Press Release

ဝက်ဆိုဒ်များပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက် (၉ရက်၊ စက်တင်ဘာလ၊ ၂၀၂၀ နောက်ဆုံးအခြေအနေ)

09 September, 2020 - Yangon

ဤစာမျက်နှာပေါ်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်များသည် အင်တာနက်ဝက်ဆိုဒ် ပိတ်သိမ်းရန် အစိုးရညွှန်ကြားချက်များကို ရည်ညွှန်းသည်။ အောက်တွင် နောက်ဆုံးရ အခြေအနေများကို ဖော်ပြထားသည်။

 

အစိုးရညွှန်ကြားချက်အရ ဝက်ဆိုဒ်ပေါင်း ၂၃၀ ခုကို ပိတ်သိမ်းခြင်း

Published: 30 March 2020. Updated: 8 April 2020

တိကျစွာ ပြဌာန်းထားသည့် ဝက်ဆိုဒ်များကို ပိတ်ပင်တားမြစ်ရန် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများကို ညွှန်ကြားခဲ့သည်။ တယ်လီနောမြန်မာအနေဖြင့် ပိတ်ပင်ထားမည့် ဝက်ဆိုဒ် ၂၃၀ ခု ၏ အတိုင်းအတာနှင့် အချိန်ကာလတို့ကို ကန့်သတ်ပေးရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

မှတ်ချက် - ယခု သတင်းထုတ်ပြန်ချက်သည် မတ်လ ၃၁ ၂၀၂၀ ခုနှစ်တွင် လက်ခံရရှိခဲ့သော ညွှန်ကြားချက် အသစ်ကို သိရှိစေရန် ရည်ရွယ်ပါသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အရ တိကျစွာပြဌာန်းထားသည့် ဝက်ဆိုဒ်ပေါင်း ၂,၁၄၇ ခုကို ပိတ်ပင်တားမြစ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်ကို ၂၀၂၀ ခုနှစ် မတ်လ ၁၉ နှင့် ၃၁ ရက်ကြားတွင် တယ်လီနောမြန်မာ အပါအဝင် အခြား အော်ပရေတာများ လက်ခံရရှိခဲ့သည်။

ယင်းဝက်ဆိုဒ်များမှာ ညစ်ညမ်း အကြောင်းအရာများ၊ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးမှုနှင့် သတင်းမှားများ ပါဝင်သည်ဟု ဦးစီးဌာနကဆိုသည်။

  • ဝက်ဆိုဒ်ပေါင်း ၁,၉၁၇ ခု မှာ အင်တာပိုလ်၏ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးမှု စာရင်းတွင်ပါရှိနေသည့်အတွက် တယ်လီနောမြန်မာမှ သေချာစွာ စီစစ်ပြီး လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာကျင့်ထုံးများနှင့်အညီ ပိတ်ပင်တားမြစ်ခဲ့သည်။ တယ်လီနောလုပ်ငန်းစုသည် ကလေးသူငယ် များအပေါ် လိင်အလွဲသုံးမှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့များနှင့် ၂၀၀၄ ခုနှစ်ကတည်း က ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသည်။
  • ကျန်ရှိနေသည့် ဝက်ဆိုဒ် ၂၃၀ ခုအနက် တယ်လီနောသည် သေချာစွာ စီစစ်ပြီးနောက် ညစ်ညမ်း အကြောင်းအရာများ ပါဝင်သည့် ဝက်ဆိုဒ် ၁၅၄ ခု ကို မတ်လ ၂၃ ရက်နေ့တွင် ပိတ်ပင်တားမြစ်ခဲ့သည်။

ကနဦးတွင် တယ်လီနောမြန်မာအနေဖြင့် “သတင်းတု” ဖြန့်ချိမှု ခေါင်းစဉ်အောက်ရှိ ဝက်ဘ်ဆိုဒ်များကို ပိတ်ပင်တားဆီးရန် တောင်းဆိုချက်အား ခိုင်လုံသည့် ဥပဒေအကြောင်းပြချက် မရှိသည့်အတွက် လက်မခံခဲ့ပါ။ ဤခေါင်းစဉ်အောက်တွင် ဝက်ဆိုဒ်ပေါင်း ၆၇ ခု ပါဝင်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထပ်မံဆွေးနွေးပြီးသည့်နောက် ယင်းတောင်းဆိုချက်အား လက်မခံပါက အများပြည်သူအား ဝန်ဆောင်မှုပေးရာတွင် သတင်းတု သတင်းမှားများက ပိုမိုကျယ်ပြန့်စွာ ဂယက် ရိုက်ခတ်လာနိုင်ချေရှိသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ရာ ကျန်ရှိနေသေးသည့် ဝက်ဆိုဒ်ပေါင်း ၂၃၀ ခုကို  ပိတ်ပင်တားဆီးခဲ့သည်။

တယ်လီနောမြန်မာသည် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသည့် လုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး မိမိ၏ ဆက်သွယ်ရေးချန်နယ်ပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ရွေးချယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမပြုလုပ်သင့်သည့်အတွက် မပြုလုပ်ပါ။

သုံးစွဲသူများအနေဖြင့် ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဆိုဒ် ၂၃၀ ခု၏ လင့်ခ်များကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါဝက်ဆိုဒ် များကို မြန်မာအာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်သည်။ တယ်လီနောမြန်မာအနေဖြင့် ပွင့်လင်းသည့် ဆက်သွယ်ရေးကို ယုံကြည်သကဲ့သို့ သုံးစွဲသူများ ယခုကဲ့သို့ အဆင်မပြေမှုများတွေ့ကြုံရသည့်အတွက် ဝမ်းနည်းမိပါသည်။

ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ရင်ဆိုင်နေရသည့် ခက်ခဲသည့်အချိန်တွင် တယ်လီနောမြန်မာသည် မြန်မာပြည်သူလူထုနှင့်အတူတကွ စည်းစည်းလုံးလုံး ရပ်တည်သွားမည်ဖြစ်သည်။ ယခုလို ကပ်ရောဂါကို တိုက်ဖျက်သည့် အချိန်ကာလတွင် ကိုဗစ်-၁၉နှင့်ပတ်သက်ပြီး  အွန်လိုင်းပေါ်မှ သတင်းမှားများ၊ မမှန်ကန်သည့် သတင်းအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းရန်မှာ အရေးကြီးလှကြောင်း ကျွန်ုပ်တို့ နားလည်လက်ခံ ထားပါသည်။

မြန်မာအစိုးရအနေဖြင့် ဘက်မလိုက်ဘဲ မျှတစွာသည့် သတင်းအချက်အလက် ဖြန့်ချိနိုင်ရေး တယ်လီနောမြန်မာ က အောက်ပါအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် ထောက်ခံအားပေးလျက်ရှိပါသည်။

  • တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လူချဲနေခြင်းနှင့် တစ်ကိုယ်ရည်ကာကွယ်စောင့်ရှောက်ခြင်းတို့နှင့် ပတ်သက် ပြီး စျေးကွက်အတွင်း အသိပေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ခြင်း
  • တယ်လီနောသုံးစွဲသူများအနေဖြင့်  လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉အခြေအ‌နေနှင့် ပတ်သက်သည့် သတင်းများ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဆိုဒ်သို့ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိပြီး ယင်းအကြောင်းအရာကို ဆိုရှယ်မီဒီယာ ချန်နယ်များတွင် ထုတ်ပြန်ကြေညာထားခြင်း
  • တယ်လီနောသုံးစွဲသူများ၏ ဖုန်းခေါ်ဆိုချိန်တွင် ယခင်ပုံမှန် Ring tune များအစား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များ အစားထိုးထည့်သွင်းခြင်း
  • ရောဂါကာကွယ်ရန်နည်းစနစ်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် လူချဲနေခြင်းအလေ့အကျင့်များကို ဝန်ထမ်းများနှင့် စီးပွားရေးမိတ်ဖက်များအကြား အသိပညာပေးခြင်း

အခြေအနေတိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်၍ တယ်လီနောမြန်မာက အစိုးရနှင့် ပြည်သူလူထုအား ကူညီထောက်ပံ့ပေးနိုင်မည့် အခြားနည်းလမ်းများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

တယ်လီနောမြန်မာမှ အထက်ဖော်ပြပါ မြန်မာအစိုးရ၏ ညွှန်ကြားချက်အရ ပိတ်ပင်ထားသော ဝက်ဆိုဒ်များထဲမှ ၃ခုကို ပြန်ဖွင့်ပေးရန် ညွှန်ကြားချက်ကို ထပ်မံရရှိပါသည်။ မတ်လ ၂၀ရက်နေ့ ၂၀၂၀ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံအတွင်း၌ ပိတ်ပင်ထားသော ယင်းဝက်ဆိုဒ် ၃ခုကို စက်တင်ဘာလ ၇ရက်နေ့ ၂၀၂၀ တွင်စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။  ဝက်ဆိုဒ်ပြန်လည်ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် အဆိုအရ ယင်းဝက်ဆိုဒ်များမှာ သတင်းမီဒီယာ ကျင့်ဝတ်ဖောက်ဖျက်မှုများ နှင့် ငြိစွန်းမှု မရှိကြောင်း၊ လူအများကို အထိတ်တလန့်ဖြစ်စေသော သတင်းမှား နှင့် သတင်းတုများ၊ ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်သည့် သတင်းများ ရေးသားဖြန့်ဝေခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် တရားဝင် မှတ်ပုံတင်ထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

တယ်လီနောမြန်မာအနေဖြင့် ပွင့်လင်းမြင်သာသည့် ဆက်သွယ်ပြောဆိုမှုကို လက်ကိုင်ယုံကြည်ထားပါသည်။

မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်များကို တားမြစ်ပိတ်ပင်ရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ တယ်လီနောမြန်မာသည် အာဏာ ပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။

၉ရက်၊ စက်တင်ဘာလ၊ ၂၀၂၀ အတွက် ထုတ်ပြန်ချက်

တယ်လီနောမြန်မာမှ အထက်ဖော်ပြပါ မြန်မာအစိုးရ၏ ညွှန်ကြားချက်အရ ပိတ်ပင်ထားသော ဝက်ဆိုဒ်များထဲမှ ၃ခုကို ပြန်ဖွင့်ပေးရန် ညွှန်ကြားချက်ကို ထပ်မံရရှိပါသည်။ မတ်လ ၂၀ရက်နေ့ ၂၀၂၀ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံအတွင်း၌ ပိတ်ပင်ထားသော ယင်းဝက်ဆိုဒ် ၃ခုကို စက်တင်ဘာလ ၇ရက်နေ့ ၂၀၂၀ တွင်စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။  ဝက်ဆိုဒ်ပြန်လည်ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် အဆိုအရ ယင်းဝက်ဆိုဒ်များမှာ သတင်းမီဒီယာ ကျင့်ဝတ်ဖောက်ဖျက်မှုများ နှင့် ငြိစွန်းမှု မရှိကြောင်း၊ လူအများကို အထိတ်တလန့်ဖြစ်စေသော သတင်းမှား နှင့် သတင်းတုများ၊ ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်သည့် သတင်းများ ရေးသားဖြန့်ဝေခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် တရားဝင် မှတ်ပုံတင်ထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

တယ်လီနောမြန်မာအနေဖြင့် ပွင့်လင်းမြင်သာသည့် ဆက်သွယ်ပြောဆိုမှုကို လက်ကိုင်ယုံကြည်ထားပါသည်။

မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်များကို တားမြစ်ပိတ်ပင်ရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ တယ်လီနောမြန်မာသည် အာဏာ ပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။

Yangon
My Account
Live Chat
Share Share