Article

မြန်မာ့အကောင်းဆုံးဒေတာအတွေ့အကြုံကို ကောင်းသည်ထက်ကောင်းအောင်ပေးစွမ်းနိုင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိ

31 August, 2020 - Yangon

တယ်လီနောမြန်မာသည် မြန်မာ့အကောင်းဆုံး ဒေတာအတွေ့အကြုံကို ဂုဏ်ယူစွာဖြင့် ပေးအပ်လျက်ရှိသည်။ ယခုကဲ့သို့ ဝန်ဆောင်မှု ပေးအပ်နိုင်ခြင်းသည် အဖွဲ့သားများ၊ မိတ်ဖက်ပါတနာများ၏ စွမ်းဆောင်ရည်၊ ယုံကြည် စိတ်ချရမှုနှင့် ထိရောက်မှုရှိသော လုပ်ငန်းလည်ပတ်မှုများအပေါ် တစိုက်မတ်မတ်၊ ဦးစားပေး၊ အားထုတ်မှုများ ကြောင့် ဖြစ်သည်။

တယ်လီနောမြန်မာအနေဖြင့် လူမှုအသိုင်းအဝိုင်းများ လုံခြုံရေး၊ ဆက်သွယ်ချိတ်ဆက်မှု မပြတ်တောက်စေရေး နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေးစသည့် အချက်များကို ပြီးခဲ့သည့်လများစွာအတွင်း လက်ခံကျင့်သုံးပြီး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ နည်းပညာအဖွဲ့များသည် အခြေစိုက်စခန်းများ၏ လုပ်ငန်းဆောင်တာများ စဉ်ဆက်မပြတ် ပုံမှန်လည်ပတ်နေမှုရှိစေရန်၊ လိုအပ်သည့်အချိန်တွင် အချိန်နှင့်တပြေးညီ ပံ့ပိုးပေးနိုင် အမြဲအဆင် သင့်ဖြစ်နေပြီး သုံးစွဲသူများ၏ မျှော်လင့်ထားသည့်အတိုင်း အကောင်းဆုံးဒေတာ သုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိစေန် ကွန်ရက်ပေါ်ရှိ ဝန်များကို ထိန်းညှိနိုင်ရန် အချိန်ပြည့်ကြိုးစား လုပ်‌ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူများသည် ယုံကြည်စိတ်ချရပြီး တသမတ်တည်းရှိသော ကောင်းမွန်သည့် ဆက်သွယ်ချိတ်ဆက်မှုနှင့် သုံးစွဲမှုအတွေ့အကြုံကောင်းများကိုသာ အစဉ်အမြဲ လက်ခံရရှိသုံးစွဲလိုသည်ကို တယ်လီနောအနေဖြင့် ကောင်းစွာ နားလည်ထားပါသည်။ အကောင်းဆုံးဒေတာသုံးစွဲမှုရရှိနိုင်ရန် နည်းပညာအဆိုအရ uptime၊ download နှင့် upload speed မြန်နှုန်းနှင့် latency စသည့်အချက်များသည် သုံးစွဲသူတို့အတွက် ရရှိလိုသည့် အချက်များကို ဆိုလိုခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်

ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း အကောင်းဆုံးသုံးစွဲမှုအတွေ့အကြုံကောင်းများကိုသာ ပေးအပ်လျက်ရှိခြင်း

Uptime သည် သုံးစွဲသူများ ကွန်ရက်ပေါ်သို့ လွယ်ကူစွာ ရောက်ရှိနိုင်ခြင်း၊ ဒေတာအမြန်နှုန်းသည် အချက်အလက် ပေးပို့မှုအတွက် အရေးကြီးခြင်းနှင့် latency သည် တသမတ်တည်းရှိပြီး မြန်ဆန်သော တုံ့ပြန်မှုအတွက် အရေး ကြီးခြင်း အထူးသဖြင့် အွန်လိုင်းဂိမ်းကစားသူများ အဓိကဦးစားပေးကြသော အရာတစ်ခုဖြစ်ပါသည်။ အရေးပါ သော အချက်အလက်များအားလုံး ပေါင်းစည်းခြင်းသည် သုံးစွဲသူများအတွက် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်သည့်အတွက် နိုင်ငံတကာအသိအမှတ်ပြု မြန်နှုန်းစမ်းသပ်ချက်များတွင် ထိုမတူညီသော လုပ်ဆောင် ချက်၊ ရှု့ထောင်များစွာကို ထည့်သွင်းစဉ်းစားကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ နည်းပညာအဖွဲ့များနှင့် မိတ်ဖက်ပါတ နာများသည် သုံးစွဲသူများအတွက် အချိန်မရွေး အကောင်းဆုံးအတွေ့အကြုံများကို ပေးစွမ်းနိုင်ရန် တယ်လီနော မြန်မာကွန်ရက်များကို စဉ်ဆက်မပြတ် စစ်ဆေး၊ စောင့်ကြည့်လျက်ရှိသည်။

ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့်အတူ အွန်လိုင်းအသုံးပြုမှု တိုးတက်လာခြင်း၊ ကွန်ရက်ပေါ်မှတစ်ဆင့် ဆက် သွယ်ချိတ်ဆက်မှုများ ယခင်ကာလများထက် အသုံးပြုမှုများ များစွာမြင့်တက်လာသည့်အချိန်တွင် ဇွန်နှင့် ဇူလိုင် လ၏ အကောင်းမွန်ဆုံးကွန်ရက်အဖြစ်   Ookla အပါအဝင် လွတ်လပ်သည့် တစ်သီးပုဂ္ဂလ အဖွဲ့အစည်းနှစ်ဖွဲ့၏ အသိအမှတ်ပြုမှုရရှိခဲ့သည့်အတွက် များစွာကျေနပ်ဝမ်းသာမိပါသည်။

ခိုင်မာသော မိတ်ဖက်လက်တွဲမှုများမှတစ်ဆင့် တည်ငြိမ်ပြီး ကောင်းမွန်သော ဒေတာသုံးစွဲမှု အတွေ့အကြုံကောင်းများကိုသာပေးစွမ်း

တယ်လီနောမြန်မာသည် Ericsson Managed Services နှင့် ၂၀၁၃ ခုနှစ်မှစတင်၍ လုပ်ငန်းမိတ်ဖက်အဖြစ် အနီးကပ်လက်တွဲ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ မြန်မာ့အကောင်းဆုံး ဒေတာသုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်း နိုင်ရန် ကွန်ရက်အပိုင်းတွင် လုပ်ငန်းစဉ်အဆင့်ဆင့်၊ အဆင့်ပေါင်းများစွာဖြင့် တည်ဆောက်လုပ်ဆောင်လျက်ရှိ သည်။  3G ကွန်ရက် စတင်ခဲ့စဉ်က လူဦးရေ၏ ၁၀% အောက်သာ လွှမ်းခြုံနိုင်ခဲ့သည့်အခြေအနေမှ 4G ကွန်ရက် ဖြင့် နိုင်ငံအနှံ့ လူဦးရေ၏ ၉၂% ကျော် လွှမ်းခြုံလာနိုင်ခဲ့သည်အထိ ဒေတာစျေးကွက်လိုအပ်ချက် အရ စဉ်ဆက်မပြတ် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်၊ ထိရောက်မှုရှိစေရန်၊ အများပြည်သူ လွယ်လင့်တကူ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် စသည့် ကြိုးပမ်းခဲ့မှုများတွင် အတူလက်တွဲ ဆောင်ရွက်လျက်ရှိ သည်။ ယခုကဲ့သို့ လက်တွဲပူးပေါင်းမှုမှသည် မြန်မာနိုင်ငံ၏ 4G/LTE ကွန်ရက်ပေါ်တွင် 1Gbps ဖြင့် အမြန်ဆုံး အင်တာနက်မြန်နှုန်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ထိုလက်တွဲပူးပေါင်းမှုမှသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော IoT နည်းပညာ ကနဦးအစမ်းလေ့လာမှုနှင့် တယ်လီနော၏ 5G အဆင်သင့်ဖြစ်မှု ကတိကဝတ်ကို အောင်မြင်စွာထုတ်ဖော်ပြသနိုင်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်နောက်တစ်ခု စိုက်ထူနိုင်ခဲ့ပါသည်။

ရန်ကုန်မြို့တွင်ကျင်းပခဲ့သော တယ်လီနော နှင့် Ericsson ကွန်ရက်ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၁၈

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော အစိမ်းရောင်ကွန်ရက်များဆီသို့

သုံးစွဲသူများအတွက် အကောင်းဆုံးသုံးစွဲမှုအတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်ရေးအတွက် ဆက်သွယ်ရေး ကွန်ရက်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆန်းသစ်တီထွင်မှုရှိခြင်းတို့သည် အလွန်အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပြီး သုံးစွဲသူများအတွက်ရည်ရွယ်၍ အရေးကြီးသည့် အချိန်အခါမျိုးတွင် ကွန်ရက်အရည်အသွေး ကောင်းသည်ထက်ကောင်းမွန်စေရန် ထပ်မံမြှင့်တင်လုပ်ဆောင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါသည်။ ကျွန်ုပ်တို့၏ 4G/LTE လွှမ်းခြုံမှုကို စဉ်ဆက်မပြတ် ချဲ့ထွင်နေသည့်အလျောက် ကွန်ရက်၏ စွမ်းဆောင်ရည်နှင့် စွမ်းအင်အသုံးပြုမှု နှစ်ခုစလုံးကို ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်ရေးသည် ယခုလက်ရှိတွင် အဓိကအလေးထားဆောင်ရွက်လျက်ရှိသော အချက်ပင်ဖြစ်သည်။ ဆက်သွယ်ရေးတာဝါတိုင်တည်နေရာ ၁,၀၀၀ ကျော်တွင် နေရောင်ခြည်စွမ်းအင်သုံးစနစ်ကို အသုံးပြုလျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်ပေးသည့် မီးစက်များအစား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ကို အစားထိုး သုံးစွဲရန်အတွက် စဉ်ဆက် မပြတ် ကြိုးပမ်းအားထုတ်မှုကြောင့် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ဆက်သွယ်ရေးတာဝါတိုင်တည်နေရာ တစ်ခုစီအတွက် စွမ်းအင်ကုန်ကျစရိတ် ၇၀% လျှော့ချနိုင်ခဲ့ပြီး လောင်စာဆီအသုံးပြုမှုကိုလည်း လီတာ ၁၀ သန်းကျော်အထိ လျှော့ချနိုင်ခဲ့ပြီးဖြစ်သည်။

တယ်လီနော၏ နေရောင်ခြည်စွမ်းအင်သုံး ဆက်သွယ်ရေး တာဝါတိုင်

ကျွန်ုပ်တို့၏ သုံးစွဲသူများဆီသို့ ပိုမိုအဓိပ္ပာယ်ရှိသောအရာများ ဆောင်ကြဉ်းပေးနိုင်ရန် ရည်မှန်းထားသည့် အလျောက် အကောင်းဆုံး ဒေတာသုံးစွဲမှု အတွေ့အကြုံကို ဖန်တီးပေးစွမ်းခြင်းမှသည် စတင်ခြင်းဖြစ်သည်။

Jai Prakash၊ နည်းပညာရေးရာအရာရှိချုပ်၊ တယ်လီနောမြန်မာ
Yangon
My Account
Live Chat
Share Share