Press Release

မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို တယ်လီနော 4G/LTE ကွန်ရက် လွှမ်းခြုံ

18 December, 2018 - Yangon

  • တယ်လီနောမြန်မာ၏ 4G/LTE ကွန်ရက်သည် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ လွှမ်းခြုံနိုင်ခဲ့
  • တယ်လီနောသည် လက်ရှိတွင် အသုံးပြုနေသော 4G/LTE တာဝါတိုင်ပေါင်း ၅,၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတဝန်း၌ 4G/LTE တာဝါတိုင် အသစ်ပေါင်း ၁,၁၀၀ ခန့် ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်

တယ်လီနောမြန်မာ၏ အရည်အသွေးမြင့် 4G/LTE ကွန်ရက်သည် လက်ရှိတွင် မြို့နယ်ပေါင်း ၃၀၀ ကျော် (တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်း) ကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။ တယ်လီနော အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် မြို့နယ်ပေါင်း ၃၀၀ ခန့်အား ၎င်း၏ 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံနိုင်ရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ပြီး အဆိုပါ ရည်မှန်းချက်အား မျှော်မှန်းထားသည့် အချိန်ကာလထက် ရက်သတ္တပတ် ၂ ပတ်ခန့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တယ်လီနော၏ 4G/LTE တာဝါတိုင် အရေအတွက်သည်လည်း ၅,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ၎င်း၏ အသုံးပြုသူများအား အကောင်းမွန်ဆုံး ဒေတာအသုံးပြုမှု အတွေ့အကြုံများအား ဆက်လက် ပေးအပ်သွားနိုင်ရန် အတွက် ၂၀၁၉ ခုနှစ်တွင် တယ်လီနောသည် ၎င်း၏ 4G/LTE တာဝါတိုင် အရေအတွက်အား ၆,၀၀၀ ခန့်အထိ တိုးချဲ့ ဆောက်လုပ်သွားရန် မျှော်မှန်းလုပ်ဆောင်လျက် ရှိသည်။

ဘော်လခဲ၊ ဟိုပန်၊ ရှားတော၊ လောက်ကိုင်၊ စေတုတ္ထရာ၊ မင်းကင်းနှင့် ခန္တီးစသည့် မြို့နယ်အသီးသီးတွင် တယ်လီနော မြန်မာ၏ 4G/LTE ကွန်ရက် မကြာသေးမီက ထပ်မံတိုးချဲ့လွှမ်းခြုံနိုင်ခဲ့သည့်အတွက် အဆိုပါဒေသများရှိ သုံးစွဲသူများ အနေဖြင့် အခြား 4G/LTE သုံးစွဲသူများစွာနှင့်အတူ တယ်လီနောမြန်မာ၏ စျေးနှုန်းချိုသာပြီး ဆန်းသစ်မှု ရှိသော 4G ဝန်ဆောင်မှုများအား ရရှိခံစားနိုင်တော့မည် ဖြစ်သည်။

“တယ်လီနောအနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေကို အကောင်းမွန်ဆုံး အရည်အသွေးမြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့ အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ အခုလို မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G/LTE ကွန်ရက် လွှမ်းခြုံနိုင်ခဲ့တာဟာ ကုမ္ပဏီအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အခုလို စွမ်းဆောင်နိုင်ခဲ့တာကြောင့် တယ်လီနောသုံးစွဲသူတွေအတွက် အများကြီး အကျိုးရှိလာမှာဖြစ်ပြီး တယ်လီနောကလည်း ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ ဒေတာဝန်ဆောင်မှုတွေကို ပေးအပ်သွားနိုင် မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

“တယ်လီနောအနေနဲ့ ကွန်ရက်အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန်မှုရှိစေဖို့ အမြဲအလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကွန်ရက်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်တစ်ခုမှာ 4G/LTE ကွန်ရက်လွှမ်းခြုံနိုင်ဖို့ လုပ်ဆောင်တဲ့အခါ နေရာအနည်းသာမဟုတ်ဘဲ မြို့နယ်တစ်ခုလုံးကို ကွန်ရက်လွှမ်းခြုံနိုင်အောင် အထူး ဂရုပြု ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဖုန်းတွေကနေတဆင့် ဗီဒီယိုတွေ ကြည့်ရှုတဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ နောက်ပြီး သီချင်းနားထောင်တဲ့ အခါတွေမှာ အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို ရရှိစေနိုင်တဲ့ အရည်အသွေးမြင့် မိုဘိုင်းကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် တယ်လီနောအနေနဲ့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Jai Prakash က ပြောကြားသည်။

တယ်လီနောမြန်မာသည် အကောင်းမွန်ဆုံးသော ဒေတာကွန်ရက်အား ပေးအပ်သွားရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည် နှင့်အညီ ၎င်း၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ် 4G Leo သည်လည်း နိုင်ငံတဝန်း လှည့်လည်သွားလာ၍ ကွန်ရက်အရည်အသွေးကို အမြဲစစ်ဆေးဆောင်ရွက်လျက် ရှိသည်။

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၈ သန်းခန့်အား ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ သုံးစွဲသူများ ကိုယ်တိုင် မိုဘိုင်းနှင့် ဝက်ဘ်ဆိုက်မှတဆင့် စမ်းသပ်ထားသည့် အမြန်နှုန်းစစ်ဆေးမှု အကြိမ်ရေ သန်းပေါင်းများစွာကို အခြေခံထားသောရလဒ်များအရ Ookla က ပေးအပ်သော အမြန်ဆုံး ဆက်သွယ်ရေးကွန်ရက်ဆု Ookla’s Speedtest Award ကိုလည်း ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း ဆွတ်ခူးရရှိခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share