအလုပ် အကိုင် အခွင့်အလမ်းများအကြောင်းကိုရှင်းလင်းပြောကြားပေးမည် ဖြစ်ပါသည်။

ယင်းနေ့ အခမ်းအနားတွင် ကျောင်းသူ/ကျောင်းသားများအတွက် အထူး ၀န်ဆောင်မှုတစ်ရပ်အပြင် တယ်လီနော၏ အခြား ၀န်ဆောင်မှုများကိုလည်း ကျောင်းသူ/ကျောင်းသားဆရာ/ဆရာမများအလွယ်တကူ ၀ယ်ယူ ရရှိနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။ ထို့ပြင် ဆင်းကတ်မှတ်ပုံတင်ခြင်းများကိုလည်းမှတ်ပုံမတင်ရသေးသူများအတွက် ဆောင်ရွက်ပေးသွားပါမည်။ မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကတ် အပါအ၀င် အခြားအသိအမှတ် ပြု သက်သေခံကတ်တစ်ခုခုကိုအသုံးပြု၍ တယ်လီနောဆင်းကတ်များကိုမှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။တယ်လီနောဆမ်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်သူများကိုလည်းအခမဲ့လက်ဆောင်များပေးအပ်မည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor