Press Release

မြန်မာလူငယ် ၅ ဦး တယ်လီနော အမ်ဘီအေ ပညာသင်ဆုများ ဆွတ်ခူး

07 September, 2018 - Yangon

  • ပညာသင်ဆု လျှောက်ထားသူ ၄၀၀ ကျော် ရှိသည့်အနက် အဆိုပါ လူငယ် ၅ ဦးအား ရွေးချယ်ခဲ့ခြင်းဖြစ်
  • ရွေးချယ်ခံရသူများသည် ဆက်သွယ်ရေးနှင့် အိုင်စီတီ စီမံခန့်ခွဲရေးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) သင်တန်းအားတက်ရောက်ရန် အပြည့်အဝ ထောက်ပံ့မှု ရရှိမည်ဖြစ်

တယ်လီနောမြန်မာနှင့် Myanmar Metropolitan College (MMC) တို့ ပူးပေါင်းပေးအပ်သည့် အမ်ဘီအေပညာသင်ဆုများအတွက် လျှောက်ထားသူဦးရေ ၄၀၀ ကျော်ရှိသည့်အနက် လူငယ် ၅ ဦးအား ရွေးချယ်ပေးအပ်လိုက်ပြီဖြစ်သည်။ အဆိုပါ လူငယ် ၅ ဦးသည် မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှု ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) သင်တန်းအတွက် တယ်လီနော၏ အပြည့်အဝ ထောက်ပံ့မှု ရရှိမည့်အပြင် MMC နှင့် ချိတ်ဆက်ထားသည့် ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies က အသိအမှတ်ပြုချီးမြှင့်သော အမ်ဘီအေ ဘွဲ့လက်မှတ်ကိုပါ ရရှိမည်ဖြစ်သည်။

ပထမအကြိမ် တယ်လီနော အမ်ဘီအေပညာသင်ဆုများအား ဆွတ်ခူးရရှိသူများမှာ မခိုင်ရတနာထွန်း၊ ကိုစိုးသီဟထွန်း၊ ကိုနေမျိုးဝင်း၊ မနန်းပြည့်ငြိမ်းသာနှင့် ကိုဟာရမ်သင်ကမ် တို့ဖြစ်ကြပြီး ၎င်းတို့အနေနှင့် လာမည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ အမ်ဘီအေသင်တန်းများအား စတင်တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်သည် ဒစ်ဂျစ်တယ် အခြေပြု မြန်မာနိုင်ငံသို့ ဦးတည်ကာ ပညာရေးနှင့် အခြေခံကောင်းများ ဖန်တီးခြင်းတို့အတွက် တယ်လီနောမြန်မာက ဆောင်ရွက်နေသော လူမှုအကျိုးပြု အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

“တယ်လီနော အမ်ဘီအေ ပညာသင်ဆုကို ဆွတ်ခူးရရှိသွားတဲ့ မြန်မာလူငယ် ၅ ဦးအတွက် အရမ်းကို ဝမ်းမြောက်မိပါ တယ်။ သူတို့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကိုယ်တိုင်အတွက်ရော၊ နိုင်ငံ့အတွက်ပါ အကျိုးရှိမယ့်အရာတွေ ကို ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့ ဒစ်ဂျစ်တယ် လမ်းခရီးမှာ အားကြိုးမာန်တက်ပါဝင်ကူညီနေပြီး ဒစ်ဂျစ်တယ်အခြေပြုနိုင်ငံတစ်ခု ပေါ်ပေါက်လာစေဖို့ ဖော်ဆောင်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ ဒါ့အပြင် နိုင်ငံတဝှမ်းက ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ပိုမိုကျွမ်းကျင်မှုရှိလာဖို့နဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု လုပ်သားအင်အားစုတစ်ခု ပေါ်ပေါက်လာစေဖို့အတွက် ရည်ရွယ်ပြီး  တယ်လီနောအနေနဲ့ နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်းနဲ့ တယ်လီနော အလင်းအိမ်စင်တာအစရှိတဲ့ ပညာရေး ပိုင်းဆိုင်ရာ လူမှုအကျိုးပြုအစီအစဉ်များစွာကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အခု အမ်ဘီအေသင်တန်းကို တက်ရောက်ခွင့်ရရှိခဲ့သူတွေဟာလည်း နိုင်ငံနဲ့လူမျိုးအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးလာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ်ဖြစ်သူ Hans Martin Henrichsen က ပြောကြားသည်။

တယ်လီနောမြန်မာနှင့် Myanmar Metropolitan College တို့သည် မြန်မာလူငယ်များအတွက် အမ်ဘီအေ ပညာသင်ဆုများ ပူးပေါင်းပေးအပ်သွားမည့် သဘောတူစာချုပ်တစ်ရပ်အား ယခုနှစ် ဇွန်လက လက်မှတ်ရေးထိုးခဲ့ ကြသည်။ တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာအား ရေရှည်အသုံးချကာ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ တည်ထောင် ရာတွင် ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာအထောက်အပံ့လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်အား လျှောက်ထားခွင့်ရရှိခဲ့သည်။ ကနဦးတွင် ပညာသင်ဆုအား ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၇ ရက်အထိသာ လျှောက်ထားခွင့်ပြုခဲ့သော်လည်း လျှောက်ထားသူ ဦးရေများပြားလာသည့်အတွက် လျှောက်လွှာများ အား ဇူလိုင်လ ၁၅ ရက် အထိ တိုးမြှင့်လက်ခံခဲ့သည်။

“Myanmar Metropolitan College မှာ ပညာသင်ကြားနိုင်ဖို့ တယ်လီနောက ပေးအပ်လိုက်တဲ့ အလုံးစုံ ပညာသင်ဆု ဟာ အရည်အချင်းရှိပြီး ပညာဆက်လက်သင်ယူဖို့ လိုလားပေမယ့် ငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက် ရှိနေသူတွေ အတွက်တော့ အရမ်းကို ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီလို ပညာသင်ဆုအစီအစဉ်က နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ်တွေကို လူဦးရေများနိုင်သလောက်များများ သင်ကြားလေ့လာခွင့်ရဖို့အတွက် အများကြီး အကျိုးရှိထိရောက်တဲ့ အစီအစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်” ဟု Myanmar Metropolitan College (MMC) ၏ ကျောင်းအုပ်ဖြစ်သူ ဒေါ်ခင်နှင်းစိုးက ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့်လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များအား တည်ဆောက်နိုင်စေရေး အထောက်အကူပြုမည့် စီမံကိန်းများကို ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးရေး စင်တာများသည် လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို အစိုးရ ကျောင်းသားကျောင်းသူပေါင်း ၁၆၀,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနောသည် မကြာသေးမီကလည်း နွေရာသီ ကျောင်းပိတ်ရက် ၃ လတာ ကာလအတွင်း ဒစ်ဂျစ်တယ် နည်းပညာသင်တန်း အပတ်စဉ် ၄ ခုအား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဒစ်ဂျစ်တယ် နည်းပညာများနှင့် အတူ အင်တာနက် အား ဘေးကင်းစွာ အသုံးပြုနိုင်မည့် အချက်များကို နိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်အား သင်ကြားပေးနိုင်ခဲ့သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor