Press Release

သင်္ကြန် အမှတ်တရ ပုံရိပ်များကို မျှဝေလိုက်ပါ’ အစီအစဉ် စတင်

09 April, 2018 - Yangon

  • Samsung Galaxy S8+ နှင့် iPhone 6 ဟန်းဆက်များ ချီးမြှင့်သွားမည်ဖြစ်

တယ်လီနောမြန်မာသည် မကြာမီ ကျရောက်တော့မည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် ‘သင်္ကြန် အမှတ်တရ ပုံရိပ်များကို မျှဝေလိုက်ပါ’ အစီအစဉ်ကို စတင်လိုက်သည်။ အဆိုပါ လူမှုကွန်ရက် အခြေပြု သင်္ကြန်ပွဲတော် ဆင်နွှဲပွဲအား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသူများ အနေနှင့် ၎င်းတို့၏ အမှတ်ရစရာ အကောင်းဆုံး သင်္ကြန်အမှတ်တရများအား ရေးသားယှဉ်ပြိုင်၍ စိတ်လှုပ်ရှားဖွယ်ရာ ဆုပစ္စည်းများအား ရယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဤ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေနှင့် ဦးစွာပထမ တယ်လီနောမြန်မာ၏ တရားဝင် Facebook စာမျက်နှာရှိ campaign announcement post အား like လုပ်ရမည် ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် Facebook စာမျက်နှာများပေါ်တွင် public နှင့် share လုပ်ရမည် ဖြစ်သည်။ ယှဉ်ပြိုင်သူများသည် ထို့နောက်တွင် အဆိုပါ campaign announcement post အောက်တွင် ၎င်းတို့၏ အမှတ်ရစရာ အကောင်းဆုံး သင်္ကြန်အမှတ်တရများအား အနည်းဆုံး စာကြောင်းရေ ၂ ကြောင်းခန့် comment ရေးသားရန် လိုအပ်မည် ဖြစ်သည်။ ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်သူများ အနက် ရေးသားမှု ၃၀ အား ဆန်ကာတင် ရွေးချယ်မည် ဖြစ်ပြီး ၎င်းတို့အနက် သင်္ကြန် အမှတ်တရများအား စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်သော ရေးသားမှု ၄ ခုအား အနိုင်ရရှိသူများ အဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအား ဧပြီလ ၈ ရက်မှ ၁၆ ရက်နေ့ အတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး အနိုင်ရရှိသူ ၄ ဦး၏ အမည်များကို ဧပြီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကြေညာသွားမည် ဖြစ်သည်။
အကြောင်းအရာ အသေးစိတ် (စည်းကမ်းချက်များ အပါအဝင်) အား ထပ်မံသိရှိလိုပါက https://bit.ly/2HjKHxe တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

The campaign announcement post -
https://www.facebook.com/TelenorMyanmar/videos/1931056890261078/
သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ပွဲတော်ကြီး တစ်ခုဖြစ်ရာ မည်သူမဆို သင်္ကြန်နှင့်ပတ်သက်၍ မေ့မရနိုင်သော ကိုယ်ပိုင်အမှတ်တရများအား ပိုင်ဆိုင်ထားကြသည်ဟု တယ်လီနောက ယုံကြည်ထားသည်။ လူတိုင်း လူတိုင်း၏ သင်္ကြန်အမှတ်တရများအား စာကြောင်းများ အဖြစ် အသွင်ပြောင်းလဲ လိုက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများသည် သင်္ကြန်ပွဲတော်ကာလအား ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည့် အပြင် စိတ်လှုပ်ရှားဖွယ်ရာ ဆုပစ္စည်းများစွာကိုလည်း ရယူပိုင်ဆိုင်သွားနိုင်မည် ဖြစ်သည်။ အသုံးပြုသူများအား ဆန်းသစ်မှု အရှိဆုံး ဝန်ဆောင်မှုများအား ပေးအပ်သွားနိုင်ရမည် ဟူသော ကုမ္ပဏီ၏ ရည်သန်ချက်နှင့် အညီ တယ်လီနောသည် အသုံးပြုသူများအား စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပရိုမိုးရှင်း အစီအစဉ်များ၊ ပြိုင်ပွဲများအား ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။
ထို့အပြင် တယ်လီနောသည် သင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အသုံးပြုသူများအတွက် ပရိုမိုးရှင်း အစီအစဉ် ၂ ခု ကိုလည်း ပေးအပ်ထားပါသည်။ ဧပြီလ ၁၁ - ၁၂ ရက်အတွင်း E-Load မှတဆင့် ဖုန်း ငွေဖြည့်သည့် အသုံးပြုသူများသည် ငွေဖြည့်လက်ဆောင် ၅၀% အထိ ရရှိမည် ဖြစ်သည်။ ဖုန်းဘေလ် ၁၀၀၀ ကျပ်မှ ၂၉၉၉ ကျပ်အထိ ဖြည့်သွင်းသူများသည် ငွေဖြည့်လက်ဆောင် ၁၅%၊ ဖုန်းဘေလ် ၃၀၀၀ ကျပ်မှ ၄၉၉၉ ကျပ်အထိ ဖြည့်သွင်းသူများသည် ငွေဖြည့်လက်ဆောင် ၂၅%၊ ဖုန်းဘေလ် ၅၀၀၀ ကျပ်မှ ၉၉၉၉ ကျပ်အထိ ဖြည့်သွင်းသူများသည် ငွေဖြည့်လက်ဆောင် ၃၀%၊ ဖုန်းဘေလ် ၁၀၀၀၀ ကျပ်နှင့် အထက် ဖြည့်သွင်းသူများသည် ငွေဖြည့်လက်ဆောင် ၅၀% အသီးသီး ရရှိမည် ဖြစ်သည်။
ထို့အပြင် ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ တယ်လီနော အသုံးပြုသူများ အနေနှင့် ဖုန်းခေါ်ဆိုမှု တစ်မိနစ် ပြုလုပ်တိုင်း အင်တာနက် ဒေတာ ၁ မဂ္ဂါဘိုက်အား လက်ဆောင်အဖြစ် ပြန်လည် ရရှိမည် ဖြစ်သည်။ အသုံးပြုသူများ အနေနှင့် ဤ သင်္ကြန် ပရိုမိုးရှင်းအား *7777# သို့ ဆက်သွယ်ရယူနိုင်မည် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor