Press Release

လူကြိုက်များသော တယ်လီနော၏ “ချွင်ချွင်” ကံစမ်းမဲအစီအစဉ် အတွက် အထူးဆု ကံထူးရှင်အား ကြေညာ

06 April, 2019 - Yangon

  • တယ်လီနောမြန်မာမှ ချွင်ချွင်ကံစမ်းမဲ အစီအစဉ်၏ အထူးဆုဖြစ်သော KIA Sportage 2018 SUV ကားသစ် အတွက် ကံထူးရှင်အပါအဝင် အခြားသော ‘Mega Draw’ ဆုမဲပေါင်း ၁၅ဆု အတွက် ကံထူးရှင်များအား ကြေညာခဲ့
  • ကံစမ်းမဲကာလအတွင်း တယ်လီနောမှ တစ်ရက်လျှင် ဆုမဲပေါင်း ၈၀၀၀ ကျော် အပါအဝင် စုစုပေါင်း ဆုမဲ ၂၀၀,၀၀၀ ကျော်အား သုံးစွဲသူများထံ ပေးအပ်ခဲ့
  • မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် သင်္ကြန် ပရိုမိုးရှင်းအစီအစဉ် အသစ် ကိုလည်း မိတ်ဆက်ပေးခဲ့

လူကြိုက်များသော တယ်လီနောမြန်မာ၏ “ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်အား နိုင်ငံတစ်ဝှမ်းမှ ‘Mega Draw’ အထူးဆုများအတွက် ကံထူးရှင် ၁၆ ဦးအား ကြေညာခြင်းဖြင့် အောင်မြင် ခမ်းနားစွာ အဆုံးသတ်ခဲ့သည်။ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မန္တလေးရှိ Mandalay Hill ဟိုတယ်တွင် ဧပြီလ ၅ ရက်နေ့၌ အခမ်းအနား အစီအစဉ်များစွာအပြင် ပြည်တွင်းမှ နာမည်ကြီးအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများစွာဖြင့် ခမ်းနားစွာ ကျင်းပခဲ့သည်။

“ချွင်ချွင်” ကံစမ်းမဲအစီအစဉ်တွင် တယ်လီနောသုံးစွဲသူ အများအပြား ပါဝင်ကံစမ်းခဲ့ပြီး အထူးဆုကြီးများမှလွဲ၍ ဆုမဲပေါင်း ၂၀၀,၀၀၀ ကျော် (နေ့စဉ် ဆုမဲပေါင်း ၈,၀၀၀ ကျော်) အား ကံစမ်းမဲကာလအတွင်း သက်ဆိုင်ရာ ကံထူးရှင်များထံ ပေးအပ်ခဲ့သည်။ “ချွင်ချွင်” သည် တယ်လီနော၏ နောက်ဆုံးပေါ် အဆင့်မြှင့်တင်ထားသော ‘My Telenor 3.0 အက်ပလီကေးရှင်း’ ပေါ်မှတဆင့် သုံးစွဲသူများထံ ပေးအပ်ခဲ့သည့် ပထမဦးဆုံးသော ဒစ်ဂျစ်တယ် ကံစမ်းမဲ အစီအစဉ်ဖြစ်ပြီး ပါဝင်ကံစမ်းသူများသည် ချက်ချင်းပေါက် ချက်ချင်းယူ (Instant Win) အစီအစဉ်မှ မိုဘိုင်းဖုန်းများ၊ ဖုန်းခေါ်ဆိုမှု မိနစ်များနှင့် တယ်လီနော၏ မိတ်ဖက် အဖွဲ့အစည်းများထံမှ လျှော့စျေးခံစားခွင့်များ အပါအဝင် စိတ်လှုပ်ရှားစရာ ဆုမဲများစွာအား ချက်ချင်းကံစမ်း ရယူနိုင်သည့်နည်းတူ လက်မှတ်များအား စုဆောင်းထားပြီး အထူးဆုဖြစ်သည့် KIA Sportage 2018 SUV အမျိုးအစား ကားသစ်တစ်စီး အပါအဝင် အခြားသော ဆုကြီးများအား ကံစမ်းနိုင်မည့် ပိုမို စိတ်လှုပ်ရှားစရာ ကောင်းသော 'Mega Draw' အစီအစဉ်တွင်လည်း ပါဝင်ကံစမ်းခဲ့ကြသည်။ ဤ ကံစမ်းမဲ အစီအစဉ်အား ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင်

အမည် - မရတနာဝင်း
ပြည်နယ်/တိုင်းဒေသကြီး - ရန်ကုန်တိုင်းဒေသကြီး

မှ အထူးဆုကြီးဖြစ်သည့် KIA Spotage 2018 SUV ကားသစ်ကြီးအား ဆွတ်ခူးရရှိခဲ့သည်။

အခြားသော အထူးဆုများဖြစ်သည့် Samsung 55” စမတ်တီဗီများနှင့် Apple iPad များအတွက် ကံထူးရှင်များ ကိုလည်း အခမ်းအနားတွင် ကြေညာခဲ့ပြီး အဆိုပါ ဆုမဲများအား နောက်ထပ် ၇ ရက်မှ ၁၀ ရက်တာ ကာလအတွင်း သက်ဆိုင်ရာ ကံထူးရှင်များထံ ပေးအပ်သွားမည်ဖြစ်သည်။ (ကံထူးရှင်များ၏ အမည်စာရင်းအား တယ်လီနောမြန်မာ၏ တရားဝင် Facebook စာမျက်နှာတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။)

“ကျွန်တော်တို့အနေနဲ့ ချွင်ချွင် ကံစမ်းမဲ အစီအစဉ်ရဲ့ အောင်မြင်မှုကို မြင်ရတာ အင်မတန် ဝမ်းမြောက်မိပြီး ဒီအစီအစဉ်မှာ ဆုမဲတွေ ဆွတ်ခူးရရှိခဲ့တဲ့ ပါဝင်ကံစမ်းသူတွေအတွက်လဲ အရမ်းကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အလုံးစုံ ဒစ်ဂျစ်တယ်စနစ်သုံး ပရိုမိုးရှင်း အစီအစဉ် ဖြစ်တဲ့ ဒီချွင်ချွင် ပရိုမိုးရှင်းကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် တယ်လီနောအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဦးဆောင် အော်ပရေတာ တစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ် ခရီးစဉ် ကို ကူညီထောက်ပံ့ပေးမယ့် ရည်သန်ချက်တစ်ခုအနေနဲ့ ကျွန်တော်တို့ တယ်လီနောမြန်မာ ကနေ စိတ်လှုပ်ရှားစရာ အစီအစဉ်သစ်တွေကို အနာဂတ်မှာလည်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Sharad Mehrotra မှ ပြောကြားခဲ့သည်။

အခမ်းအနားတွင် “ချွင်ချွင်” ကံစမ်းမဲအစီအစဉ်၏ ကံထူးသူများကို ကြေညာခဲ့သည့်နည်းတူ တယ်လီနောမြန်မာသည် မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် ‘Talk More, Surf Free’ (တစ် မိနစ်ဖုန်းပြော တစ်မဂ္ဂါဘိုက်ဒေတာ လက်ဆောင်ယူ) အမည်ရှိ ပရိုမိုးရှင်း အစီအစဉ်သစ် တစ်ခုကိုလည်း မိတ်ဆက်ခဲ့သည်။ ဤအစီအစဉ် အရ တယ်လီနော၏ Prepaid အသုံးပြုသူများသည် ဧပြီ ၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဖုန်းခေါ်ဆိုမှု ၁ မိနစ်စီတိုင်း အတွက် ၁ မဂ္ဂါဘိုက် ဒေတာ ပမာဏအား အပိုထပ်ဆောင်း ရရှိသွားမည်ဖြစ်သည်။ ဤဝန်ဆောင်မှုအား မည်သည့်အခကြေးငွေမှ ပေးဆောင်စရာမလိုပဲ *7777# ကိုဖုန်းခေါ်ဆို၍ အလွယ်တကူ ရယူသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် တယ်လီနောသည် My Telenor 3.0 အက်ပလီကေးရှင်း၏ ‘ရှယ်ရှိတ်’ အစီအစဉ်အား ပုံစံအသစ် ‘ရှယ်သင်္ကြန်၊ ရှယ်ရှိတ်၊’ အနေဖြင့် ဆက်လက်အသုံးပြုသွားနိုင်ရန် စီစဉ်ပေးထားပြီး အသုံးပြုသူများ အနေနှင့် My Telenor app 3.0 တွင် ဒေတာစုဘူး ပမာဏ ရ၀၀ မဂ္ဂါဘိုက် ဝယ်ယူမှုတိုင်းအတွက် အပိုထပ်ဆောင်း ဒေတာလက်ဆောင် ပမဏ ၁၀၀ ဂဂ္ဂါဘိုက်အထိ ကံစမ်းရရှိသွားနိုင်မည်ဖြစ်သည်။

အလားတူပင် သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လည်ပတ်ရန် စီစဉ်နေသူများသည်လည်း မကြာသေးမီကမှ မိတ်ဆက်ခဲ့သည့် ၉၉၉ ကျပ်သာ ကျသင့်မည့် တယ်လီနော၏ နိုင်ငံရပ်ခြား အင်တာနက် အသုံးပြုနိုင်သည့် အစီအစဉ်သစ်ကိုလည်းအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းအား တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့် တပြိုင်နက် ၃ ရက်ကြာ (၇၂ နာရီ) အင်တာနက် အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်ရက်တာလျှင် ဒေတာပမာဏ ၁ GB ကို အမြင့်ဆုံးရရှိ နိုင်မည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ သတ်မှတ်ထားသော ဒေတာပမာဏ ( ၁ GB) ကုန်ဆုံးသွားပါကလည်း တစ်စက္ကန့်လျှင် ၅၁၂ ကီလိုဘိုက်မြန်နှုန်း ဖြင့် ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည့် အတွက် သုံးစွဲသူများအနေဖြင့် အခကြေးငွေ တစ်စုံတစ်ရာ ထပ်မံပေးဆောင်စရာ မလိုပဲ အီးမေးလ်စစ်ခြင်း၊ လူမှုကွန်ရက်များ အသုံးပြုခြင်း အစရှိသည်တို့အား အပူအပင်မရှိ ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ၎င်း၏ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် လတ်တလောတွင် ‘ခင်မင်’ Chatbot ဝန်ဆောင်မှု၊ Mobile Legends ဂိမ်းကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များ ပေးအပ်သည့် အစီအစဉ်၊ တယ်လီနောအသုံးပြုသူများသာ သီးသန့်ရယူနိုင်မည့် Disney Portal၊ ပုံစံသစ်ဒေတာ စုဘူးနှင့် ဗေဒင် အစရှိသည့် အစီအစဉ်များစွာအား မိတ်ဆက်ပေးအပ်ခဲ့သည်။ ထို့အပြင် မကြာသေးမီကလည်း မြန်မာနိုင်ငံရှိ တယ်လီနော သုံးစွဲသူများအတွက် ဆန်းသစ်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအသစ်များအား ဖန်တီးပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောသည် မြန်မာနိုင်ငံတွင် အကောင်းမွန်ဆုံးနှင့် လူကြိုက် အများဆုံးသော ဗီဒီယို အက်ပလီကေးရှင်းများ ဖြစ်သည့် myanflix, YouTube, Viu, WowPlay တို့နှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းဆိုင်ရာ သဘောတူညီမှုစာချုပ်အား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share