မြန်မာ့ နာမည်ကျော်ကမ်းခြေများတွင် တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုရရှိပါပြီ

01 November, 2017 - Yangon

  • ပွင့်လင်းခရီသွားရာသီအတွင်းအကောင်းဆုံးမိုဘိုင်း ကွန်ရက်၀န်ဆောင်မှုများကို ရရှိစေရန် ဆောင်ရွက်မှု
  • ၂၀၁၇ ခုနှစ်အတွင်းတွင် အခြားသော မြို့ကြီးများသို့လည်းဆက်လက်တိုးချဲ့ သွားမည်

မြန်မာနိုင်ငံ၏ ပွင့်လင်းခရီးသွားရာသီစတင်မှုနှင့်အတူ ပြည်တွင်း ပြည်ပခရီးသွားများအကောင်းဆုံးအင်တာနက်သုံးစွဲမှု အတွေ့အကြုံများရရှိ သုံးစွဲနိုင်စေရန်အတွက် နိုင်ငံတွင်းထင်ရှား သောကမ်းခြေများတွင် တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို တိုးချဲ့ပေးအပ်နေပြီ ဖြစ်ပါသည်။ ဧရာ၀တီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတို့တွင် ယခုသီတင်းပတ်မှ စတင်ကာတယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို ရရှိနေပြီ ဖြစ်ပါသည်။

“မြန်မာနိုင်ငံအတွင်းကကမ်းခြေတွေဟာ ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများပြီးအထူးသဖြင့် ပွင့်လင်းရာသီတွေမှာ ပြည်တွင်းနဲ့ နိုင်ငံတကာကခရီးသွားဧည့်သည်တွေ အမြဲလာရောက်ကြတဲ့ ထိပ်တန်းလည်ပတ်စရာနေရာတွေ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ခရီးသွားရာသီစတင်တဲ့ အချိန်မှာ ဒီကမ်းခြေတွေကို သွားရောက် လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ တယ်လီနောရဲ့ 4G/LTE ကွန်ရက်ကိုသုံးပြီး အကောင်းဆုံးအင်တာနက် သုံးစွဲအတွေ့အကြုံတွေကို ရရှိနိုင်ကြပြီ ဖြစ်ပါတယ်။

ကမ်းခြေမှာအပမ်းဖြေအနားယူရင်းhi-definition ဗီဒီယိုတွေကို အပြတ်အတောက်မရှိကြည့်ရှုနိုင်မယ်၊ ဂိမ်းတွေကို အထစ်ငေါ့ကင်းကင်းလည်း ကစားနိုင်မယ်၊ လူမှုကွန်ရက်တွေကိုလည်း အကောင်းဆုံး အသုံးပြုနိုင်ကြမှာ ဖြစ်တဲ့ အတွက် သုံးစွဲသူတွေရဲ့ ပျော်ရွင်စရာအနားယူချိန်တွေကိုပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ်” ဟုတယ်လီနော မြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိ ချုပ်ဖြစ်သူ Joslin Myrthong ကပြောကြားသည်။ သုံးစွဲသူများအနေဖြင့် လွန်စွာကောင်းမွန်သည့် အင်တာနက် ၀န်ဆောင်မှုများကို အပြတ်အတောက်မရှိကုန်ကျမှု သက်သာစွာဖြင့် ရရှိအသုံးပြုနိုင်ရန် ဒေတာစုဗူးကဲ့သို့ ဈေးနှုန်းချိုသာသည့် အင်တာနက် ဒေတာအစီအစဉ်များကိုရယူအသုံးပြုကြ ပါရန်လည်းတယ်လီနောက သုံးစွဲသူများကိုတို က်တွန်းအပ်ပါသည်။ တယ်လီနော၏ ဈေးနှုန်းအချိုသာဆုံးဒေတာအစီအစဉ် များကိုတစ်လလျှင် ၇၉၉ ကျပ်မှ စ၍ ရယူအသုံးပြုနိုင်ပါသည်။

တယ်လီနောသုံးစွဲသူများအားအကောင်းဆုံး ၀န်ဆောင်မှု အတွေ့ အကြုံများရရှိစေရန် ရည်သန်ထားမှု၏ တစ်စိတ် တစ်ပိုင်းအဖြစ် တယ်လီနောအနေဖြင့် 4G/LTE ကွန်ရက် တိုးချဲ့ လွှမ်းခြုံမှုကိုဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့တစ်၀ှမ်း အင်တာနက်အသုံးပြုသူများကိုအခြေပြု၍ မိုဘိုင်းကွန်ရက်အခြေအနေများကိုထုတ်ပြန်ပေးသည့် အကြီးမားဆုံးကွန်ရက်စံနှုန်းပြစီမံကိန်းတစ်ခုဖြစ်သည့် Open Signal ဖြင့် တိုင်းတာမှုများအရတယ်လီနော၏ ကွန်ရက် သည် မြန်မာနိုင်ငံတွင်းနေထိုင်သူအများစုအတွက် အမြန်ဆန်ဆုံးအင်တာနက်နှုန်းဖြင့် ၀န်ဆောင်မှု ပေးအပ်လျက်ရှိကြောင်းသိရပါသည်။ လက်ရှိအချိန်တွင် တယ်လီနော၏ 4G/LTE ကွန်ရက်ကို မြို့ကြီးပေါင်း ၂၉ မြို့တွင် တိုးချဲ့ လွှမ်းခြုံထားပြီး ဖြစ်ပါသည်။

 ယင်းမြို့ကြီးများမှာပဲခူးတိုင်းဒေသကြီးရှိ ပြည်၊ ပဲခူးနှင့် တောင်ငူ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့်ထား၀ယ်၊မွန်ပြည်နယ်ရှိ မြ၀တီ၊မော်လမြိုင် နှင့်ဖားအံ၊ မကွေးတိုင်းဒေသကြီးရှိ တောင်တွင်းကြီး၊ အောင်လံနှင့်ပခုက္ကူ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ကလေးနှင့်တမူး၊ ရခိုင်ပြည်နယ်ရှိစစ်တွေ၊ ရှမ်းပြည်နယ်ရှိလားရှိုး၊ မူဆယ်၊ ကျိုင်းတုံ၊ အောင်ပန်း၊ ကလော၊ တောင်ကြီးနှင့် ညောင်ရွှေ၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ဝိုင်းမော်နှင့်ဖားကန့်၊ဧရာ၀တီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင်နှင့် မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့တော်နေပြည်တော်တို့ဖြစ်ကြပါသည်။

တယ်လီနောသည်လက်ရှိတွင်တာ၀ါတိုင်ပေါင်း၈၀၀၀နီးပါးရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိ သောအင်တာနက်ဒေတာကွန်ရက် မှတစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉သန်းကျော်ကို၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ သုံးစွဲသူများ၏၆၅% မှာအင်တာနက်သုံးစွဲသူများ ဖြစ်ကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor