Press Release

မြန်မာလူငယ်များ အနေနှင့် ခြောက်ကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ်အတွက် လျှောက်ထား နိုင်ရန် အချိန် ၄ ရက်သာ ကျန်ရှိ

28 July, 2018 - Yangon

  • ခြောက်ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်သည် အချိန်ပြည့် ပါဝင်ရမည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ပါဝင်သူ များအနေဖြင့် လူ့အသိုက်အဝန်းတွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများရှိစေပြီး မညီမျှမှုများ လျော့ချ နိုင်စေရေး ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ 
  • ရွေးချယ်ခံရသည့်လူငယ် ၂ ဦးသည် အော်စလိုနှင့် ဘန်ကောက်မြို့များတွင် ကျင်းပပြုလုပ်သွားမည့် ဆွေးနွေးပွဲများတွင် စရိတ်ငြိမ်း သွားရောက်ပါဝင်ခွင့်ရမည်ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် အော်စလိုမြို့၌ ကျင်းပပြုလုပ်မည့် နိုဘယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက် အထိကျင်းပပြုလုပ်သွားမည့် ၆ ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ် (TYF) အတွက် လျှောက်ထားမှုများအား၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် (အင်္ဂါနေ့) အထိသာ ပြုလုပ်သွားနိုင်မည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံမှ လူငယ်များ အနေနှင့် အဆိုပါ ဖိုရမ်တွင် ပါဝင်လိုပါက လျှောက်ထားနိုင်မည့် အချိန်ကာလမှာ ၄ ရက်သာ ကျန်ရှိတော့သည်ဟု တယ်လီနောမြန်မာမှ ကြေညာလိုက်သည်။ လျှောက်ထားသူသည် အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိပြီး အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်ကာ ပညာအရည်အချင်းအနေနှင့် တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ပြီးဆုံးထားသူဖြစ်ရမည် ဖြစ်သည်။ တယ်လီနော လူငယ်ဖိုရမ်အတွက် လျှောက်လွှာများအား မေလ ၁၅ ရက်နေ့မှ စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။


 
တယ်လီနောလူငယ်ဖိုရမ်သည် တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ် နည်းပညာများအား အသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအား တို်က်ဖျက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ စစ်မှန်သော ကမ္ဘာ့အပြောင်းအလဲများကို ဖော် ဆောင်ရန်နှင့် ဆန်းသစ် ခေတ်မီသော နည်းလမ်းများ အသုံးပြု၍ မညီမျှမှုများ လျော့နည်းသွားစေရန် လူငယ်များ က ဒစ်ဂျစ်တယ်နည်းပညာများ ကို အသုံးပြုကာ စွမ်းဆောင်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် ဤဖိုရမ်ကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခင်ကျင်းပပြီးစီးခဲ့သည့် TYF ဖိုရမ် ၅ ကြိမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင််ခဲ့သူ လူငယ် ၈ ဦးရှိခဲ့ပြီး ဖြစ်သည်။ ယမန်နှစ် တယ်လီနောလူငယ်ဖိုရမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ ၂ ဦး အနက် ၁ ဦးဖြစ်သည့် နန်းကံ့ကော်ယွက်ဆိုင် ပါဝင်သော AGENCY အမည်ရ အဖွဲ့မှ လုပ်သားများ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များနှင့်ပတ်သက်ပြီး တင်ပြနိုင်မည့် လူထုအခြေပြုပရောဂျက်ဖြင့် အနိုင်ရရှိခဲ့သည်။

 

“တယ်လီနော လူငယ်ဖိုရမ်မှာ ပါဝင်ခွင့် ရရှိခဲ့ခြင်းဟာ ညီမအတွက် ဂုဏ်ယူစရာ အချိန်ကာလ တစ်ခုဖြစ်ခဲ့ပြီး ဒီလို အရမ်း ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့တဲ့အတွက်လည်း တယ်လီနောလုပ်ငန်းစုနဲ့ တယ်လီနောမြန်မာ ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီပရိုဂရမ် တစ်လျှောက်မှာ ညီမအနေနဲ့ ကျွမ်းကျင်မှု အသစ်တွေ၊ ဗဟုသုတ အသစ်တွေ အများကြီး  ရရှိခဲ့တဲ့ အပြင် နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက် သူတွေနဲ့လည်း တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ ဒီ တယ်လီနော လူငယ်ဖိုရမ် အစီအစဉ်ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တိုးတက်လာအောင် ပြောင်းလဲတဲ့ နေရာမှာ ပါဝင်ကူညီလိုတဲ့ လူငယ်တွေအတွက် အသင့်တော်ဆုံး အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်တွေကိုလည်း လျှောက်ထားပါဝင်ဖို့ ညီမ တိုက်တွန်းလိုပါတယ်” ဟု နန်းကံ့ကော်ယွက်ဆိုင်က ပြောကြားသည်။

 

တယ်လီနော လူငယ်ဖိုရမ်တက်ရောက်သူများသည် ဖိုရမ်နှင့်ပတ်သက်ပြီး တစ်နှစ်ကြာ အချိန်ပေးရန်လိုအပ်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အော်စလိုမြို့နှင့် ၂၀၁၉ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့များ၌ အသီးသီး ကျင်းပပြုလုပ် မည့် ဆွေးနွေးလုပ်ဆောင်မှုများအား စရိတ်ငြိမ်း သွားရောက်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ တယ်လီနောလုပ်ငန်း လည်ပတ်ရာ နိုင်ငံအသီးသီးမှ ရွေးချယ်ခံရသည့် လူငယ်များအနေနှင့် အဆိုပါ TYF အစီအစဉ် တစ်လျှောက်လုံးတွင် ၎င်းတို့အတွက် သတ်မှတ်ထားသော အဖွဲ့ငယ်များတွင်ပါဝင်ကာ အခြားရွေးချယ်ခံရသူများနှင့်အတူ ပျှမ်းမျှ တစ်ပတ် လျှင် ၂ နာရီ ဝန်းကျင်ခန့် အွန်လိုင်းမှတဆင့် စုပေါင်းဆောင်ရွက်လုပ်ကိုင်ရမည် ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် ဒီဇင်ဘာလအတွင်း အော်စလိုမြို့တွင် အစီအစဉ် စတင်ကျင်းပချိန်၌ အဖွဲ့လိုက်ခေါင်းစဉ်များ သတ်မှတ် ပေးထားမည်ဖြစ်ပြီး အဆိုပါ လူမှုရေးစိန်ခေါ်မှုများအား ဖြေရှင်းပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား အဖွဲ့လိုက် ပူးပေါင်း အဖြေရှာ ဖော်ထုတ်ရမည် ဖြစ်သည်။ ထို့အပြင်  အစီအစဉ်တလျှောက်လုံး၌ တယ်လီနောအုပ်စုမှ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များမှ လူငယ်များအား ညွှန်ကြား သင်ပြပေးခြင်းများ ပြုလုပ်ပေး မည်ဖြစ်သည်။

 

 “တယ်လီနော လူငယ်ဖိုရမ်ဟာ ကမ္ဘာတစ်ဝန်းက လူငယ်တွေ၊ ပညာရှင်တွေနဲ့တွေ့ဆုံနိုင်မယ့်၊ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး အပြုသဘော ဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုဖော်ဆောင်နိုင်မယ့် အစီအစဉ် တစ်ခုဖြစ်ပြီး ကမ္ဘာနဲ့ သက်ဆိုင်တဲ့ ကြီးမားတဲ့ ပြဿနာတွေကို အသစ်အသစ်သော ရှုထောင့်တွေကနေတဆင့် ဖြေရှင်းတာကို နှစ်သက်သဘောကျတဲ့ လူငယ်တွေ အတွက် ဒီဖိုရမ်က အသင့်စောင့်ကြိုနေပါတယ်။ မနှစ်က တယ်လီနော လူငယ်ဖိုရမ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးပါဝင်တဲ့ အဖွဲ့က အကောင်းဆုံး ပရောဂျက်ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားဝမ်းသာမိပြီး အခုလာမယ့် တယ်လီနော လူငယ်ဖိုရမ် ၂၀၁၈ မှာလည်း ဒီလိုမျိုး အရည်အချင်းပြည့်ဝတဲ့လူငယ်တွေကို ထပ်မံကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann က ပြောကြားသည်။

 

တယ်လီနောလူငယ်ဖိုရမ် တစ်ခုပြီးဆုံးသည့်အခါတိုင်း အနိုင်ရရှိသည် အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန် နော်ဝေးနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း (ကန်ဒေါ်လာ ၁၅,၀၀၀) အား ရင်းနှီး မတည်ငွေအဖြစ် တယ်လီနောက ပေးအပ်သွားမည် ဖြစ်သည်။

TYF အကြောင်းကို ပိုမိုသိရှိလိုပါက www.telenor.com/youthforum/ တွင် ဝင်ရောက်လေ့လာကာ လျှောက်ထား နိုင်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor