Press Release

လူငယ်ကျောင်းသား ၃၀၀၀ ဦး တယ်လီနော အလင်းအိမ်စင်တာများ၏ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းပြီးမြောက်

28 March, 2018 - Yangon

  • အလင်းအိမ်စင်တာများက နိုင်ငံတဝန်းရှိ သင်တန်းသား/သူပေါင်း ၁၀၀,၀၀၀ နီးပါးအား သင်တန်းပို့ချပေးပြီး ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ကျောင်းသူ/သားပေါင်း ၅၀,၀၀၀ ခန့်အား ထပ်မံသင်ကြားပေးနိုင်ရန် မျှော်မှန်းထား

တယ်လီနော၏ အလင်းအိမ် စင်တာများမှ မတ်လအတွင်း ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဒစ်ဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှု သင်တန်းများတွင် တိုင်းဒေသကြီး ၆ ခုနှင့် ပြည်နယ် ၂ ခုမှ လူငယ်၊ လူရွယ်များနှင့် ကျောင်းသား/သူများ စုစုပေါင်း ဦးရေ ၃,၀၀၀ ခန့်ကို သင်ကြားပေးနိုင်ခဲ့သည်။

ယခုလအတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများ၊ ကယားနှင့် ရခိုင် ပြည်နယ် များရှိ အလင်းအိမ်စင်တာ စုစုပေါင်း ၂၄ ခုတွင် ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှုသင်တန်းများ ပို့ချ သင်ကြား ပေးခဲ့ရာ သင်တန်းသားများအနေဖြင့် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှုနှင့် အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုပုံ များအား လက်တွေ့သင်ယူခဲ့ကြသည်။ ဤအလင်းအိမ်စင်တာ သင်တန်းများသည် တယ်လီနောက နိုင်ငံတဝန်းတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများကို တစ်ဖက် တစ်လမ်းမှ အားဖြည့်ကူညီထားခြင်း ဖြစ်သည်။ တယ်လီနော၏ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းများသည် ယခုနှစ်အတွင်း နိုင်ငံတဝန်းရှိ ကျောင်းသား/သူပေါင်း ၂၅,၀၀၀ ခန့်အား သင်ကြားပေးသွားနိုင်ရန် မျှော်မှန်းထားသည်။ 

 

 

“တယ်လီနော သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွေ မှာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အကောင်းဆုံးအခွင့်အလမ်းတွေကို မိုဘိုင်းဖုန်းကိုအသုံးပြုပြီး ရှာဖွေတွေ့ရှိသွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျေးလက်ဒေသနဲ့ ဖွံ့ဖြိုးမှုအားနည်းတဲ့ လူမှုအသိုက်အဝန်းတွေ စမတ်ဖုန်း အခြေခံဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုတွေ တတ်မြောက်စေဖို့အတွက် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ အွန်လိုင်းကနေသော်လည်းကောင်း ကျေးလက်ဒေသအထိ သင်ကြားပေးနေတဲ့ အားရစရာကောင်းတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အလင်းအိမ်စင်တာသင်တန်းအစီအစဉ်တွေကနေတဆင့် နိုင်ငံတဝန်း သင်တန်းသားပေါင်း ၁၀၀,၀၀၀ ကျော်ကို သင်ကြား ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ထပ် ကျောင်းသားကျောင်းသူပေါင်း ၅၀,၀၀၀ ခန့်ကို ထပ်မံ သင်ကြား ပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

“ဆက်သွယ်ရေးကဏ္ဍဟာ လူ့အဖွဲ့အစည်းကို ပိုမိုအဆင့်မြင့်မားလာစေနိုင်တယ်လို့ တယ်လီနောမြန်မာက ယုံကြည် ထားတာနဲ့အညီ အလင်းအိမ်စင်တာလိုမျိုး ပြည်သူလူထုတွေ၊ ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ အွန်လိုင်းကနေသော်လည်းကောင်း ကျေးလက်ဒေသအထိ သင်ကြားပေးနေတဲ့ အားရစရာကောင်းတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အလင်းအိမ်စင်တာသင်တန်းအစီအစဉ်တွေကနေတဆင့် နိုင်ငံတဝန်း သင်တန်းသားပေါင်း ၁၀၀,၀၀၀ ကျော်ကို သင်ကြား ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ထပ် ကျောင်းသားကျောင်းသူပေါင်း ၅၀,၀၀၀ ခန့်ကို ထပ်မံ သင်ကြား ပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

“ဆက်သွယ်ရေးကဏ္ဍဟာ လူ့အဖွဲ့အစည်းကို ပိုမိုအဆင့်မြင့်မားလာစေနိုင်တယ်လို့ တယ်လီနောမြန်မာက ယုံကြည် ထားတာနဲ့အညီ အလင်းအိမ်စင်တာလိုမျိုး ပြည်သူလူထုတွေ၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမို အဆင့့်မြင့်မားလာစေမယ့် အစီအစဉ်တွေနဲ့  မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာစေမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့က ကျွန်တော်တို့ အမြဲဦးစားပေး ထားပါတယ်” ဟု ဦးမင်းသူက ပြောကြားသည်။ 

အလင်းအိမ်စင်တာများအစီအစဉ်ကို ၂၀၁၄ ခုနှစ်မှ စတင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသနေ ပြည်သူလူထုကို ဒစ်ဂျစ်တယ်နည်းပညာ သင်ကြားပို့ချပေးနိုင်ရန်အတွက် လူမှုစွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ထားသော သင်တန်းကွန်ရက်တစ်ခု ဖြစ်သည်။ Myanmar ICT for Development Organisation (MIDO) နှင့် ပူးပေါင်းခဲ့ပြီး တယ်လီနောအနေဖြင့် အလင်းအိမ်စင်တာ ၆၀ ကျော်အား နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းမ်ကဒ်နှင့် စမတ်ဖုန်း ထိုးဖောက်မှုနှုန်းမှာ မြင့်မားလှသော်လည်း LirneAsia ၏ သုတေသနပြု ချက်အရ အင်တာနက် အသုံးပြုသူများ၏ ၈၀% နီးပါးမှာ ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု နိမ့်ပါးနေကြောင်း သိရှိရသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor