Press Release

မြန်မာ - ထိုင်း အကြိုဗိုလ်လုပွဲ ကို မိုဘိုင်းဖုန်းမှ အခမဲ့ ကြည့်ရှုနိုင်မည်

02 December, 2016 - Yangon

 မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့၌ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပွဲစဉ်ကို မိမိတို့ မိုဘိုင်းဖုန်းများမှာ တစ်ဆင့် အခမဲ့ကြည့်ရှုနိုင်ရန် တယ်လီနောက ၀န်ဆောင်မှု ပေးအပ်လိုက်ပါသည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် ယင်းပွဲစဉ်ကို ဒီဇင်ဘာ ၄ ရက်နေ့ တွင် Pyone Play မှတစ်ဆင့် ကြည့်ရှု နိုင်မည် ဖြစ်ပြီး အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဒေတာ ၃၀၀ MBကို ပေးအပ်သွားမည် ဖြစ်ပါသည်။ ယခု အခမဲ့ ၀န်ဆောင်မှုကို My Telenor app ကို အသုံးပြု၍သာ ရယူနိုင်မည် ဖြစ်ပြီး app မရှိသေးပါက ဤနေရာတွင် ဒေါင်းလုဒ် ပြုလုပ်ရယူနိုင်သလို *4023# ကို ဖုန်းခေါ်ဆို၍ ဒေါင်းလုဒ်လင့်ခ်ကို sms ရယူနိုင်ပါသည်။ My Telenor app ကို ၀င်ရောက်ပြီးနောက် ဒေတာ ၃၀၀ MB အခမဲ့ အစီအစဉ်ကို ရယူနိုင်ပါသည်။ ယင်း အစီအစဉ်ကို My Telenor app ၏ အခမဲ့ ပရိုမိုးရှင်း စာမျက်နှာ တွင် ရှာဖွေ၍လည်း စာရင်းပေးသွင်းနိုင်ပါသည်။ သတိပြုရန်မှာ ယခုအစီအစဉ်မှာ ဒီဇင်ဘာ ၄ ရက်တစ်ရက် တည်း သာ အခမဲ့ ခံစားခွင့်ရှိမည့် ဒေတာ ၃၀၀MB ကိုသာ ပေးအပ်မည် ဖြစ်ပြီး ယင်းဒေတာကို မြန်မာ - ထိုင်း ဘောလုံး ပွဲစဉ်အတွက် သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

PyonePlay app မရရှိသေးပါက ဤနေရာတွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် စတင်မည့် ဘောလုံးပွဲစဉ်ကို PyonePlay app မှဖြစ်စေ ဤနေရာမှ ဖြစ်စေ အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ တယ်လီနောသည် နိုဝင်ဘာလအတွင်းက ယှဉ်ပြိုင်ခဲ့သော မြန်မာ နှင့် မလေးရှား ဘောလုံးပွဲစဉ်ကိုလည်း PyonePlay မှတစ်ဆင့် အခမဲ့ ကြည့်ရှုနိုင်ရန် ၀န်ဆောင်မှု ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor