Press Release

ရုပ်ရှင်များ အကန့်အသတ်မရှိ ကြည့်ရှုနိုင်မည့် ၀န်ဆောင်မှုအား ဒေတာစုဘူး သုံးစွဲသူများအတွက် တယ်လီနော စတင်ပေးအပ်

20 December, 2018 - Yangon

  • တယ်လီနောမြန်မာ၏ prepaid အသုံးပြုသူများအနေနှင့် မည်သည့်ဒေတာစုဘူး အစီအစဉ်ကိုမဆို စာရင်းပေးသွင်း ရယူ ခြင်းဖြင့် Myanflix မှ ရုပ်ရှင်ဇာတ်ကားများအား ကြည့်ရှုခနှုန်းထား ပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်မည်ဖြစ်

အကောင်းမွန်ဆုံးသော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ အား သုံးစွဲသူများထံ ပေးအပ်လိုသည့် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် Myanflix နှင့် လက်တွဲ၍ မြန်မာ ရုပ်ရှင်ဇာတ်ကားများအား အကန့်အသတ်မရှိ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်မည့် အခွင့်အရေးတစ်ရပ်အား သုံးစွဲသူ များထံ ပေးအပ်လိုက်သည်။ Myanflix သည် ရုပ်ရှင်ဇာတ်ကားများအား အွန်လိုင်းတွင် ရွေးချယ်ကြည့်ရှုနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ယခုပူးပေါင်းဆောင်ရွက်မှုအရ တယ်လီနောဒေတာစုဘူး သုံးစွဲသူများအနေဖြင့် ကြည့်ရှုခနှုန်းထား တစ်စုံတစ်ရာ ပေးဆောင်ရန်မလိုဘဲ Myanflix မှ ရုပ်ရှင်ဇာတ်ကားများအား စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ယနေ့မှစတင်ကာ တယ်လီနောမြန်မာ prepaid သုံးစွဲသူများအနေဖြင့် Myanflix မှ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခ နှုန်းထား တစ်စုံတစ်ရာ ပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်ရန် ဒေတာစုဘူး အစီအစဉ်များကို မဖြစ်မနေ ရယူထားရန် လိုအပ်သည်။

“မြန်မာလူမျိုးတွေဟာ သူတို့ရဲ့မိုဘိုင်းဖုန်းတွေကနေတဆင့် ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုရတာ အလွန် ကြိုက် နှစ်သက်ကြတယ် ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိရှိထားပါတယ်။ အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်သွားဖို့ဆိုတဲ့ တယ်လီနောရဲ့ ရည်သန်ချက်နဲ့အညီ အသုံးပြုသူတွေကို အကောင်းဆုံး အကျိုးကျေးဇူးတွေ၊ အထူးခံစားခွင့်တွေကို ပေးအပ်သွားဖို့ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို အစဉ်မပြတ် ဖန်တီး ကြိုးပမ်း နေပါတယ်။ အခုလို Myanflix နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့်လည်း ဒေတာစုဘူး အသုံးပြုသူတွေအနေနဲ့ သူတို့ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖုန်းကို တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ အကြီးအကဲဖြစ်သူ Chan May Ling က ပြောသည်။

ကျွန်တော်တို့ Myanflix အနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အကောင်းဆုံးသော ရုပ်ရှင်ဖျော်ဖြေရေး အတွေ့အကြုံ တွေကို ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရုပ်ရှင်တွေရဲ့ အရည်အသွေးကို မထိခိုက်စေဘဲ စမတ်ဖုန်းပေါ်ကနေတဆင့် ပေါ့ပေါ့ပါးပါးနဲ့ ကုန်ကျစရိတ် သက်သက်သာသာ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထား တာပဲဖြစ်ပါတယ်။ အခုလို တယ်လီနောနဲ့ အတူလက်တွဲပြီး ဒေတာစုဘူးသုံးစွဲသူတွေအတွက် အကြီးဆုံး မြန်မာရုပ်ရှင် ဘဏ်တိုက်ကြီးကို ဆောင်ကျဉ်းပေးနိုင်တဲ့ အတွက် အလွန်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်” ဟု Myanflix ၏ CEO ဖြစ်သူ Arindam Sengupta က ပြောကြားသည်။

သုံးစွဲသူများအား အသိအမှတ်ပြု ကျေးဇူးတုံ့ပြန်သောအားဖြင့် တယ်လီနောမြန်မာသည် အကျိုးခံစားခွင့်အများအပြား ရရှိစေမည့် အခြားသော ပရိုမိုးရှင်းအစီအစဉ်များ၊ ဝန်ဆောင်မှုများကိုလည်း အသုံးပြုသူများထံ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှုအတွေ့အကြုံများအား ပေးအပ်လျက် ရှိသည်။ လက်ရှိတွင် တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ် လျက် ရှိသည်။

တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share