Press Release

မြန်မာ့ ဒစ်ဂျစ်တယ် အနာဂတ်အတွက် ရှေ့ဆက်ရမည့် လမ်းစဉ် တယ်လီနော အကြံပြု

06 February, 2018 - Yangon

  • မြန်မာ့ဒစ်ဂျစ်တယ်အလားအလာများကို အရှိန်မြင့်တင်နိုင်မည့် အဓိကကဏ္ဍများအား ပထမဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထား
  • ဒစ်ဂျစ်တယ်မြန်မာဖြစ်ပေါ်လာရေး လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ၊ အခွင့်အလမ်းများနှင့် ပန်းတိုင်သို့ အောင်မြင်စွာရောက်ရန် နည်းလမ်းအဆိုပြုချက်များကို စုစည်းတင်ပြထား

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ထွန်းလာရေး ဦးတည်ချက်ထား ကြိုးပမ်းလျက်ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ပံ့ကူညီရန် သံန္နိဋ္ဌာန်ချထားသည် နှင့်အညီ မြန်မာ့ပထမဆုံးဒစ်ဂျစ်တယ် မြန်မာအစီရင်ခံစာကို တယ်လီနောက ယနေ့ ထုတ်ပြန်လိုက်သည်။

 

ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်သုံးစွဲသူများ ဖွံ့ဖြိုးတိုးတက်လာရေးကို အရှိန်မြှင့် တင်ရန် ဒစ်ဂျစ်တယ် အခြေခံမူဘောင်များ၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ၊ ဒစ်ဂျစ်တယ် ဂေဟစနစ်နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများက အခြေခံအုတ်မြစ်များအဖြစ် ခိုင်ခိုင်မာမာတည်ရှိနေရန်လိုအပ်ကြောင်း အဆိုပါဒစ်ဂျစ်တယ် မြန်မာအစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။ ထို့အပြင် အဓိကကဏ္ဍ ၇ ခုတွင် လက်ရှိကြုံတွေ့နေရသည့် အနေ အထား၊ တယ်လီနော၏ အကြံပြုချက်များနှင့် နိုင်ငံတကာ၏ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို အစီရင်ခံစာတွင် စုစည်းဖော်ပြထားသကဲ့သို့ ၂၀၂၃ ခုနှစ်ကို ပန်းတိုင်အနေဖြင့်ထားရှိကာ အောင်မြင်စွာ ရောက်ရှိနိုင်ရေးအဆိုပြုချက်များကို လည်း တင်ပြထားသည်။

“မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်လှမ်းမယ့် ဒစ်ဂျစ်တယ်ခရီးလမ်းကို တယ်လီနောက ဆက်လက်ထောက်ပံ့ကူညီသွားဖို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဟာ ရေရှည်တည်တံ့တဲ့ ဘက်စုံလူမှုစီးပွား တိုးတက်မှု အလားအလာတွေဆီကို ဦးတည်နေတယ်လို့ တယ်လီနောက ယုံကြည်ထားတဲ့အလျောက် မြန်မာပြည်သူတွေ အချင်းချင်းဆက်သွယ်နိုင်မှုကနေ အကျိုးကျေးဇူးအပြည့်အ၀ခံစားနိုင်ကြဖို့ နိုင်ငံအဆင့်ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ အတွက် အထောက်အကူပြုမယ့် အချက်အလက်၊ ဥပမာတွေနဲ့ တိကျခိုင်မာတဲ့ အကြံပြုချက်တွေကို ဒီအစီရင်ခံစာကဖော်ပြ ထားတာဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr Lars Erik Tellmann က ပြောကြားသည်။

“မြန်မာနိုင်ငံက တယ်လီနောသုံးစွဲသူတွေရဲ့ ဘ၀တွေ ပိုမိုတိုးတက်ပြောင်းလဲပြီး ပိုမိုခိုင်မာတဲ့ အနာဂတ်ကို မျှော်မှန်းနိုင် ရေးအတွက် ကျွန်တော်တို့ အမြဲကြိုးပမ်းနေတဲ့အလျောက် လူအဖွဲ့အစည်းတစ်ခုလုံး ဒစ်ဂျစ်တယ် အသွင်ပြောင်းနိုင်ရေး အတွက် အဓိကအခြေခံ အဆောက်အအုံအဖြစ် မြန်မာ့အကြီးဆုံး မိုဘိုင်းကွန်ရက်ကြီးတစ်ခုကိုလည်း တည်ဆောက်ပြီး ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေရဲ့ဘ၀ ပိုမို ပြောင်းလဲတိုးတက် ကြီးပွားစေရေးအတွက် အကျိုးသက်ရောက်မှုရှိမယ့် ၀န်ဆောင်မှုအသစ်၊ ကုန်ပစ္စည်းအသစ်တွေကို ဆက်လက် ကြိုးစားဖန်တီးပေးနေမှာလည်း ဖြစ်ပါတယ်” ဟု အမှုဆောင် အရာရှိချုပ်က ဆက်လက်ပြောကြားသည်။

တယ်လီနော မြန်မာအနေဖြင့် လက်ရှိတွင် မြန်မာ့အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် နိုင်ငံတစ်လွှား မြို့နယ်အားလုံး ရှိ သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို မိုဘိုင်း၀န်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ မိုဘိုင်းဆက်သွယ်ရေး၏ အကျိုးကျေးဇူး များကို တတ်နိုင်သမျှ နိုင်ငံသူနိုင်ငံသား အများအပြားအား ရရှိခံစားစေလိုသော ရည်ရွယ်ချက်ဖြင့် တာ၀န်သိ လူမှုအကျိုးပြု အစီအစဉ်များစွာကိုလည်း တယ်လီနောမြန်မာက ဖော်ဆောင်လျက်ရှိသည်။

ရယူရန်

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor