Statement

ဝက်ဆိုဒ်များ ပိတ်သိမ်းရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်

15 October, 2020 - Yangon

အင်တာနက်ပေါ်တွင် တရားမဝင်လောင်းကစားပြုလုပ်နေသူဟု ယူဆရသော အချို့ဝက်ဆိုဒ်များကို ပိတ်ပင် တားမြစ်ရန်  မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MoTC) လက်အောက်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) ကညွှန်ကြားခဲ့ပါသည်။ 

တယ်လီနောမြန်မာအနေဖြင့်အဆိုပါညွှန်ကြားချက်ကိုနည်းပညာပိုင်းအရဆောင်ရွက်နိုင်သည့်အတိုင်းအတာ အထိလိုက်နာရန်နှင့် ပိတ်ပင်ခံရသော ဝက်ဆိုဒ်များ၏ အခြားအသေးစိတ် အချက်အလက်များကို ဥပဒေနှင့်အညီ လျှို့ဝှက်ထိန်းသိမ်းထားရန် တရားဥပဒေအရမဖြစ်မနေဆောင်ရွက်ရန်တာဝန်ရှိပါသည်။

တယ်လီနောမြန်မာအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် နှင့် သတင်း အချက်အလက်အမှန် ရယူပိုင်ခွင့်တို့ကို လေးစားခြင်းကို ရပ်တည်ပါသည်။  

သုံးစွဲသူများအနေဖြင့် တယ်လီနောကွန်ရက်ကို အသုံးပြုပြီး ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဆိုဒ်များ၏ လင့်ခ်များ ကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါဝက်ဆိုဒ်များကို မြန်မာအစိုးရ၏ညွှန်ကြားချက်အရ ပိတ်သိမ်းထား ခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်သည်။

တယ်လီနောမြန်မာအနေဖြင့် ပွင့်လင်းမြင်သာသည့် ဆက်သွယ်ဆက်ဆံရေးကို ယုံကြည်ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ယခင်အတိုင်း ဆက်လက်ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုကဲ့သို့ ညွှန်ကြား ချက်များကို ဝက်ဆိုဒ်နှင့် ပလက်ဖောင်းပိုင်ရှင်များထံသို့ တိုက်ရိုက်ညွှန်ကြားရန် ပိုမိုသင့်လျော်သည်ဟု တယ်လီနောမြန်မာအနေဖြင့် ယူဆပါသည်။

 

Yangon
My Account
Live Chat
Share Share