04 April, 2020 - Yangon
ယခင်နှစ်များနှင့် မတူညီစွာ ဖြတ်သန်းကြရမည့် မြန်မာနှစ်သစ်ကူး (သင်္ကြန်) အခါသမယကို ကြိုဆိုသည့်အနေနှင့် တယ်လီနောသည် ဒီဂျစ်တယ်ကမ်ပိန်းသစ်ဖြစ်သည့် “ပျော်ပြီးရင်းပျော်” အပြင် သုံးစွဲသူများအနေဖြင့် ကြိုတင်ငွေဖြည့်သွင်းရာတွင်လည်း ၅၀% ဖုန်းဘေလ် အပို လက်ဆောင်ရရှိမည့် အစီအစဥ်တို့ကို မိတ်ဆက်လိုက်ပါသည်။ ဤသို့ မိတ်ဆက်လိုက်သည့် တချိန်တည်း မှာပင် တယ်လီနောသည် ကမ္ဘာ့ကူးစက် ကပ်ရောဂါ ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းနေကြသည့် သုံးစွဲသူများနှင့် လူ့အသိုက် အဝန်းများကို တဖက်တလမ်းမှ ကူညီပံ့ပိုးပေး နိုင်ရန်လည်း ၎င်း၏ ရှေ့ပြေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ဆင်နွှဲကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည့် သင်္ကြန်ရေသဘင်ပွဲတော်သည် ယခုနှစ်တွင် ရက်သတ္တပတ် ၁ ပတ်တာခန့်ကြာမြင့် မည်ဖြစ်သည်။ သို့သော် ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အချိန်တွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သည့်အနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်နှင့် ဆိုင်သည့် ပွဲများကို ဖျက်သိမ်းခဲ့ကြပြီးဖြစ်သည်။ ငွေကြိုတင်ဖြည့်သွင်းခြင်း သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ pack များကို ဝယ်ယူခြင်းဖြင့် တယ်လီနော ငွေကြိုတင်ဖြည့်သွင်း အသုံးပြုသည့် သုံးစွဲသူများသည် မိုင်တယ် လီနော (MyTelenor) အက်ပ်ပလီကေးရှင်းရှိ “ပျော်ပြီးရင်းပျော်” အစီအစဉ်မှ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ သော ဆုလက်ဆောင်များကို ရရှိနိုင်မည်ဖြစ်သည်။ ထိုအစီအစဥ်မှ မိုဘိုင်း ဝန်ဆောင်မှုဆိုင်ရာဆုများနှင့် အခြားဆုလက်ဆောင်များကို လက်ငင်းကံထူးနိုင်မည့် အခွင့်အရေးများအပြင် ဆုကြီးပေါက်ရန် အတွက် လည်း လက်မှတ်များ ထပ်ပေါင်းထည့်နိုင်မည့် အခွင့်အရေးများကို ရရှိစေမည်ဖြစ်သည်။ ယခုအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကိုလည်း တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ် ပျော်ပြီးရင်းပျော် မှ တဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။
“ဒီနှစ် သင်္ကြန်ကတော့ အရင်ကနဲ့ မတူဘဲ နှစ်ကူးပွဲတော် ကျင်းပဆင်နွှဲကြမယ့်အစား ဘေးကင်းလုံခြုံတဲ့အ ကွာအဝေးကနေ နေထိုင်ရင်း နှစ်ကူးကို ကျော်ဖြတ်ကြရမှာပါ။ ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) က ကျွန်တော် တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် ခက်ခဲလာနိုင်ပါ တယ်။ ဒီလို အခြေအနေမှာ မိုဘိုင်းဆက်သွယ်ရေးက အထောက်အပံ့တစ်ခုအနေနဲ့ ရှိနေပေးပါတယ်။ အခု အိမ်မှာ နေနေ ကြတဲ့ သုံးစွဲသူတွေလည်း တမူထူးခြားတဲ့ ဒီဂျစ်တယ်နည်းလမ်းတွေနဲ့ သင်္ကြန်ကို ဆင်နွှဲနိုင်ပါသေးတယ်။ လူတိုင်းကိုလည်း သက်ဆိုင်ရာက ချမှတ်ထားတဲ့ အကြံပြုချက်တွေကို လိုက်နာဖို့၊ အိမ်မှာပဲ ဘေးကင်း လုံခြုံအောင် နေထိုင်ဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့အားလုံး မြန်မာနှစ်သစ်အခါ သမယကို ဆင်နွှဲကြမှာ ဖြစ်တဲ့အတွက် ပျော်ပြီးရင်းပျော်နဲ့အတူ ဒီလို အားလုံးပါဝင်နိုင်တဲ့ ကစားနည်းတွေရယ် ထူးခြားတဲ့ ဆုလက်ဆောင်တွေက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို မြှင့်တင်ပေးဖို့ တဖက်တလမ်း ကနေ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Jon Omund Revhaug မှ မှတ်ချက်ပေးပြောကြားခဲ့သည်။
ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း နေ့စဉ်ဘဝတွင်း ရုတ်ချည်း ပြောင်းလဲမှုများနှင့် အတူ အခြေအနေ အရပ်ရပ်များကို ကြုံတွေ့ခံစားနေရသည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင် သည်။ တယ်လီနောအနေနှင့်လည်း သုံးစွဲသူများ မိမိတို့ချစ်ခင်ရသူများနှင့် အမြဲမပြတ်ဆက်သွယ်နိုင်ရေး၊ လုပ်ငန်းများအနေနှင့် အိမ်မှအလုပ်လုပ်ခြင်း (work-from-home) ဆိုင်ရာ စီစဉ်မှုများအောက် တွင်ကျယ်စွာ လုပ်ငန်းလည်ပတ်နိုင်ရန်အပြင် တယ်လီနော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ ဘေးကင်း လုံခြုံရေး စသည်တို့ကို သေချာစေရန် အစီအစဥ်များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
“လူ့အဖွဲ့အစည်းတွေကို မြှင့်တင်ပေးနိုင်ဖို့ရာ သုံးစွဲသူတွေကို သူတို့ရဲ့ အရေးပါသူတွေနဲ့ အမြဲမပြတ်ဆက် သွယ်ချိတ်ဆက်ပေးနိုင်ဖို့အတွက် တယ်လီနောက အမြဲအဆင်သင့် ရှိပါတယ်။ ဒီလိုအချိန်မှာ တော်တော် များများက အချင်းချင်း အဆက်အသွယ် ရှိနေဖို့နဲ့ အလုပ်အတွက် ဒီဂျစ်တယ် အထောက်အပံ့တွေအပေါ် လုံးဝ မှီခိုနေရတော့မယ့်အတွက် နံပါတ် (၁) လုပ်ရပ်ကတော့ ဒေတာအသုံးပြုမှု အဆမတန် တိုးတက်လာမှု တွေကို ကျွန်တော်တို့ရဲ့ ကွန်ရက်တွေက ကောင်းကောင်းကိုင်တွယ်နိုင်အောင် လုပ်ဆောင်ပေးထားဖို့ပါပဲ။ သုံးစွဲသူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကျန်းမာရေးထက် ပိုအရေးကြီးတာမရှိတဲ့အတွက် ကမ္ဘာ့ကူးစက်ကပ် ရောဂါ ကိုဗစ်-၁၉ ကို ကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် နိုင်ငံတော်နဲ့အတူ စည်းလုံး ညီညွတ်မှုရှိရှိ ရှေ့ပြေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပါတယ်” ဟု Revhaug က ဖြည့်စွက်ပြောကြားခဲ့သည်။
တယ်လီနောမြန်မာသည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ နှင့်ပတ်သက်ပြီး နေ့စဥ်သတင်းများကို စောင့်ကြည့်လျက်ရှိပြီး လိုက်နာရမည့် စည်းမျဥ်းများကိုလည်း လျင်လျင်မြန်မြန် ချမှတ်ပေးလျက် ရှိနေပါ သည်။ မြန်မာနိုင်ငံတဝှမ်းရှိ သုံးစွဲသူများနှင့် လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရန် လိုအပ် သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တယ်လီနောမြန်မာအနေနှင့် ဆက်လက်ပံ့ပိုးပေးသွား မည်ဖြစ် သည်။ ထို့အပြင် တယ်လီနောမြန်မာအနေဖြင့် ပြည်သူလူထုအကြား ကိုဗစ် -၁၉ ဆိုင်ရာ ဘက်မလိုက်၊ မျှတ သည့် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရေးအတွက် ၎င်း၏ ဆက်သွယ်ရေး ကွန်ရက်ဖြင့် နိုင်ငံတော်အစိုးရအား တစ်ထောင့်တစ်နေရာမှ ပံ့ပိုးလျက်ရှိသည်။
တယ်လီနောမြန်မာမှ လုပ်ဆောင်နေသည့် အစီအစဉ်များမှာ
အခြေအနေ ပြောင်းလဲလာမှုပေါ် မူတည်၍ တယ်လီနောမြန်မာသည် မြန်မာအစိုးရ၊ ရှေ့တန်းမှ မားမား မတ်မတ် ရပ်တည်တိုက်ပွဲဝင်နေသူများနှင့် နိုင်ငံသားများအတွက် အထောက်အကူ ပြုနိုင်မည့် နည်းလမ်းများ ကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ်မှုများ လုပ်ဆောင် သွားမည် ဖြစ်သည်။
ချစ်ခင်ရသူများနှင့် အကွာအဝေးတစ်ခုခြားကာ နေထိုင်ရခြင်းသည် တစ်ခဏတာမျှဖြစ်သည့်တိုင်တောင် ဘယ်သောခါမှ လွယ်ကူသည့်အရာ မဟုတ်ပေ။ ဤကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ဗိုင်းရပ်စ်ပိုးကို အတူတကွ ခုခံကာကွယ်နိုင်ရန် ကျွန်ုပ်တို့အားလုံး အိမ်တွင်းနေရသည့် ကာလအတွင်း မိမိအတွက် အရေးပါ သူများနှင့် ဆက်လက်ဆက်သွယ်မှု ရှိနေနိုင်ရန် တယ်လီနောက အမြဲအတူရှိနေမည် ဖြစ်ပါသည်။ #StaySafeMyanmar
တယ်လီနောမြန်မာအကြောင်း
တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု များအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ် ပြန့်ဆုံးသော ကွန်ရက်မှ တဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ များအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
မီဒီယာများ ဆက်သွယ်ရန်
ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ
မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ