Press Release

ဝန်ထမ်းများနှင့် မိတ်ဖက်များ ဘေးအန္တရာယ်ကင်းရှင်းရေး တယ်လီနော ကြိုးပမ်း

19 October, 2018 - Yangon

  • တယ်လီနောဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရေတိုနှင့် ရေရှည် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်

တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ၎င်း၏ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များ ခရီးလမ်းသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပညာပေးအစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ ဤအစီအစဉ်အား တယ်လီနောလုပ်ငန်းစု၏ အထူးလမ်းညွှန် ပြသမှုများနှင့် အညီ တယ်လီနောမြန်မာက ခိုင်ခိုင်မာမာ ရည်မှန်းချက်ထားကာ အစီအစဉ်တကျ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဤ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်အရ တယ်လီနော၏ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော် ကိုင်ဖက်များအား အရည်အသွေးမြင့် ဆိုင်ကယ်စီးဦးထုပ် ၁,၅၀၀ ခန့်ကို ပေးအပ်ခဲ့သည့်အပြင် အသက်ကယ်အကျႌ ၄၀၀ ခန့်ကိုလည်း မကြာမီပေးအပ်သွားရန်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံတဝန်းမှ တယ်လီနောဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ဆိုင်ကယ်စီးသည့်အခါတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ရေလမ်းခရီး သွားလာသည့်အခါတိုင်း အသက်ကယ်အကျႌဝတ်ဆင်ရန်၊ မော်တော်ယာဉ် စီးသည့်အခါတိုင်း အသက်ကယ် ခါးပတ်တပ်ရန်၊ မိမိကိုယ်တိုင်အတွက်သာမက လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းရေးကိုလည်း အမြဲ ကူညီစစ်ဆေးရန်နှင့် အမြဲတမ်း ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုစိုက်ရန် ကတိပြုလက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

ဆိုင်ကယ်စီးနင်း၍ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ သွားလာကြမည့် ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များအား မနက်ခင်းတိုင်း ပုံမှန် အသိပေး ပြောကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင် မော်တော်ယာဉ်များ၊ ဖယ်ရီများဖြင့် ခရီးသွားလာသူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်အတွင်း အသက်ကယ်ခါးပတ်ဝတ်ဆင်ရန် အသိပညာပေးခြင်း၊ ကုမ္ပဏီ၏ ယာဉ်မောင်းများအားလုံးအတွက် သင်တန်းများ ပို့ချပေးခြင်းအစရှိသည့် ရုံးတွင်းအစီအစဉ်များကိုလည်း လုပ်ဆောင် လျက်ရှိသည်။

“တယ်လီနောမှာ အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ကုမ္ပဏီအတွက် အဓိကအရေးအကြီးဆုံး အချက်ဖြစ်ပြီး တယ်လီနောရဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နေရာတိုင်းမှာ ဒီအချက်ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ ကျွန်မတို့အတွက် အလုပ်လုပ်ကိုင်နေတဲ့ ဒါမှမဟုတ် ကျွန်မတို့နဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ အကာအကွယ် အပြည့် အစုံနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ တယ်လီနောရဲ့ ဝန်ထမ်းတွေ အားလုံး နေ့စဉ် ဘေးအန္တရာယ် တစ်စုံတစ်ရာမရှိဘဲ အလုပ်လုပ်ကိုင်နိုင်ဖို့၊ သူတို့ရဲ့ချစ်ခင်ရတဲ့ မိသားစုဆီ လုံခြုံစိတ်ချစွာ ပြန်လည်ရောက်ရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးအစီအစဉ်တွေကို လုပ်ဆောင်ခြင်း ဖြစ်ပါ တယ်။ ဘေးအန္တရာယ်ကင်းရှင်းဖို့သည် အဓိကဆိုတဲ့ တယ်လီနောရဲ့ ရည်ရွယ်ချက်နဲ့အညီ ထိရောက်မှုရှိပြီး စိတ်ချယုံကြည်ရတဲ့ အစီအစဉ်တွေကို ရေတိုအတွက်ရော၊ ရေရှည်အတွက်ပါ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ Chief People Officer ဖြစ်သူ Selina Lomholdt က ပြောကြားသည်။

တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ တယ်လီနောမြန်မာသည် နိုင်ငံတကာ အသိအမှတ်ပြု အလုပ်ခွင် ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး စံသတ်မှတ်ချက် (Standard of Occupational Health Safety & People Security) နှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိသည်။ တယ်လီနောသည် လုပ်ငန်းခွင်တွင် ကြုံတွေ့ရနိုင်သော ဘေးအန္တရာယ်ပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာချက်များအား ပြုစုလျက်ရှိပြီး ဝန်ထမ်းများအား မည်သည့်နေရာသို့မဆို စေလွှတ်ခြင်းမပြုမီ ကြုံတွေ့ရဖွယ်ရှိသော ဘေးအန္တရာယ်များအား ထိန်းချုပ်နိုင်ရန် သို့မဟုတ် ဖယ်ရှားနိုင်ရန်အတွက်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တယ်လီနောအနေနှင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအစဉ်များအား ချမှတ်ဆောင်ရွက်ရန်နှင့် ကြီးကြပ်စစ်ဆေးရန်၊ လိုအပ်သော ကူညီထောက်ပံ့မှုများအား ကြိုတင် ပေးအပ်ရန်တို့အတွက် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ၊ အရောင်းဆိုင်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor