Press Release

မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များ တယ်လီနော လူငယ်ဖိုရမ်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆု အစီအစဉ်များတွင် ပါ၀င်ဆင်နွှဲ

12 December, 2016 - Yangon

  • လူငယ် ကိုယ်စားလှယ် ၂၆ ယောက်သည် နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကျင်းပသည့် တယ်လီနောလူငယ်ဖိုရမ် တွင် ပါဝင် တက်ရောက်ခဲ့ကြ

 မြန်မာနိုင်ငံမှ နှစ်ဦးအပါအဝင် အရည်အချင်းရှိ လူငယ် ၂၆ ယောက်သည် ပြီးခဲ့သည့် သီတင်းပတ်က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပသည့် လေးကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ် (TYF) နှင့် ၂၀၁၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အစီအစဉ်များတွင် ပါ၀င် ဆင်နွဲခဲ့ကြပါသည်။

တစ်နှစ်ကြာ ပါ၀င်ဆောင်ရွက်ရမည့် TYF အစီအစဉ်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြင့်သည့် ရက်သတ္တပတ်အတွင်း ဖြစ်သော ဒီဇင်ဘာလ ၈ - ၁၁ ရက်တွင် ကျင်းပခဲ့ပြီး မနှင်းနှင်းနိုင်နှင့် ကိုဇော်သူးခေါင်တို့က မြန်မာနိုင်ငံကိုယ်စားပြု၍ တက်ရောက်ခဲ့ကြပါသည်။ ယင်းတို့ နှစ်ဦးသည် အခြား လူငယ် ကိုယ်စားလှယ်များနှင့်အတူ အရေးကြီးသော အဓိက လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် အဖွဲ့များခွဲ၍ စုပေါင်းအဖြေရှာခြင်းများကို ဖိုရမ်ကာလအတွင်း ဆောင်ရွက်ခဲ့ကြ ပါသည်။ ထို့ပြင် လူငယ် ကိုယ်စားလှယ်များသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည့် ကိုလံဘီယာသမ္မတ Juan Manuel Santos အားဂုဏ်ပြုသည့် အခမ်းအနားများတွင်လည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။ တစ်နှစ်ကြာမြင့်မည့် TYF အစီအစဉ်တွင် အော်စလိုတွင် ပြုလုပ်သည့် ပွဲပြီးနောက် အွန်လိုင်းမှ တစ်ဆင့် အဖွဲ့လိုက် ဆွေးနွေး ဆောင်ရွက် ခြင်းများကို ဆက်လက်ဆောင်ရွက်နေကြမည် ဖြစ်ကာ ၂၀၁၇ ခုနှစ်မေလတွင်မူ ဘန်ကောက်၌ နောက်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ ထို့နောက် ၂၀၁၇ အောက်တိုဘာလတွင် နိုဘယ်ငြိမ်းချမ်းရေး စင်တာ၌ပြုလုပ်မည့် ဒီဂျစ်တယ်ပြပွဲတွင် ဖိုရမ်လူငယ်အဖွဲ့များ၏ ဒစ်ဂျစ် တယ် အကြံဉာဏ်များကို ထုတ်ဖော်ပြသ သွားကြမည်ဖြစ်သည်။

တယ်လီနောအနေနှင့် ဒီဇိုင်းပိုင်းဝန်ဆောင်မှု အေဂျင်စီတစ်ခုုဖြစ်သည့် Livework အား ဖြေရှင်းချက်များ အတွက် ဒီဇိုင်းပိုင်းလုပ်ဆောင်ရာတွင် လူငယ်များအား အထောက်အကူဖြစ်စေရန် ဖိတ်ခေါ် ပေးခဲ့ပြီး အဖွဲ့တစ်ဖွဲ့ချင်းစီ အတွက် ဖြေရှင်းချက်များ ဖော်ဆောင်ရာတွင် တစ်နှစ်ပတ်လုံး အနီးကပ်လမ်းညွန် ကြီးကြပ်ပေးမည့် ကျွမ်းကျင်သူ တစ်ဦးစီ လည်း ထားရှိ ပေးထားပါသည်။

“အခုအစီအစဉ်မှာ ပါ၀င်ခွင့် ရခဲ့တဲ့အတွက် ဘဝအတွေ့အကြုံကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ ကျွန်တော်တို့လို လူငယ် တွေကို အတွေ့အကြံုကောင်းတွေရရှိစေမယ့် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးထားတဲ့အတွက် ကျေးဇူးတင်ရှိ ပါတယ်။ တယ်လီနော လူငယ်ဖိုရမ်ဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုမို့လို့ နောင်နှစ်အစီအစဉ်တွေ အတွက် ပါ၀င် လျှောက်ထားကြဖို့ မြန်မာလူငယ်တွေကို တိုက်တွန်းလိုပါတယ်” ဟု ကို ဇော်သူးခေါင်က ပြောသည်။

အော်စလိုမှ ဘန်ကောက်၊ TYF အစီအစဉ်မှ လူငယ်များအား ကမ္ဘာတစ်ဝန်း ခေါ်ဆောင်ပေးသွားမည်။

TYF အနေဖြင့် ကိုယ်စားလှယ်များအတွက် ဒုတိယမြောက်အခမ်းအနားကို ၂၀၁၇ ခုနှစ် မေလတွင် ဘန်ကောက်မြို့၌ ကျင်းပပေးသွားမည်ဖြစ်သည်။ မိမိိတို့၏ဖြေရှင်းချက်များကို အကောင်အထည်ဖော် လုပ်ဆောင်နေကြသည့် အဖွဲ့များ အတွက် ဤအခမ်းအနားသည် ပထမဆုံးသော အဓိကမှတ်တိုင်ဖြစ်လာမည်ဖြစ်သည်။ ယခုတစ်ခေါက်တွင် ပါဝင်ကြ သည့် လူငယ်များအတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အစီအစဉ်ပြီးဆုံးမည်ဖြစ်၍ ထိုအခါ တယ်လီနောနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ဂျူရီအဖွဲ့မှ လုပ်ဆောင်ချက်များကို သုံးသပ်ကာ အနိုင်ရရှိ သည့်အဖွဲ့ကို ရွေးချယ် မည်ဖြစ်သည်။ အဆိုပါအနိုင်ရရှိသည့်အဖွဲ့သည် နောက်တစ်ကြိမ်ကျင်းပမည့် TYF တွင်ပါဝင်ကြမည့်သူများကို အားပေး ရန်အတွက် အော်စလိုမြို့သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်သွားရောက်နိုင်မည်ဖြစ်ပါသည်။

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် တယ်လီနော၏ လူငယ်ဖိုရမ်များကို မြန်မာနိုင်ငံမှ လူငယ် ကိုယ်စားလှယ် လေးဦးတက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ယင်းတို့သည် ထိုင်းနိုင်ငံတွင်မေလ ၂၅-၂၆ ရက်တို့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် အာရှ လူငယ်ဖိုရမ်ကိုလည်း တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ် ဖိုရမ်အတွက် ရွေးချယ်ခံခဲ့ရသော လူငယ်ကိုယ်စားလှယ် မောင် ဖြိုးသူရဌေးသည် အာရှဖိုရမ်က ရွေးချယ်ခဲ့သော အကောင်း ဆုံး အသင်းတွင် ပါ၀င်ခဲ့သည့်အတွက် ယင်းအသင်းအဖွဲ့ဝင်များနှင့်အတူ အော်စလိုတွင် ကျင်းပခဲ့သည့် ဖိုရမ်သို့ ထပ်မံ တက်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များ ရွေးချယ်ခဲ့မှုကို တယ်လီနော၏ ၀က်ဆိုက် TYF Myanmar candidates’ selection တွင် ထပ်မံလေ့လာနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor