Press Release

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာများပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအတွက် အင်တာနက်အသုံးပြုမှု အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုစတင်

08 November, 2018 - Yangon

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် MPT၊ Ooredoo၊ Telenor နှင့် MyTel တို့ ပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ၏ အင်တာနက်အသုံးပြုမှုများအတွက်မည်ကဲ့သို့ အသုံးပြုလိုက်သည်နှင့် ၎င်းတို့၏ အင်တာနက်အသုံးပြုမှုနှုန်းထားများကို တိကျစွာသိရှိနိုင်စေရန်အပြင် အင်တာနက်သုံးစွဲချိန်တိုင်းတွင် သတ်မှတ်ထားသောအင်တာနက် အသုံးပြုမှုပမာဏများအတွင်းမှ ဒေတာများလျော့နည်းသွားခြင်း (သို့မဟုတ်) အသုံးမပြုသော်လည်း ဖုန်းဘီလ်များဖြတ်တောက်ခံရခြင်းများမှ ကင်းဝေးနိုင်စေရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများထံသို့ အသိပညာပေးမြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများလျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ ဆက်သွယ် ရေးကဏ္ဍအတွင်းအဆင့်မြင့်နည်းပညာများစွာ အားထိရောက်စွာအသုံးပြုနိုင်မှုရလဒ်မှာလည်းကောင်းမွန် စွာမြင့်တက်လာရုံသာမက မြို့ပြနှင့်ကျေးလက်ဒေသများတွင်လည်းသုံးစွဲသူ ဦးရေမှာတစ်ရှိန်ထိုးတိုးတက်လာလျက်ရှိသည်။ 3G နှင့် 4Gအင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်၍မိသားစုများ၊ မိတ်ဆွေများနှင့် နေ့စဉ် ဆက်သွယ်ရာတွင်အသုံးပြုလျက်ရှိသည့် သန်းပေါင်းများစွာသောမိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် လူမှုကွန်ရက်များအသုံးပြုရာတွင်ဖြစ်စေ၊ ဝက်ဘ်ဆိုက်များဝင်ရောက်ခြင်းနှင့် ဗွီဒီယိုများ ကြည့်ရှုခြင်း၊ အွန်လိုင်းမီဒီယာသတင်းများဖတ်ရှုခြင်း၊ ဂိမ်းကစားခြင်းနှင့် များစွာသောအသုံးတည့်သည့် မိုဘိုင်းလ်အက် ပလီကေးရှင်းများကိုနေ့စဉ်ဝင်ရောက်အသုံးပြုရာတွင်ဖြစ်စေလူနေမှုဘဝများအတွက် အင်တာနက် ချိတ်ဆက်မှုများကိုအသုံးပြုလျက်ရှိပြီးလူထု၊ အသိုက်အဝန်းနှင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် များစွာသောအကျိုးကျေးဇူးများကိုသယ်ဆောင်လာလျက်ရှိပါသည်။

သို့သော်လည်းအချို့သောသုံးစွဲသူများမှာအင်တာနက် အသုံးပြုမှုနှင့်ပတ်သက်ရာတွင် ၎င်းတို့၏ မိုဘိုင်းလ် ဖုန်းစနစ် (သို့မဟုတ်) အသုံးပြုမှုအနေအထားများက မရည်ရွယ်ဘဲနှင့် ဖုန်းဘီလ်များဖြတ်တောက်ခံရခြင်း (သို့မဟုတ်) ဒေတာများကုန်ဆုံးသွားခြင်းအခြေအနေများ ဖြစ်ပေါ်တတ်ကြောင်းသတိမပြုမိခြင်းများရှိနေတတ်ပါသည်။ အဆိုပါ အကြောင်းအရာများအားကူညီဖြေရှင်းပေးနိုင်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာတစ်ခုချင်းစီအလိုက် ၎င်းတို့၏ မိုဘိုင်းလ်သုံးစွဲသူများအတွက် မှန်ကန်သောအင်တာနက်ချိတ်ဆက်အသုံးပြုပုံနှင့် မလိုလားအပ်ဘဲ ဒေတာများကုန်ဆုံးခြင်းမှလျော့ချနိုင်စေရေးနှင့် ဖုန်းဘီလ်ဖြည့်သွင်းပြီးသည်နှင့် ဖြည့်သွင်းလိုက်သည့် ပမာဏငွေများလျင်မြန်စွာမကုန်ဆုံးသွားစေရေးအစရှိသည့် နည်းလမ်းများကိုအောက်ပါအချက်အလက်များဖြင့်မျှဝေသွားမည်ဖြစ်သည်။

အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် မလိုလားအပ်ဘဲဒေတာများကုန်ဆုံးခြင်းမှ လျှော့ချနိုင်စေရေးနည်းလမ်း (၁၀)ချက်

အလိုအလျောက် Update ပြုလုပ်ခြင်းကိုပိတ်ထားပါ။

ဖုန်းအတွင်းမှ အလိုအလျောက်update ပြုလုပ်ခြင်းကိုပိတ်ထားရန်လိုအပ်ပြီး၎င်းက သင့်ဖုန်းအတွင်းမှ ဒေတာများကိုသင်သတ်မှတ်ထားသကဲ့သို့မဟုတ်ဘဲလိုအပ်သည်ထက်ပို၍ အသုံးပြု လိုက်နိုင်သည်ကိုသတိပြုပါ။


အက်ပလီကေးရှင်းများကိုWiFi ဖြင့်သာUpdate လုပ်ပါ။

များစွာသောမိုဘိုင်းလ်အသုံးပြုသူများက၎င်းတို့၏ အက်ပလီကေးရှင်းများကိုမိုဘိုင်းလ်ဖုန်းဒေတာဖြင့် update ပြုလုပ်ရန်အဆင်ပြေသော်လည်းထိုသို့ပြုလုပ်ခြင်းကဖုန်းအတွင်းရှိအက်ပလီကေးရှင်းများကိုအလိုအလျောက် update ပြုလုပ်ခြင်းများဖြစ်တတ်ပြီးဖုန်းအတွင်းမှ ဒေတာပမာဏများစွာကိုအသုံးပြုလိုက်နိုင်ပါသည်။


Background ဒေတာများကိုကန့်သတ်ထားပါ။

အချို့သောအက်ပလီကေးရှင်းများသည် ဖုန်းအသုံးမပြုသည့်အချိန်များ၌ပင် ဒေတာပမာဏများစွာကိုအသုံးပြုနေလျက်ရှိခြင်းကြောင့် မိမိတို့အသုံးမပြုတော့သည့် အက်ပလီကေးရှင်းဟောင်းများကိုဖုန်းအတွင်းမှ ဖျက်ပစ်ရန်လိုအပ်ပါသည်။


မိမိတို့၏အကောင့်များတစ်ခုနှင့်တစ်ခုဒေတာများထပ်တူကူးယူနေမှုရှိ/မရှိသတိပြုပါ။

အများအားဖြင့် အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုအများစုမှာဒေတာများအားတစ်ခုမှ တစ်ခုသို့ ထပ်တူကူးယူမှုလုပ်ဆောင်ချက်မှာမိမိတို့ အသုံးမပြုသော်လည်းကနဦးကတည်းကပင် ပါဝင်လေ့ရှိသည်။


အွန်လိုင်းကြော်ငြာ (Ads)များကိုရှောင်ရှားပါ။

အွန်လိုင်းကြော်ငြာများမှာမိမိတို့၏ အင်တာနက်ဒေတာအများအပြားကိုကုန်ဆုံးသွားနိုင်စေသည် ကိုသတိပြုမိရန်လိုအပ်ပါသည်။


ပေါ့ပါးပြီးဒေတာအသုံးပြုမှုနည်းသောBrowser များကိုသုံးပါ။

ဖုန်းအတွင်းအလိုအလျောက်ပါဝင်သည့် အင်တာနက်ရှာဖွေရေးဆိုက် (Browser)များမှာဒေတာအသုံးပြုမှုများပြားတတ်ခြင်းကြောင်းဒေတာအသုံးပြုမှုနည်းသည့် Browser များကိုထည့်သွင်းအသုံးပြုပါ။


အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုမှုများအတွက် သတိရှိပါ။

အွန်လိုင်းမှ ဗွီဒီယိုများ၊ သီချင်းများနှင့် အရည်အသွေးမြင့် ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များတိုက်ရိုက်ကြည့်ရှုခြင်းဖြင့် မိုဘိုင်းလ်ဒေတာအများအပြားကိုကုန်ဆုံးသွားစေနိုင်သောကြောင့် ဖုန်းအတွင်းခံစားမှုအရည်အသွေးကိုထိခိုက်ခြင်းမရှိသည့် အရည်အသွေးလျှော့ချထားသည့် ဗီဒီယိုများကိုတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။


ဒေတာမည်မျှအသုံးပြုမည်ကိုဖုန်းအတွင်းကန့်သတ် သတ်မှတ်ထားပါ။

မိမိတို့၏ဖုန်းများအတွင်းဒေတာကိုမည်မျှသာအသုံးပြုမည်ဖြစ်ကြောင်းလွယ်လွယ်ကူကူကန့် သတ် သတ်မှတ်ထားနိုင်ပြီး ၎င်းကမက်ဂါဘိုက်များပိုမိုသက်သာသွားစေမည်ဖြစ်ကာအပိုအသုံးပြု ခြင်းများအတွက် မတန်တဆငွေပေးချေရခြင်းများမှလည်းသက်သာသွားစေနိုင်မည်ဖြစ်သည်။


ဖေ့စ်ဘွတ်တွင် ဗီဒီယိုများအလိုအလျောက်ပြသခြင်းစနစ်ကိုပိတ်ထားပါ။

ဖေ့စ်ဘွတ်၏ စာမျက်နှာကိုအောက်သို့ဆွဲလိုက်စဉ် ဗွီဒီယိုများအသံနှင့်တကွ အလိုအလျောက်ပြသနေခြင်းစနစ်မှာဒေတာများကုန်ဆုံးခြင်းသာမကရုတ်တရက်စိတ်အနှောင့်အယှက်ဖြစ်စေနိုင် သောကြောင့် ၎င်းစနစ်ကိုပိတ်ထားခြင်းဖြင့် ဒေတာများကုန်ဆုံးခြင်းကိုလျှော့ချနိုင်မည် ဖြစ်သည်။


ဒေတာပမာဏသတ်မှတ်ပေးထားသည့် ပက်ကေ့ချ်များကိုသုံးပါ။

ဒေတာပက်ကေ့ချ်များမှာသုံးစွဲသူများ၏ ဖုန်းဘီလ်ကိုများစွာသက်သာနိုင်စေသကဲ့သို့ အော်ပရေတာများအနေဖြင့်လည်းသုံးစွဲသူအမျိုးမျိုးအပေါ်မူတည်၍ သင့်လျော်မည့် ဒေတာပက်ကေ့ချ်အမျိုးအစားများစွာကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါပက်ကေ့ချ်များမှာသုံးသလောက်ပေးစနစ် ထက် ကုန်ကျစရိတ်များစွာသက်သာစေနိုင်ပြီးမိမိတို့၏ ကုန်ကျမှုများကိုလျှော့ချနိုင်မည်ဖြစ်ပါသည်။


သက်ဆိုင်ရာမိုဘိုင်းလ်အော်ပရေတာများမှတစ်ဆင့် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ၏ ဒေတာအသုံးပြုမှုများကိုမည်ကဲ့သို့ထိန်းချုပ်သုံးစွဲနိုင်စေရေးများအားအကြံပြုလျက်ရှိပြီးသုံးစွဲသူ ဝန်ဆောင်မှုအဖွဲ့မှာလည်း၎င်းတို့၏ ဖုန်းဘီလ်များကိုမည်ကဲ့သို့ သောနည်းလမ်းများဖြင့် ကုန်ကျစရိတ်သက်သာစွာအသုံးပြုနိုင်စေရေးကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်းရှိမိုဘိုင်းလ်သုံးစွဲသူများအားလုံး အနေဖြင့် မိမိတို့၏ စမတ်ဖုန်းsettingများကို ပြန်လည် စစ်ဆေးရန်နှင့် အင်တာနက်ကွန်ရက်ချိတ်ဆက်ထားစဉ် ဒေတာအသုံးပြုမှုနှင့်ပတ်သက်၍ သတ်မှတ်တိုင်းထွာသည့် အလေ့အကျင့်မျိုးထားရှိတတ်စေရန် အော်ပရေတာအားလုံးမှတိုက်တွန်းလိုပါသည်။ အထက်ပါ အထောက်အကူအချက်အလက်များ၏အကူအညီဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် ယခင်ထက် ပိုမိုဂရုပြုအသုံးပြုမည်ဆိုပါကအင်တာနက်အသုံးပြုသူများအနေဖြင့် အွန်လိုင်းအခြေပြုဝန်ဆောင်မှုများကိုများစွာအသုံးပြုနိုင်ပြီးပိုမိုတိုးတက်ကောင်းမွန်သည့် ခံစားမှုများရရှိနိုင်မည်ဖြစ်ပါသည်။

ဖုန်းဘီလ်ဖြတ်တောက်မှုများ၊ လက်ကျန်ငွေပမာဏကိစ္စများ၊ ဒေတာအသုံးပြုမှု နှင့်အခြားကိစ္စများနှင့် စပ်လျဉ်း၍ ထပ်မံသိရှိလိုပါကသုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာအော်ပရေတာအသီးသီး၏ တရားဝင် ဖေ့စ် ဘွတ်စာမျက်နှာများ (သို့) ဝက်ဘ်ဆိုက်များနှင့် Call Centerများသို့ ခေါ်ဆို၍ ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

ဟေမာန်စိုး
haymannsoe@mptjo.com.mm
MPT

မေမျိုးဟန်
Mhan1@ooredoo.com.mm
Ooredoo Myanmar

ရွှေယင်းမာဦး
shweyinn.maroo@telenor.com.mm
Telenor Myanmar

ထက်ထက်ဝင့်လွင်
htethtetwintlwin @mytel.com.mm
Mytel

Yangon
My Telenor