Press Release

မြန်မာ့ဒေတာ အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ခြင်း ကွန်ရက်ကို 4.5G သို့ မြှင့်တင်ပြီး ဆန်းသစ်သောဝန်ဆောင်မှုများ တယ်လီနော မိတ်ဆက်

20 November, 2020 - Yangon

  • ပိုမိုမြန်ဆန်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုသည်မှာ လုံခြုံစိတ်ချရသည့် ဆက်သွယ်ချိတ်ဆက် နိုင်စွမ်းနှင့် နည်းပညာအဆင့်မြင့်သော ဝန်ဆောင်မှုများကို  မြန်မာနိုင်ငံတစ်လွှားရှိ သုံးစွဲသူများကြား လိုလားမှု တိုးမြင့်လာခြင်းဖြစ်
  • မြန်မာ့ဒေတာ အသွင်ကူးပြောင်းမှုတွင် ဆက်လက်ဦးဆောင်လျှောက်လှမ်းသွားမည့် ရည်မှန်းချက်နှင့် အညီ တယ်လီနောသည် ၎င်း၏ ခေတ်မီဆန်းသစ်သည့် 4G ကွန်ရက်ကို  အလုံးစုံပြီးပြည့်စုံသည့် 4.5G ကွန်ရက်အဖြစ် နိုင်ငံအနှံ့ စတင်မြှင့်တင်
  • တယ်လီနောမြန်မာအနေဖြင့် မြန်မာ့ပွဲတော်ကာလအတွင်း ဘေးကင်းလုံခြုံစွာ ဆင်နွှဲနိုင်စေဖို့ရာ ဝန်ဆောင်မှုအသစ်များကို တပေါင်းတည်း မိတ်ဆက်

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။        ။ တယ်လီနောမြန်မာသည် အကောင်းဆုံးဒေတာ သုံးစွဲမှု အတွေ့အကြုံများ ပေးအပ်လျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံ၏ ဒေတာအသွင်ကူးပြောင်းမှုကို ဆက်လက်အရှိန် အဟုန် မြှင့်တင်လျက်ရှိပါသည်။ လုံခြုံစိတ်ချရသည့် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအရေးပါလာသည်နှင့်အညီ တယ်လီနောမြန်မာသည် နိုင်ငံတစ်ဝှမ်းလွှမ်းခြုံထားသည့် ၎င်း၏ 4G ကွန်ရက်မှ အလုံးစုံပြီးပြည့်စုံလှသည့် 4.5G ကွန်ရက်အဖြစ် စတင်မြှင့်တင်လျက်ရှိသည်။ လက်ရှိပေးအပ်လျက်ရှိသည့် 4G ကွန်ရက်ထက် နှစ်ဆမြန်ဆန်ပြီး မြန်နှုန်းအနေဖြင့် 600 Mbps အထိပံ့ပိုးပေးမည့် အဆိုပါကွန်ရက်နှင့်အတူ တယ်လီနောမြန်မာသည် အကျယ် ပြန့်ဆုံး ဒေတာနှင့် ဖုန်းခေါ်ဆိုမှုဆိုင်ရာ ကွန်ရက်လွှမ်းခြုံမှုအပြင် ဗီဒီယိုနှင့် ဂိမ်းများအတွက်လည်း အကောင်း မွန်ဆုံး ကွန်ရက်အရည်အသွေးကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ တယ်လီနော၏ 4.5G သုံးစွဲမှုအတွေ့အကြုံကို ရန်ကုန်နှင့် မန္တလေး (မြို့ကြီး / ဧရိယာ) များတွင် စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာမီကာလအတွင်း နိုင်ငံအဝှမ်း ဖြန့်ကြက် မိတ်ဆက်သွားမည်ဖြစ်သည်။

"မြန်မာနိုင်ငံက 2G ကွန်ရက်ကနေ 3G၊ အခုဆိုရင် 4G အထိတောင် တစ်ဆင့်ချင်းစီ ပြောင်းလဲလာပါတယ်။ အခု လို ဒေတာတိုးတက်ပြောင်းလဲလာမှု ဖြစ်စဉ်ရဲ့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းသစ်အနေနဲ့ ဒီကနေ့မှာတော့ ခေတ်မီဆန်းသစ်လှတဲ့ 4.5G ကွန်ရက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မိတ်ဆက်လိုက်ပါပြီ။  ကိုဗစ်-၁၉ က ကျွန်တော် တို့ရဲ့ နေ့စဥ်ဘဝတွေမှာ သက်ရောက်မှုများစွာ ရှိလာတဲ့အတွက်ကြောင့် အခုမိတ်ဆက်လိုက်တဲ့ အရာတွေက လူတိုင်းအပြင် ရှိရှိသမျှအရာအားလုံးအတွက် ဒစ်ဂျစ်တယ်ကူးပြောင်းမှုဖြစ်စဥ်ကို အရှိန်အဟုန် မြှင့်တင်ပေးရာ ရောက်တယ်လို့လည်း ယုံကြည်ပါတယ်။ သုံးစွဲသူတွေက အွန်လိုင်းပိုမိုသုံးစွဲမှု များလာကြတဲ့အပြင် သတင်း အချက်အလက်နဲ့ ဖျော်ဖြေရေး၊ အွန်လိုင်းကုန်သွယ်မှု (e-commerce)၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍတွေအပြင် တစ်ဦးနဲ့တစ်ဦး အဆက်မပြတ်ဖို့လည်း အင်တာနက်အပေါ် မှီခိုလာကြတဲ့အတွက် နောင်တစ် ချိန်အတွက် အဆင်သင့်ဖြစ်နေမယ့် ကွန်ရက်အပြင် ခေတ်ရှေ့ပြေးနေမယ့် ဝန်ဆောင်မှုတွေဟာလည်း လိုအပ်လာ ပါတယ်။"ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Jon Omund Revhaug က ပြောကြား ခဲ့သည်။

Mr. Jon Omund Revhaug, CEO at Telenor Myanmar

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကူးပြောင်းမှု ဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်ရန် ဆက်လက်ပံ့ပိုးပေးသွားမည့် ရည်သန်မှု နှင့်အတူ အသိအမှတ်ပြုခံထားရသည့် တယ်လီနော၏ မြန်နှုန်းမြင့်မားမှုအပြင် လုံခြုံစိတ်ချရပြီး တည်ငြိမ်သော ၎င်း၏ 4G ကွန်ရက်ပေါ် အခြေပြု၍ 4.5G အတွေ့အကြုံကို တည်ဆောက်ပံ့ပိုးခြင်းဖြစ်သည်။ သုံးစွဲသူများထံ 4.5G ဒေတာအသုံးပြုမှု အတွေ့အကြုံအပြည့်အဝကို ဖြည့်စွမ်းပေးနိုင်ရန်အတွက် တယ်လီနောမြန်မာသည် ခေတ်မီဆန်းသစ်သည့် ဝန်ဆောင်မှု (၅) မျိုးကို ယနေ့တွင် မိတ်ဆက်လိုက်သည်။

အားရပါးရ ပက်ကေ့ခ်ျသည် သင့်တင့်သည့် နှုန်းထားဖြင့် တယ်လီနောသုံးစွဲသူ အချင်းချင်း အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့်အပြင် ဒေတာဝန်ဆောင်မှုလည်း ရရှိမည်ဖြစ်သည်။ တစ်ရက်တာ (၃) GB အသုံးပြုပြီးနောက် အသုံးပြုသူ၏ အင်တာနက်အမြန်နှုန်းသည် (၁) Mbps နှုန်းဖြင့် ဆက်လက်အသုံးပြု နိုင်မည်ဖြစ်သည်။

Speed+ ဝန်ဆောင်မှုသည် မြန်နှုန်း အခြေပြု ဝန်ဆောင်မှုဖြစ်ပြီး သုံးစွဲသူများအတွက် တယ်လီနော၏ အမြန်ဆုံးကွန်ရက် မြန်နှုန်းများကို 4.5G ကွန်ရက်အတွေ့အကြုံနှင့်အတူ အထူးရယူသုံးစွဲစေနိုင်မည် ဖြစ် သည်။

စုံလင်တောက်ပ ပက်ကေ့ခ်ျသည် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများကို စိတ်ဝင်စားမှုနှင့်အတူ ငယ်ရွယ်ပြီး အစဥ်အမြဲတက်ကြွလျက်ရှိသည့် သုံးစွဲသူများအတွက် ဖန်တီးထားသော ဝန်ဆောင်မှုဖြစ်ပြီး ဖက်ရှင်၊ ဂီတအစရှိသည့် ကဏ္ဍများ၏ နောက်ဆုံးပေါ် သတင်းအချက်အလက်များကို အမြဲသိရှိစေမည် ဖြစ်သည်။

ချစ်ချစ်ခင်ခင် ပက်ကေ့ခ်ျသည် မိသားစု သို့မဟုတ် သူငယ်ချင်းများအတွက် ဖုန်းခေါ်ဆိုမှု၊ ဒေတာနှင့် စာတိုပေးပို့မှုများကို ပက်ကေ့ခ်ျဝယ်ယူသူမှ ဝယ်ယူပြီးသည်နှင့် အတူတကွ မျှဝေခံစားနိုင်မည့် ဝန်ဆောင် မှုတစ်ခုဖြစ်ပြီး တယ်လီနော၏ မိတ်ဖက်ဖြစ်သော CB Life ၏ တစ်ကိုယ်ရည်အသက်အာမခံ အကျိုးခံ စားခွင့်ကိုပါ ရရှိမည်ဖြစ်သည်။

ဩဘာညံညံသည် MyTelenor အက်ပ် (App) အတွင်း ရေးဆွဲထားသည့်၊ မြန်မာ့မိုဘိုင်းဆက်သွယ် ရေးကဏ္ဍအတွင်း ပထမဆုံး စွမ်းဆောင်ရည်အခြေပြု ဂိမ်းတစ်မျိုးဖြစ်ပြီး သုံးစွဲသူများအနေနှင့် မိမိ၏ ကံကောင်းမှုအပြင် စွမ်းဆောင်ရည်များပြသ၍ ပါဝင်ဆင်နွှဲခြင်းဖြင့် ဒေတာ (၁၀၀၀) GB အထိ ကံထူး နိုင်ပြီး အခြားသော ဆုများစွာကိုလည်း ရယူနိုင်မည်ဖြစ်သည်။ ဆုအဖြစ်ရရှိသည့် ဒေတာများကိုလည်း ဩဘာမစဲ ဒေတာရှဲ အစီအစဉ်မှတဆင့် တယ်လီနောသုံးစွဲသည့် မိသားစုဝင်များနှင့် သူငယ်ချင်းများတို့ ကိုပါ ဆက်သွယ်ချိတ်ဆက်မျှဝေနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ့်နှစ်လရာသီပွဲတော်များအပြင် အခြားသော အခါသမယများနှင့် ပြည့်နှက်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း ယခုနှစ်တွင်မူ ပွဲတော်များ ဆင်နွှဲရန် ပုံစံအသစ်များကို ရှာဖွေကျင့်သုံးလျက်ရှိပါသည်။

“ဒီအချိန်မှာ ကူးစက်ရောဂါကို တိုက်ထုတ်နိုင်ဖို့ တော်တော်များများက အိမ်ထဲမှာပဲ နေကြပြီး ပြင်ပလောကနဲ့ အဆက်မိနေဖို့က ပိုမိုခက်ခဲလာပါတယ်။ ကျွန်တော်တို့အားလုံး လိုအပ်နေတာက အဆက်အသွယ်မပြတ်ဘဲ ပျော်ရွှင်နိုင်ဖို့ အားပေးမှုနဲ့ ကူညီမှုပါပဲ။ ဒါကြောင့် ပွဲလမ်းသဘင်တွေကိုလည်း ဘေးကင်းလုံခြုံစွာ ဆင်နွှဲနိုင်ဖို့ ကျွန်တော်တို့ရဲ့ကွန်ရက်ကို ပိုမိုအားကောင်းစေပြီး 4.5G ကွန်ရက်နဲ့အတူ သေချာစီမံထားတဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်ခြင်းနဲ့ တဖက်တလမ်းကနေ ပံ့ပိုးပေးချင်တာပါ။” ဟု Mr. Revhaug က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုများကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ စတင်ပြီး ရယူအသုံးပြုနိုင်ရန်အတွက် သုံးစွဲသူများသည် MyTelenor အက်ပ်၏ နောက်ဆုံးဗားရှင်း (3.19) ကို အက်ပဲလ် အက်ပ်စတိုး (Apple App Store) နှင့် ဂူဂဲလ် ပလေး (Google Play) တို့မှတဆင့် ဒေါင်းလုဒ်ရယူထားရန် လိုအပ်ပါသည်။ သုံးစွဲသူများ အနေနှင့် ဝန်ဆောင် မှုများ၏ အသေးစိတ်အချက်အလက်များနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို https://www.telenor.com.mm/continuous-celebration တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

တယ်လီနောမြန်မာ အကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၁၇) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။       

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း (၁၈၀) သန်းကျော်ရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိကဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသ နှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိ လိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share