Press Release

လေ့လာသင်ယူလိုစိတ်များပြားကြောင်း ဒီဂျစ်တယ်သင်ကြားမှုစနစ်ဖြင့် တယ်လီနောမြန်မာ ဝန်ထမ်းများ သက်သေပြ

18 January, 2019 - Yangon

  • ၂၀၁၈ ခုနှစ်အတွက် နာရီ ၄၀ လေ့လာသင်ကြားခြင်းစိန်ခေါ်မှုကို တစ်ဦးလျှင် ပျှမ်းမျှ ၄၄ ဒသမ ၆ နာရီကြာ လေ့လာခြင်းဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့
  • တယ်လီနောမြန်မာဝန်ထမ်းများအား ဤစိန်ခေါ်မှုကာလအတွင်း ကျွမ်းကျင်မှုနှင့် အသိပညာတိုးတက်စေရေး အတွက် ကောင်းမွန်သော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားခဲ့သည်
  • တယ်လီနောလုပ်ငန်းစုမှ အရေးပါသော ‘data and analytics’ နှင့် ဆိုက်ဘာဘေးကင်းရေးအပါအဝင် ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်ခုနစ်ခုအား နောင်လာမည့်နှစ် နာရီ ၄၀ စိန်ခေါ်မှုအတွက် လေ့လာသင်ကြားနိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်သည်

တယ်လီနောမြန်မာသည် ဒစ်ဂျစ်တယ်အနာဂတ်အတွက် ဝန်ထမ်းများအား ပြင်ဆင်ပေးသည့်အနေဖြင့် နာရီ ၄၀ ပညာရေး လေ့ကျင့်ခြင်း စိန်ခေါ်မှု ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာလိုက်သည်။ တယ်လီနောလုပ်ငန်းစုက ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ကာ တမူထူးခြားဆန်းသစ်သည့် နှစ်စဉ်သင်ကြားရေး စိန်ခေါ်မှုကို ပြုလုပ်ခဲ့ရာတွင် ယခုနှစ်အတွက် တယ်လီနောမြန်မာ ဝန်ထမ်းများက တစ်ဦးလျှင် ပျှမ်းမျှ ၄၄ ဒသမ ၆ နာရီနှုန်းထားဖြင့် သင်ယူခဲ့သည့် အတွက် ဒီဇင်ဘာလကုန်တွင် စိန်ခေါ်မှုကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။

“တယ်လီနော အသုံးပြုသူတွေသာမက ဝန်ထမ်းတွေကိုပါ အကောင်းဆုံး အကျိုးအမြတ် ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ တယ်လီနောလုပ်ငန်းစုကနေ ဝန်ထမ်းတွေအားလုံးအတွက် သင်ကြားရေးနဲ့ တိုးတက်ရေးအတွက် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနေပါတယ်။ ဒီ နာရီ ၄၀ စိန်ခေါ်မှုဟာ လျင်လျင် မြန်မြန်တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကာလမှာ တယ်လီနောဝန်ထမ်းတွေအတွက် ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ Chief People Officer တစ်ယောက်အနေနဲ့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ခဲ့တဲ့ တယ်လီနောမြန်မာက ဝန်ထမ်းတွေ အတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဝန်ထမ်းတွေက ဒီဒစ်ဂျစ်တယ် ပလက်ဖောင်းကနေ တစ်ဆင့် သင်ကြားမှုကို စိတ်အားထက်သန်မှုအပြည့်နဲ့ သင်ယူလိုကြောင်းပြသခဲ့ပြီး ဒီနည်းလမ်းဟာ ဝန်ထမ်းတွေရဲ့ အသက်မွေး ဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနော မြန်မာ၏ Chief People Officer ဖြစ်သူ Selina Lomholdt က ပြောကြားသည်။

ဤအစီအစဉ်အရ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ၂၀၁၈ခုနှစ်အတွင်း ၎င်းတို့၏အလုပ်ချိန်များထဲမှ အနည်းဆုံး နာရီ ၄၀ ကို ကိုယ်တိုင်ကိုယ်ကျသင်ယူလေ့လာခြင်းအတွက် အသုံးပြုရန်ဟူသော စိန်ခေါ်မှုတစ်ရပ်ကို ရရှိခဲ့ သည်။ ဤ စိန်ခေါ်မှုအား အထမြောက်အောင်မြင်ရေး အထောက်အကူဖြစ်စေရန်အတွက် GO20 (နေ့စဉ် မိနစ်၂၀ခန့် သင်ယူလေ့လာခြင်း)အစီအစဉ်ကို တယ်လီနောမြန်မာက စတင်လုပ်ဆောင်ခဲ့ပြီး ဝန်ထမ်းများ အားလုံးအနေဖြင့် ပညာရေးပိုင်းဆိုင်ရာ လေ့လာသင်ယူရန်၊ ကျွမ်းကျင်စေရန်နှင့် တိုးတက်လာစေရန် အတွက် အားပေးထောက်ပံ့ပေးခဲ့သည်။ တယ်လီနောမြန်မာ၏ သင်ယူလေ့လာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ဝန်ထမ်းများအားလုံး၏ နေ့စဉ်အချိန်ဇယားထဲတွင် သင်ယူလေ့လာရန်အချိန်ဟူ၍ သတ်မှတ်ကာ GO20 အစီအစဉ်ကို စတင်ခဲ့ပြီး အလုပ်အတွက် လိုအပ်သည့် အခြေခံဆောင်ရွက်မှုများကို သင်ယူလေ့လာ နိုင်ရန် နည်းလမ်းပြသပေးခဲ့သည်။ ဝန်ထမ်းများအတွက် လေ့လာသင်ကြားနိုင်သည့် နေရာသတ်မှတ်ပေး ထားပြီး ဤ နာရီ ၄၀ စိန်ခေါ်မှု၊ GO20 အစီအစဉ်တို့ကို လူသိများလာစေရန် ဆောင်ရွက်ခဲ့ကာ သင်ရိုး အတွက် အထောက်အကူဖြစ်စေမည့် ပစ္စည်းများကိုလည်း ဖြန့်ဝေပေးခဲ့သည်။

ဤလေ့လာသင်ကြားမှုလမ်းစဉ်မှတစ်ဆင့် ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်မှုအသစ်များ တိုးတက် ဖွံ့ဖြိုးလာစေပြီး ရရှိလာသောကျွမ်းကျင်မှုများကို ၄င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာတွင် ပြန်လည် အသုံးချသွား နိုင်မည် ဖြစ်သည်။ “ကျွန်မ ဒီအစီအစဉ်ကို ကြားလိုက်ရတဲ့အချိန်မှာ အရမ်းကို စိတ်ဝင်စားသွားတယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မ ဧရိယာလုပ်ငန်းမျိုးစုံအတွက် မတူညီတဲ့သင်တန်းတွေကို စတင်တက်ရောက်ခဲ့ပါ တယ်။ သင်ခန်းစာတွေကို ရုံးသွားရုံးပြန် ကားစီးနေတဲ့ အချိန်အတွင်းမှာရော၊ ရုံးပိတ်ရက်တွေနဲ့ အလုပ်ဆင်း ချိန်တွေမှာပါ လေ့လာခဲ့ပါတယ်။ ကျွန်မအနေနဲ့ တိုးတက်ကောင်းမွန်လာတဲ့ အချက်တွေနဲ့ ရလဒ်တွေကို ကိုယ်တိုင်သိမြင်ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်။ မိရိုးဖလာလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် ထုတ်ကုန် တွေ အသုံးပြုပြီး လုပ်ကိုင်သလိုမျိုး နည်းလမ်းသစ်တွေ၊ ဒီဂျစ်တယ်နည်းလမ်းတွေနဲ့ လုပ်ငန်းလည်ပတ်ပုံကို ပိုမိုနားလည်လာအောင် ဒီသင်တန်းတွေအကုန်လုံးက ကူညီပေးပါတယ်။ တယ်လီနောမြန်မာအဖွဲ့သား အနေနဲ့ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ရင်ဆိုင်ခွင့်ရတာကို ဂုဏ်ယူမိပြီး ပိုမိုဆန်းသစ်တဲ့ အကြံဉာဏ်တွေနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူပြည်သူတွေပေးအပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု တယ်လီနော မြန်မာ၏ Gaming, Entertainment, Music and Multimedia ဌာန အကြီးအကဲနှင့် လက်ထောက် မန်နေဂျာတစ်ယောက်ဖြစ်သူ မဧပရယ်မြင့်က ပြောကြားခဲ့သည်။

ဤ နာရီ ၄၀ စိန်ခေါ်မှုသည် တယ်လီနော လုပ်ငန်းစု၏သင်ကြားမှုဆိုင်ရာ လုပ်ငန်းစဉ်များအနက်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၈ နိုင်ငံမှ ဝန်ထမ်းများသည် အွန်လိုင်းတွင် ၄၀ ဒသမ ၉ နာရီကျော် သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး အခြားသင်ကြားမှု နည်းလမ်းများ တွင်လည်း အချိန်ပိုအနေ နှင့်သင်ကြားခဲ့ကြသည်။ ထပ်မံပြုလုပ်မည့် နာရီ ၄၀ စိန်ခေါ်မှုအတွက် ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်ခုနှစ်ခုအား တယ်လီနောလုပ်ငန်းစုက သုံးသပ်ဆုံးဖြတ် ခဲ့ပြီးဖြစ်သည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင်ပါဝင်မည့် သင်ကြားမှုဆိုင်ရာနယ်ပယ်များမှာ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှု၊ ကိုယ်ပိုင်စျေးကွက်ရှာဖွေရေး၊ automation နှင့် process ၊ cloud နှင့် virtualization၊ ဆိုက်ဘာလုံခြုံရေး၊ သုံးစွဲသူနှင့် ပတ်သက်သော IT နှင့် ထုတ်ကုန် စီမံခန့်ခွဲမှုတို့ ဖြစ်သည်။ တယ်လီနော လုပ်ငန်းစုတွင် ခေါင်းဆောင်မှုဆိုင်ရာအစီအစဉ် များစွာလည်းရှိပြီး ၂၀၁၈ခုနှစ်တွင် ခေါင်းဆောင်ပေါင်း ၂၀၀၀ အား strength-based coaching ဖြင့် သင်ကြားပေးခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share