Press Release

မှန်ကန်သော အထောက်အထားဖြင့် ဆင်းကတ် ပြန်လည်မှတ်ပုံတင်နိုင်ရန် ရက်ပေါင်း ၄၀ သာကျန်ရှိ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း မှတ်ပုံတင်တစ်ခုကို ဆင်းကတ်နှစ်ခုသာ သက်ဆိုင်ရာအော်ပရေတာတစ်ခုစီတွင် သေချာစွာ ပြန်လည်မှတ်ပုံတင်ရန်တိုက်တွန်း

21 May, 2020 - Yangon

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူအားလုံးသည် ၎င်းတို့၏ ဆင်းကတ်များကို တရားဝင် အသိအမှတ်ပြုထားသည့် သက်သေခံကတ်ပြားဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး သက်သေခံကတ်ပြားတစ်ခုလျှင် ဆင်းကတ်နှစ်ခုနှုန်းထက် ပိုမို မှတ်ပုံတင်နိုင်မည် မဟုတ်ပေ။ သုံးစွဲသူများသည် ဇွန်လ ၃၀ ရက်နေ့ မတိုင်မီ မှန်မှန်ကန်ကန် မှတ်ပုံတင်ထားခြင်း မရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ထိုဆင်းကတ်များကို အပြီးပိတ်သိမ်းသွား မည်ဖြစ်သည်။

  • ဆင်းကတ်မှတ်ပုံတင်ရန် ပျက်ကွက်ပါက ဆင်းကတ်ပိတ်သိမ်းခံရခြင်း၊ ဖုန်းဘေလ်ဆုံးရှုံးခြင်းနှင့် ဆင်းကတ်ကို အသုံးပြု၍ ဖွင့်ထားသောအကောင့်များ ဥပမာမိုဘိုင်း  ငွေရေးကြေးရေး ဝင်ဆောင်မူ အတွက် ဖွင့်ထားသည့်အကောင့်နှင့် social media အကောင့် စသည်ဖြင့် ဆုံးရှုံးနိုင်ခြေရှိ
  • တယ်လီနောမြန်မာမှ သုံးစွဲသူအားလုံးကို မိမိတို့ဆင်းကတ်၏ မှတ်ပုံတင်ထားရှိမှု အခြေအနေကို စာတို ပေးပို့၍ဖြစ်စေ၊ တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ်မှဖြစ်စေ၊ MyTelenor မိုဘိုင်းအက်ပလီကေးရှင်းမှ ဖြစ်စေ စစ်ဆေးကြရန်နှင့် မှတ်ပုံတင်ကြရန် အလေးအနက်တိုက်တွန်း
  • သုံးစွဲသူများ၏ ဆင်းကတ်များသည် သက်သေခံကတ်တွင်ပါရှိသည့် နာမည်၊ မှတ်ပုံတင်နံပါတ်တို့နှင့် တူညီရမည်ဖြစ်ပြီး သုံးစွဲသူတစ်ဦးသည် အော်ပရေတာတစ်ခုစီမှ ဆင်းကတ်နှစ်ခုအထိ အသုံးပြုခွင့်ရှိ
  • သုံးစွဲသူများ၏ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများစွာရှိ၊ အသုံးပြုသူ များသည် တယ်လီနောစတိုး သို့မဟုတ် အရောင်းဆိုင်များသို့ သွားရောက်၍လည်း အခမဲ့ မှတ်ပုံတင်နိုင်၊ ဆင်းကတ်မှတ်ပုံတင်ခြင်း အောင်မြင်ပါက ဒေတာနှင့် ဖုန်းဘေလ်များ လက်ဆောင်ရရှိမည်ဖြစ်

ကုန်လွန်ခဲ့သည့်ခြောက်နှစ်အတွင်း မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ကိစ္စရပ်များအလိုက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ ရရှိခဲ့သည့်နည်းတူ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လက်တလောညွှန်ကြားချက်တွင် မိုဘိုင်းဖုန်း သုံးစွဲသူတိုင်း ဆင်းကတ်မှတ်ပုံတင်ရန်နှင့် တစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ ဆင်းကတ်နှစ်ခုထက် ပိုမိုအသုံးမပြုရန် ဖော်ပြထားသည်ညွှန်ကြားချက်များအရ ဆင်းကတ်မှတ်ပုံတင်ရန် မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်သာ အကျုံးဝင်မည်ဖြစ်သည်။

တယ်လီနောသုံးစွဲသူများအနေနှင့် မိမိဆင်းကတ် မှတ်ပုံတင်ထားခြင်းရှိမရှိနှင့် မှတ်ပုံတင်ခြင်းကို မိုဘိုင်းဖုန်းပေါ်မှ လွယ်လွယ်ကူကူနှင့် ဘေးကင်းစွာ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ သုံးစွဲသူများသည် ဆင်းကတ်ပိုင်ဆိုင်မှုကို *979*3*3# သို့ ခေါ်ဆို၍သော်လည်းကောင်း၊ နံပါတ် (၅၀၀) သို့ “REG” စာတိုပေးပို့၍သော်လည်းကောင်း စစ်ဆေးနိုင်ပြီး တယ်လီနောမြန်မာဝက်ဆိုဒ်နှင့် MyTelenor မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့်လည်း ကိုယ်တိုင် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိနေရာနှင့် အနီးဆုံးတယ်လီနောအရောင်းဆိုင်များတွင် သွားရောက် အကူအညီရယူနိုင်ပြီး တယ်လီနောမြန်မာ၏ call center နံပါတ်ဖြစ်သော ၉၇၉ ကို ဆက်သွယ်၍လည်း အကူ အညီ ရယူနိုင်ပါသည်။

ယခုအချိန်လို နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကို ခုခံတိုက်ဖျက်နေပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အချိန် တွင် တယ်လီနောသည် အသိပညာပေးလှုပ်ရှားမှုများစွာကို လုပ်‌ဆောင်လျက်ရှိပြီး  သုံးစွဲသူများအနေဖြင့် မိမိ ကိုယ်တိုင် ဆင်းကတ်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို တယ်လီ‌နောမြန်မာမှ လုပ်ဆောင်ပံ့ပိုးပေးထားသည်။ သုံးစွဲသူများသည် အပြင်ထွက်ခြင်း သို့မဟုတ် အခြားသူများနှင့် ထိတွေ့ခြင်းတို့ကို ပြုလုပ်ရန်မလိုဘဲ မိမိ၏ မိုဘိုင်းဖုန်းပေါ်မှ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ မှတ်ပုံတင်ခြင်းသည် အခမဲ့ဖြစ်ပြီး မှတ်ပုံတင်ခြင်း အောင်မြင်ပါက ဒေတာ ၅ ဂစ်ဂါဘိုက်အထိ သို့မဟုတ် မိုဘိုင်းဖုန်းဘေလ် ၁,၀၀၀ ကျပ်အထိ အခမဲ့ရရှိနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ် လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။   

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေ တာများအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှ တဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှု ဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက် အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share