လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးလုပ်ငန်းများ ကို ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ်တွင် ပိုမိုအသုံးချရန် တယ်လီနောက ဆောင်ရွက်

02 December, 2016 - Yangon

  • ပထမအကြိမ် သင်တန်းများအနေနှင့် လက်တွဲလုပ်ကိုင်သော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် စွန့်ဦးတီထွင်သူ စုစုပေါင်း အယောက် ၂၀၀ ကျော်အား သင်ကြားပေးရန် ရည်ရွယ်

တယ်လီနောမြန်မာလီမိတက် (တယ်လီနော) အနေနှင့် မြန်မာနိုင်ငံမှ ၎င်း၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှုလုပ်ငန်းစဉ် တစ်ခုလုံးတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ပိုမို အားကောင်းလာစေရန် ရည်ရွယ်၍ သင်တန်းပေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်များအား ပြုလုပ်သွားမည်ဖြစ်သည်။

ပထမဦးဆုံးအကြိမ် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး သင်တန်းအား တယ်လီနော၏ မိတ်ဖက် လူမှုအကျိုးပြုလုပ်ငန်းများမှ သင်တန်းပို့ချမည့်သူများအတွက် ရည်ရွယ်၍ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ တယ်လီနော၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများမှ ပထမအသုတ် သင်တန်းပို့ချသူများအနေနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဝန်ထမ်းများအား သင်တန်းပြန်လည်ပို့ချမှုသည် ယခုနှစ် ဒီဇင်ဘာလလယ်တွင် ပြီးမြောက်မည်ဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့အစည်းအတွင်းမှာသာမက စီးပွားရေး လုပ်ကိုင်နေတဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ထောက်ပံ့မှုလုပ်ငန်းစဉ် တစ်ခုလုံးမှာပါ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးနဲ့ ပက်သက်ပြီး အသိပညာပေးတာတွေနဲ့ လိုက်နာ ဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံအတွင်းက တယ်လီနောရဲ့ စဉ်ဆက်မပြတ်စီးပွားရေး လုပ်ကိုင် ဆောင်ရွက်မှုတွေမှာ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ တယ်လီနော အနေနဲ့ ဘယ်လိုခြစားမှုမျိုးကိုမဆို လက်ခံသွားမှာ မဟုတ်တဲ့အပြင် စီးပွားရေးကိုလုပ်ကိုင်တဲ့နေရာမှာလည်း အမြင့်မားဆုံး ကျင့်ဝတ်လိုက်နာမှုမျိုးနဲ့ ဆောင်ရွက်သွားဖို့ သံန္ဒိဌာန်ချထားပါတယ်။ တယ်လီနောရဲ့ အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းမှုအနေနဲ့ စဉ်ဆက်မပြတ်တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ဘယ်နေရာမှာ ဆောင်ရွက်သည်ဖြစ်စေ စိ်တ်ချယုံကြည်မှု အပြည့်အဝရှိအောင် စံသတ်မှတ်ချက်တစ်ခုကို ချမှတ်ထားပါတယ်။

လာဘ်ပေးလာဘ်ယူခြစားမှုကို လုံးဝလက်မခံတဲ့ ၊ ဒီစည်းမျဉ်း စည်းကမ်းတွေကို တယ်လီနောရဲ့ လုပ်ငန်းဆောင်တာအဝဝမှာ အပြည့်အဝ လိုက်နာကျင့်သုံးမှုရှိကြောင်း သေချာစေဖို့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးလည်ပတ်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ တယ်လီနောနဲ့ လက်တွဲဆောင်ရွက်တဲ့ လုပ်ငန်းပါတနာတွေကို လာဘ်စားမှုတိုက်ဖျက်ရေး သင်တန်းများကို ပေးရတာ အထူးပဲဂုဏ်ယူမိပါတယ်”” ဟု တယ်လီနော၏ Head of Business Sustainability ဖြစ်သူ ကိုမင်းသူက ပြောသည်။

ထို့အပြင် ၎င်းမှ ဆက်လက်၍ တယ်လီနောနှင့် အတူလက်တွဲလုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များအနေနှင့် စီးပွားရေးလုပ်ငန်းများကို မှန်ကန်စွာ လုပ်ဆောင်ရန်မှာ အရေးကြီးပြီး မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည့် အတွက် ယခုကဲ့သို့ သင်တန်းများကို အနာဂတ်တွင်ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

အဆိုပါ သင်တန်းပေးခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်များတွင် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးနှင့် ပက်သက်သော ဖြစ်နိုင်ချေ အမျိုးမျိုးနှင့်ပတ်သက်၍ အပြန်အလှန် သုံးသပ်ဆွေးနွေးမှုများ နှင့် တယ်လီနော၏ မူဝါဒ၊ လက်တွဲဆောင်ရွက်သော လုပ်ငန်းများအတွက် တာဝန်ဝတ္တရား အနည်းပါးဆုံး ဖြစ်စေရန် နှင့် ပြည်တွင်းနှင့် ကိုက်ညီအောင် ရေးဆွဲထားသော လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဆိုင်ရာ အွန်လိုင်းအချက်အလက်များနှင့် လိုက်လျောညီထွေမှုအရှိဆုံး တုံ့ပြန်ဆောင်ရွက်ချက်များအား ဖော်ထုတ်ခြင်းများ ပါဝင်သည်။

တံစိုးလက်ဆောင် လုံးဝမပေးရေး မူဝါဒ

၂၀၁၆ ခုနှစ် မေလတွင် တယ်လီနောအနေနှင့် ၎င်း၏ လုပ်ငန်းဆောင်တာအဝဝတွင် ဖြောင့်မှတ်မှုနှင့် ကျင့်ဝတ်သိက္ခာရှိမှု အမြင့်ဆုံး စံညွှန်းရှိစေရေး လက်ရှိ ဆောင်ရွက်ချက်များကို ထပ်မံအားဖြည့်မှုအဖြစ် တံစိုးလက်ဆောင် လုံးဝမပေးရေး မူဝါဒကို စတင်ချမှတ်ခဲ့သည်။ ၎င်းမူဝါဒအရ တယ်လီနောနှင့် ယင်း၏ ဝန်ထမ်းများသည် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများ၊ လုပ်ငန်းသဘောအရ ပက်သက်ဆက်နွယ်သူ stakeholder များကို တံစိုးလက်ဆောင်ပေးအပ်ခြင်း သို့မဟုတ် တံစိုးလက်ဆောင် လက်ခံရယူခြင်းများအား လုံးဝမပြုလုပ်ရန် တားမြစ်ထားပါသည်။

ကျင့်ဝတ်လိုက်နာမှုနှင့် ပွင့်လင်းမြင်သာမှုတို့မှာ တယ်လီနော လုပ်ငန်းအဝဝ၏ အခရာ ဖြစ်သည်။

တယ်လီနောသည် အကျင့်ပျက်ခြစားမှုပုံစံ အားလုံးကို ပြင်းထန်စွာ ဆန့်ကျင်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကျင့်ဝတ်သိက္ခာစံနှုန်း အမြင့်မားဆုံးနှင့် ကိုက်ညီစွာ ဆောင်ရွက်ရန် သံန္ဓိဌာန် ချမှတ်ထားပါသည်။ လာဘ်ပေးလာဘ်ယူခြစားမှုကို လုံးဝ သည်းခံမှု မရှိသော ကုမ္ပဏီ၏ ရပ်တည်ချက် နှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများကို ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းနှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးမူဝါဒများတွင် ထည့်သွင်းဖော်ပြထားပါသည်။ တယ်လီနောနှင့် စာချုပ်စာတမ်းချုပ်ကာ လက်တွဲဆောင်ရွက်သည့်လုပ်ငန်းများ၊ တယ်လီနောသို့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုပေးအပ်သူများအားလုံးသည်လည်း တယ်လီနော၏ လုပ်ငန်းလက်တွဲဖော်များအပါအဝင် အနိမ့်ဆုံးလိုက်နာရမည့် စံသတ်မှတ်ချက်များ ပါဝင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor