26 October, 2020 - Yangon
သတင်းမှားများဖြန့်ချိသည့်အပြင် အမုန်းစကားများ ဖြန့်ဝေလျက်ရှိသည့် အမည်ရှိ ဝက်ဆိုဒ်တစ်ခုကို ပိတ်ပင်တား မြစ်ရန် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) လက်အောက်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) မှ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ညွှန်ကြားခဲ့ပါသည်။
ညွှန်ကြားချက်သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။ တယ်လီနောမြန်မာအနေဖြင့် ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး ညွှန်ကြားချက် နှင့် ပတ်သက်သည့် အခြားအသေးစိတ် အချက်အလက်များကို ဥပဒေနှင့်အညီ လျှို့ဝှက်ထိန်းသိမ်းထားရန် တယ်လီနောမြန်မာအနေဖြင့် တာဝန်ရှိပါသည်။
မြန်မာနိုင်ငံမှ သုံးစွဲသူများ အဆိုပါ ဝက်ဆိုဒ်၏ လင့်ခ်ကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါ ဝက်ဆိုဒ်ကို မြန်မာ အာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်ပါသည်။
တယ်လီနောမြန်မာသည် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသည့်လုပ်ငန်းကို ဆက်လက် ဆောင်ရွက် လျက်ရှိနေပြီး မိမိ၏ ဆက်သွယ်ရေးချန်နယ်ပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ရွေးချယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမပြုလုပ်သင့်သည့်အတွက် မပြုလုပ်ပါ။ ကုမ္ပဏီအနေဖြင့် ဝက်ဆိုဒ်များ တားမြစ်ပိတ်ပင်ရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ တားမြစ်ချက်များကို ကန့်သတ်ပေးရန် သို့မဟုတ် လျှော့ချပေးရန်နှင့် မြန်မာ အစိုးရအနေဖြင့် အများပြည်သူထံ ပိုမိုပွင့်လင်း မြင်သာစွာဖြင့် တင်ပြလာနိုင်စေရန် အာဏာပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။