Article

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိ

10 August, 2016 - ရန်ကုန်

၁၀ ရက်၊ သြဂုတ်လ၊ ၂၀၁၆ ခုနှစ် - ရေဘေးသင့်ပြည်သူများကို တယ်လီနောက ယင်း၏ လုပ်ငန်း လက်တွဲ ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Network Activities Group (NAG)မှတစ်ဆင့် အရေးပေါ် အကူ အညီများကို ပေးအပ်လျက်ရှိရာတွင် ယခုအချိန်ထိ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၄ ခုမှ အထိခိုက်ဆုံး ကျေးရွာပေါင်း ၁၃ ရွာရှိ ရေဘေးသင့်သူများကို တစ်ဦးလျှင် ဆန်၊ဆီ၊ပဲနှင့် သောက်ရေ ရ ရက်စာ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် တံတားဦးမြို့နယ် ပုဏ္ဏားခြံကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အကူအညီများ သွားရောက်ပေးအပ်ခဲ့ရာတွင် NAG နှင့်အတူ တယ်လီနော၏ စျေးကွက်မြှင့်တင်ရေး အရာရှိချုပ် Joslin Myrthong နှင့် ၀န်ထမ်းအချို့ပါ အတူပူးပေါင်း ပါ၀င်ကူညီခဲ့ကြပါသည်။ တယ်လီနော၏ သိန်း ၁၆၃၄.၉ အလှူငွေဖြင့် မြို့နယ်ပေါင်း ၁၁ ခုရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် အကူအညီများကို ဆက်လက် ပေးအပ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများကို လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ရေဘေး အပါအဝင် ဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာသူများကို လူသားခြင်းစာနာမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ အကူအညီများ ထောက်ပံ့မှုများကို တယ်လီနော၏ လူမှုအကျိုးပြု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ တယ်လီနော၏ လူမှုအကျိုးပြု အစီအစဉ်တွင် ဒစ်ဂျစ် တယ် အသိပညာ တိုးပွား ပြန့်ပွား စေရေးအတွက် အလင်းအိမ် အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးရေး စင်တာများ တည်ထောင်ခြင်း၊ အခွင့်အလမ်းနည်းပါးသော လူငယ်များအတွက် ကျောင်းသင်ခန်းစာ ပြင်ပ ပညာရေး သင်ကြား ပေးနေသော မြန်မာရွှေ့လျားပညာသင်ကြားရေး စီမံကိန်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေး အချက် အလက်များကို ရယူနိုင်သည့် mHealth မိုဘိုင်း အပလီကေးရှင်းတို့ ပါ၀င် ပါသည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာများအပါအဝင် လူမှုအကျိုးစီးပွား ဆောင်ရွက် လျက် ရှိသည့် အဖွဲ့အစည်း များကို ထောက်ပံ့လှုဒါန်းရန် အထောက်အကူဖြစ် စေသည့် အထူး နံပါတ် လေလံပွဲများကိုလည်း ကျင်းပ ပြုလုပ် လျက် အကျိုးအမြတ်များကို လှုဒါန်းပေးနေပါသည်။

မီဒီယာများ ဆက်သွယ်နိုင်ရန်

အဲလက်စ် ညီညီအောင်
Corporate Communications,
nyinyi.aung@telenor.com.mm
(95) 9 79 100 0006

ရန်ကုန်
My Telenor