Statement

ဝက်ဆိုဒ် ၁၁ ခု၊ ဒိုမိန်းနှင့် အိုင်ပီလိပ်စာများအား ပိတ်ပင်တားမြစ်ရန် ညွှန်ကြားချက်

11 May, 2020 - Yangon

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ အခြားသောမိုဘိုင်းအော်ပရေတာများနှင့်အတူ ဝက်ဆိုဒ် ၃ ခု၊ ဒိုမိန်း ၆ ခု၊ အိုင်ပီလိပ်စာ ၂ ခုကို ပိတ်ပင်တားမြစ်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD)မှ ညွှန်ကြားချက်ကို ရရှိခဲ့ သည်။

ညွှန်ကြားချက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး အမုန်းစကားများ ဖြန့်ချိ ခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ဒေတာခိုးယူခြင်းတို့ကို ကာကွယ်ရန် တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ တယ်လီနောမြန်မာသည် ညွှန်ကြားချက်ကို တရားဝင်လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပါသည်။ သုံးစွဲသူ များအနေဖြင့် ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဆိုဒ်များ၏ လင့်ခ်များကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါ ဝက်ဆိုဒ် များကို မြန်မာအာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည် ဖြစ်သည်။

အိုင်ပီလိပ်စာများကို ပိတ်ပင်ခြင်းသည် အခြားသောဝက်ဆိုဒ်များကို မတော်တဆ ပိတ်ပင်မိနိုင်ကြောင်း သို့မဟုတ် အခြားသောဆိုဒ်များ၏ လည်ပတ်မှုမျာကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း တယ်လီနောမြန်မာမှ ထောက်ပြ ပြောဆိုခဲ့ပါသည်။

တယ်လီနောမြန်မာသည် ပွင့်လင်းသောဆက်ဆံရေးကို ယုံကြည်ပါသည်။ မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်များကို တားမြစ်ပိတ်ပင်ရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ တယ်လီနောမြန်မာသည် အာဏာ ပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။

Yangon
My Account
Live Chat
Share Share