Statement

ဝက်ဆိုဒ်တစ်ခု ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၈ ရက်၊ အောက်တိုဘာလ၊ ၂၀၂၀ နောက်ဆုံးအခြေအနေ)

08 October, 2020 - Yangon

အမည်ရှိဝက်ဆိုဒ်တစ်ခုကို ပိတ်ပင်တားမြစ်ရန်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှတယ်လီနောမြန်မာ အပါအဝင် အခြားအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။

ညွှန်ကြားချက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး သတင်းမှားများနှင့် ကောလဟာလများ ဖြန့်ချိလုပ်ဆောင်မှုတို့ကြောင့် တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပိတ်ပင် ထားမည့် ဝက်ဆိုဒ်ကို အချိန်ကာလ မည်မျှထိ ပိတ်ပင်တားမြစ်ထားမည်ကို ညွှန်ကြားထားခြင်း မရှိပေ။ ညွှန်ကြား ချက်နှင့် ပတ်သတ်သည့် အခြားအသေးစိတ် အချက်အလက်များကို ဥပဒေနှင့်အညီ လျှို့ဝှက်ထိန်းသိမ်းထားရန် တယ်လီနောမြန်မာအနေဖြင့် တာဝန်ရှိပါသည်။

မြန်မာအစိုးရအာဏာပိုင်များအနေဖြင့် အဆိုပါ ညွှန်ကြားချက်များကို တရားဝင် ညွှန်ကြားခွင့် ရှိသော်ငြားလည်း ထိုကဲ့သို့ ကျင့်သုံးမှုသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းများကို ဖြစ်စေနိုင်ပါသည်။ တယ်လီနောမြန်မာအနေဖြင့် ညွှန်ကြားချက်ကို တရားဝင်လိုက်နာရန် တာဝန်ရှိပါသည်။ သို့သော်ငြားလည်း နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ထောက်ပြ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံမှ သုံးစွဲသူများ အဆိုပါ ဝက်ဆိုဒ်၏ လင့်ခ်ကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါ ဝက်ဆိုဒ်ကို မြန်မာ အာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်ပါသည်။

တယ်လီနောမြန်မာသည်  ဝက်ဆိုဒ်များ တားမြစ်ပိတ်ပင်ရန် ညွှန်ကြားချက်များနှင့်ပတ်သက်၍ တားမြစ်ချက် များကို ကန့်သတ်ပေးရန် သို့မဟုတ် လျှော့ချပေးရန်နှင့်  မြန်မာအစိုးရအနေဖြင့် အများပြည်သူထံ ပိုမိုပွင့်လင်း မြင်သာမှု ရှိလာစေရန် အာဏာပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။

Yangon
My Account
Live Chat
Share Share