Press Release

ရေရှည်တည့်တံ့မည့် အနာဂတ် ဖော်ဆောင်ရန်အတွက် မြန်မာလူငယ် ၂ ဦး အပါအ၀င် အာရှနှင့် ဥရောပမှ လူငယ် ခေါင်းဆောင် ၂၄ ဦး ကို တယ်လီနော စုစည်း

23 November, 2017 - Yangon

နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကျင်းပသည့် ပဉ္စမအကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်သည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်တော့မည် ဖြစ်ပါသည်။ နန်းကံ့ကော်ယွက်ဆိုင်နှင့် ရာသူ(လ်) ပရာဆတ်တို့သည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်တက်ရောက်ကြမည် ဖြစ်ပါသည်။

တယ်လီနောလူငယ်ဖိုရမ် တက်ရောက်ခွင့်ရရန် ကမ္ဘာတစ်၀ှမ်းမှ ၂၀-၂၈ နှစ်ကြားရှိလျှောက်ထားသူ ၈၀၀၀ ဦးနီးပါးအနက်မှ ထူးချွှန်လူငယ် ၂၄ ဦးရွေးချယ်ခံရခြင်း ဖြစ်ပါသည်။ ဖိုရမ်ကိုဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိအော်စလိုမြို့တွင် ကျင်းပမည် ဖြစ်ပြီးရွေးချယ်ခံလူငယ် ကိုယ်စားလှယ်များသည် လူမှု၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှု များကိုအဖွဲ့များဖွဲ့၍ ဖြေရှင်းကြမည် ဖြစ်သကဲ့သို့ နိုဗယ်ငြိမ်းချမ်းရေးဆုဆိုင်ရာအခမ်းအနားများတွင်လည်း ပါ၀င် ဆင်နွှဲကြမည် ဖြစ်ပါသည်။

တယ်လီနောဈေးကွက်များရှိသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ တစ်နိုင်ငံလျှင်အရည်အချင်းရှိလူငယ် ကိုယ်စားလှယ် ၂ ဦးစီကိုယ်စားပြုကြမည် ဖြစ်ပါသည်။ ယင်းလူငယ် ကိုယ်စားလှယ်များသည် ၂၀၁၈ ခုနှစ် မေလအထိ ကြာမြင့် မည့် ဖိုရမ်အစီအစဉ်တစ်လျှောက် ပူးပေါင်းပါ၀င်နေကြကာ သက်ဆိုင်ရာ လူမှု၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကိုပူးပေါင်းဖြေရှင်းခြင်းနှင့် နိ်ုဘယ်ငြိမ်းချမ်းရေးစင်တာနှင့်လက်တွဲ၍ ဒီဂျစ်တယ် ခင်းကျင်းပြသခန်းကိုဖော်ဆောင် ခြင်းတို့ကိုဆောင်ရွက်နေကြရမည် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် တယ်လီနောလူငယ်ဖိုရမ်မှ ဖော်ထုတ်ထားသော လူမှု၀န်းကျင်ဆိုင်ရာ ဒီဂျစ်တယ် ဖြေရှင်းမှုများကိုအော်စလိုရှိနိ်ုဘယ်ငြိမ်းချမ်းရေးစင်တာတွင် ခင်းကျင်းပြသထားပြီးhttp://tyfexhibition.com/တွင်လည်းလေ့လာကြည့်ရှုနိုင်ပါသည်။

ယခုဖိုရမ်၏ နောက်ဆုံးရက် ဒီဇင်ဘာလ ၁၁ ရက် ၁၅၃၀ နာရီတွင် လူငယ်ကိုယ်စားလှယ်များသည် ၎င်းတို့အားဖြေရှင်းရန် သတ်မှတ်ပေးထားသည့် လူမှု၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် မည်သို့မည်ပုံဖြေရှင်း ကြမည် ကိုရှင်းလင်းတင်ပြကြရမည် ဖြစ်ပါသည်။ ယင်းသို့ ရှင်းလင်းတင်ပြမှုများကိုအောက်ပါ ကျွမ်းကျင်ပညာရှင်များ ပါ၀င်သော အကဲဖြတ် အဖွဲ့ကဆန်းစစ်ကာအကြံပြု လမ်းညွှန်ချက်များပေးသွားမည် ဖြစ်ပါသည်။ အကဲဖြတ် အဖွဲ့၀င်များမှာ နေော်၀နိုင်ငံ လွှတ်တော်ကိုယ်စားလှယ် Espen Barth Eide ၊ The Next Billionတည်ထောင်သူ နှင့် စီအီးအိုBabouOlengha-Aaby၊ Trigger အကြံပေး နှင့် Kaluza Media AS တည်ထောင်သူSusanne Kaluza၊ တယ်လီနောလုပ်ငန်းစုထုတ်ကုန်အဖွဲ့၏ အကြီးအကဲIngjerdBlekeliSpiten နှင့်တယ်လီနော၏ ၀န်ထမ်းအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် CecilieHeuchတို့ ဖြစ်ကြပါသည်။

လူငယ်ကိုယ်စားလှယ်များ

လူငယ်ကိုယ်စားလှယ် တစ်ယောက်ချင်းစီကိုစေ့စပ်သေချာစွာရွေးချယ်ထားခြင်း ဖြစ်ပြီး ၎င်းတို့ တစ်ဦးချင်းစီ၏ အကြောင်းကိုတယ်လီနောလူငယ်ဖိုရမ် ၀က်ဆိုက်တွင် လေ့လာနိုင်ပါသည်။


မြန်မာလူငယ် ကိုယ်စားလှယ်များ

နန်းကံ့ကော် ယွက်ဆိုင်၊ ၂၅ နှစ်သည် Webster University မှ နိုင်ငံတကာဆက်ဆံရေးရာဘွဲ့ကိုရရှိထားသူ ဖြစ်သည်။ နန်းကံ့ကော်သည် ကော်တိုင်းအဖွဲ့အစည်းတွင် တာ၀န်ထမ်းဆောင်လျက်ရှိပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်သူများကိုကူညီရန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။ အသက် ၂၁ နှစ် အရွယ်ရှိရာသူ(လ်) ပရာဆတ် သည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် တွင် ပညာသင်ကြားနေသူဖြစ်ပြီးကျန်းမာရေးဆိုင်ရာ ပြဿနာများ အပါအ၀င် လူမှု၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ဖြေရှင်းမှု များတွင် ပါ၀င် ကူညီရန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။


လမ်းညွှန်အကြံပေးမည့်သူများ

လူငယ်ဖိုရမ်တွင် လူငယ်ကိုယ်စားလှယ်များသည် အဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ရာတစ်ဖွဲ့ လျှင် လမ်းညွှန်အကြံပေးတစ်ဦးကဖိုရမ်ကာလတစ်လျှောက်လုံးလိုအပ်သောအကြံဥာဏ်များကိုပေးအပ် နေမည် ဖြစ်ပါသည်။ ၎င်းတို့မှာGrameenphoneစီအီးအိုMichael Foley၊တယ်လီနောလုပ်ငန်းစု၏ Sustainability ဒါရိုက်တာZainab Siddiqui Hussain၊ဒီဂျီမှ Principle Sustainability ဖြစ်သူPhillip Ling၊နှင့်တယ်လီနောသုတေသနမှ အကြီးအကဲBjørnTaaleSandbergတို့ ဖြစ်ကြပါသည်။ ၎င်းတို့၏ ပြောကြားချက်များကwww.youtube.com/watch?v=I-O0DyQN-ys&feature=youtu.beတွင် ကြည့်ရှုနိုင် ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor