Press Release

မြန်မာလူငယ်များ၏ တောက်ပသည့် အနာဂတ်အတွက် တယ်လီနော MBA ပညာသင်ဆုကို စတင်လျှောက်ထားနိုင်

24 July, 2020 - Yangon

  • ရာနှုန်းပြည့် ပညာသင်ဆုဖြစ်သည့် တယ်လီနော MBA ပညာသင်ဆု အစီအစဉ်သည် ရွေးချယ်ခံရသူများ သည် ပြည်ပနှင့်ချိတ်ဆက်ထားသည့် တက္ကသိုလ်မှ ပေးအပ်ချီးမြှင့်မည့် MBA in Strategic ICT Management ကို လေ့လာဆည်းပူးသွားနိုင်မည်ဖြစ်
  • တတိယအကြိမ်မြောက်အဖြစ် ခေါ်ယူသည့် ၂၀၂၀ အောက်တိုဘာလ ပညာသင်နှစ်အတွက် လျှောက်လွှာ များကို ဇူလိုင်လ (၂၈) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့ထိ လက်ခံသွားမည်ဖြစ်
  • လူမှုအဖွဲ့အစည်းကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးကို ရည်မှန်းလျက် တယ်လီနောမြန်မာသည် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် မြန်မာပြည်သူ (၁) သန်းကျော်ကို အကျိုးပြုခဲ့ပြီးဖြစ်

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။            ။ တယ်လီနောမြန်မာမှ ရာနှုန်းပြည့် ပံ့ပိုးပေးသွားမည့် Master of Business Administration (MBA) ပညာသင်ဆုကို လေ့လာသင်ယူနိုင်ရန် မြန်မာပြည်တလွှားရှိ  ရည်မှန်းချက် ကြီးမားသည့်  လူငယ်များအတွက် တတိယအကြိမ်အဖြစ် လျှောက်လွှာများ တင်သွင်းနိုင်ပြီဖြစ်သည်။ စေ့စပ်သေ ချာစွာ ပုံဖော်ထားသည့် တယ်လီနောမြန်မာ၏ အဆိုပါပညာသင်ဆုအတွက် Myanmar Metropolitan College (MMC) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အနာဂတ်လူငယ်ခေါင်းဆောင်များဖြစ်သည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် MMC နှင့် ချိတ်ဆက်ထားသည့် ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies (UBIS) မှ ချီးမြှင့်မည့် MBA in Strategic ICT Management (မဟာဗျူဟာနည်းကျ အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ အမ်ဘီအေဘွဲ့) ကို လေ့လာဆည်းပူးနိုင်ရန်အတွက် ရာနှုန်းပြည့်ပညာသင်ဆုအဖြစ် ပံ့ပိုးလုပ် ဆောင်ပေးခြင်းဖြစ်သည်။

 

ပညာရေးမှတ်တမ်းကောင်းများရရှိခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေး လုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ တည်ထောင်ရာတွင် ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာရေးအတွက် ငွေကြေးအထောက်အပံ့လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော MBA ပညာသင်ဆုအစီအစဉ်ကို လျှောက်ထားနိုင်သည်။ တတိယအကြိမ်ဖြစ်သည့် အောက်တိုဘာ ၂၀၂၀ ပညာသင်နှစ်အတွက် လျှောက်လွှာများကို ဇူလိုင်လ (၂၈) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ တယ်လီနောမြန်မာအွန်လိုင်းစာမျက်နှာ www.telenor.com.mm/en/about/mba-scholarship မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

“မြန်မာနိုင်ငံဟာ ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်ပြီး ဒစ်ဂျစ်တယ်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ရေးဆိုတဲ့ ပန်းတိုင်ဆီကို တယ်လီနောနဲ့အတူ သိသာထင်ရှားတဲ့ ခြေလှမ်းပေါင်းများစွာ လှမ်းချီခဲ့ပြီးဖြစ်ပါတယ်။ အထူး သဖြင့် ကမ္ဘာ့ကူးစက်ကပ်ရောဂါ ဖြစ်ပွားချိန်တွင်း အားလုံးကမမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရ ပေမယ့် တရွေ့ရွေ့ တိုးတက်လာမယ့် ရလဒ်တွေအတွက် အမြဲမျက်ခြေမပြတ် လေ့လာရင်း ၊ ကျင့်သားကျအောင် ပြုမူရင်း တိုးတက်ပြောင်းလဲလာဖို့ကလည်း လိုအပ်ပါတယ်။ ဒီလိုအခွင့်အလမ်းမျိုးတွေက နိုင်ငံအတွက် အနာ ဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး ကျယ်ပြန့်လာမှုအတွက်လည်း အထောက်အကူပြုလာနိုင်ပါတယ်။ တယ်လီ နောအနေနဲ့လည်း ဒစ်ဂျစ်တယ်လောကတွင်း အထူးပြုကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းပြည့်ဝတဲ့ လုပ်သားအင် အားကို ရှာဖွေနေကြတဲ့ ကမ္ဘာတစ်ဝှမ်း ခေတ်ရေစီးကြောင်းတစ်ခုကို သတိပြုမိပါတယ်။ ဒါကြောင့်လည်း တယ်လီနောကနေ သေချာပုံဖော်ထားတဲ့၊ အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ MBA ပညာသင်ဆုအစီအစဉ်က မြန်မာနိုင်ငံ တွင်း အားကောင်းတဲ့ ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်မှုကို သိသိ သာသာ မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် Hans Martin Hoegh Henrichsen မှ ပြောကြားခဲ့သည်။

ရာနှုန်းပြည့် ပံ့ပိုးပေးသွားမည့် တယ်လီနော MBA ပညာသင်ဆု အစီအစဉ်အတွက် လျှောက်လွှာများကို တတိယ အကြိမ်အဖြစ် စတင်ခေါ်ယူသွားမည်ဖြစ်ပြီး ယခုအစီအစဉ်မှတစ်ဆင့် (၂၀၁၈-၂၀၂၁) လေးနှစ်တာကာလအတွင်း ပညာသင်ဆု (၂၀) ကို ပေးအပ်သွားရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်များ အတွက် လူငယ် (၉) ဦးကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့တိုင်းပြည်ဟာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာကြောင့် ခေတ်သစ်ကမ္ဘာမှာ ယှဉ်ပြိုင်နိုင် စွမ်းကို ထိန်းသိမ်းဖို့ အထူးသဖြင့် ဗဟုသုတနဲ့ကျွမ်းကျင်မှုတွေရှိဖို့လိုအပ်ပါတယ်။ တယ်လီနော MBA ပညာသင် ဆုအစီအစဉ်ဟာ မြန်မာ့ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါ၀င်ရန်စိတ်အားထက်သန်နေတဲ့ လူငယ်တွေ အားလုံးအတွက် တံခါးဖွင့်ပေးထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါဖြစ်ပွားနေစဥ်အတွင်းမှာ ရာနှုန်းပြည့် ပညာသင်ဆုဖြစ်သည့် တယ်လီနော MBA ပညာသင်ဆု အစီအစဉ်ကို Myanmar Metropolitan College ရဲ့ အွန်လိုင်းကနေတစ်ဆင့် သင်ကြားပို့ချမှုတွေကနေ အမြင်သစ်တွေနဲ့ သင်ယူမှုအတွေ့ အကြုံကောင်းတွေလေ့လာ သင်ယူရင် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို သိမြင်လာစေပါ တယ်။” ဟုတယ်လီနော MBA ပညာသင်ဆု ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ပိုင်ရာဇာစိုးမှ ပြောကြားခဲ့သည်။

ကမ္ဘာ့ကူးစက်ကပ်ရောဂါကာလအတွင်း တယ်လီနော MBA ပညာသင်ဆုချီးမြှင့်ခြင်းခံရသည့် လူငယ်များအပါ အ၀င် 2020 MBA သင်တန်းသားများအားလုံးသည် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်ချက်များနှင့်အညီ လေ့လာသင်ယူနိုင်ရန် MMC မှ အပြည့်အဝအကောင်အထည်ဖော် စီစဥ် ဆောင်ရွက်ထားရှိသွားမည်ဖြစ်သည်။

Myanmar Metropolitan College (MMC) ၏ ဒါရိုက်တာနှင့် ကျောင်းအုပ်ဖြစ်သူ ဒေါ်ခင်နှင်းစိုးသည် “ပညာရေးရဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုကတော့ ကျောင်းသားတွေရဲ့အမြဲထိတွေ့ဆက်ဆံနေမှုပါပဲ။ ကျောင်းသား တွေအနေနဲ့ လေ့လာသင်ယူမှုနဲ့ အမြဲထိတွေ့နေရတယ်လို့ ခံစားရရင် သူတို့တွေအနေနဲ့ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ မျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ် လေ့လာသင်ယူမှုအတွေ့အကြုံကောင်းတွေကို အမြဲရရှိနေမှာပါ။ အပြည့်အဝထောက် ပံ့ထားတဲ့ တယ်လီနော MBA ပညာသင်ဆုကို လေ့လာလိုတဲ့ မြန်မာကျောင်းသားလူငယ်တွေ အထူးသဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးအခြေအနေအကန့်အသတ်ရှိသူတွေအတွက် အလွန်ကောင်းမွန်သော အခွင့်အလမ်း တစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောဆိုခဲ့ပါသည်။

တယ်လီနောမြန်မာသည် ၎င်း၏ အဓိက လုပ်ငန်းလည်ပတ်မှုများ၊ ရေရှည်တည်တံ့ရေးလုပ်ဆောင်မှုများနှင့် စီးပွားရေးမိတ်ဖက်များမှတစ်ဆင့် ပညာရေးဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် အရင်းအမြစ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ မကြာသေးမီက မိတ်ဆက်ခဲ့သည့် Strategy First University နှင့် ပူးပေါင်းဆောင်ရွက်သည့် တယ်လီကွန်း-ပညာရေး ဝန်ဆောင်မှုသည် တစ်နေရာတည်းတွင် ဝန်ဆောင်မှုစုံလင်စွာ ပံ့ပိုးပေးနိုင်သည့် MyTelenor အက်ပ်ပလီကေးရှင်းမှတစ်ဆင့် သုံးစွဲသူများ စဉ်ဆက်မပြတ် လေ့လာမှုကို နေရာ မရွေး၊ အချိန်မရွေး လက်လှမ်းမီနိုင်စေဖို့ရာ ပံ့ပိုးပေးနိုင်ခဲ့သည်။ တယ်လီနောမြန်မာသည် ၂၀၁၄ ခုနှစ်မှ ယနေ့ အချိန်အထိ မြန်မာပြည်သူ (၁) သန်းကျော်ကို  ၎င်း၏ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် အကျိုးပြု ခဲ့ပြီးဖြစ်သည်။ အားလုံးဘေးကင်းလုံခြုံစွာ ဆက်သွယ်မှုရှိစေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်​ပေးနိုင်ရေးတို့ အတွက် တယ်လီနောမြန်မာသည် သုံးစွဲသူများနှင့် အမြဲအတူရှိနေမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share