Press Release

မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှုအများဆုံး နိုင်ငံခြားကုမ္ပဏီအဖြစ် တယ်လီနောမြန်မာရပ်တည်

27 November, 2018 - Yangon

  • နိုင်ငံခြားကုမ္ပဏီများအနက် တယ်လီနောမြန်မာသည် ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်း ခွန် ပေးဆောင်မှုတွင် အများဆုံးနှင့် ဝင်ငွေခွန် ပေးဆောင်မှုတွင် ဒုတိယ အများဆုံးဖြစ်
  • မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် လုပ်ဆောင်သည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် အစိုးရထံသို့ အခွန်အရပ်ရပ် အဖြစ် ကျပ်ငွေ ၄၄၁ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးဖြစ်

တယ်လီနောမြန်မာသည် ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း မြန်မာ နိုင်ငံတွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားကုမ္ပဏီများအနက် ထိပ်တန်း ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ၏ ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် နံပါတ် ၁ နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ကျပ်ငွေ ဘီလျံ ၅၀ ကျော် အခွန်ပေး ဆောင်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံခြားကုမ္ပဏီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင်လည်း တယ်လီနောမြန်မာက ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ တယ်လီနော မြန်မာသည် ယခုစည်းကြပ်နှစ်တွင် ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၈၀ ဘီလျံကျော် ပေးဆောင်ခဲ့ပြီး ၂၀၁၆/၁၇ အခွန် စည်းကြပ်နှစ်တွင် ဝင်ငွေခွန်ပေးဆောင်မှုအများဆုံး နံပါတ် ၅ နေရာမှ ယခုနှစ်တွင် နံပါတ် ၂ နေရာသို့ တက်လှမ်း လာနိုင်ခဲ့ခြင်းဖြစ်သည်။

တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့်အချိန်မှစ၍ ယခု အခွန်စည်းကြပ်နှစ်အထိ ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၂၄၁ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၈၁ ဘီလျံကျော် အသီးသီး ထမ်းဆောင်ခဲ့ ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယင်းကာလအတွင်း အခွန်အမျိုးအစားများစွာအတွက် ကျပ်ငွေ ၄၄၁ ဘီလျံကျော်အား နိုင်ငံတော် အစိုးရထံ အခွန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

“၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွက် တယ်လီနောမြန်မာဟာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုစာရင်းမှာ နံပါတ် ၁ နေရာနဲ့ ဝင်ငွေခွန် ပေးဆောင်မှုစာရင်းမှာ နံပါတ် ၂ နေရာ အသီးသီးရပ်တည်နိုင်ခဲ့တယ်ဆိုတာ သိရတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ငန်းဆောင်ရွက်နေ တဲ့ တာဝန်သိကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ဖို့ အမြဲတမ်းရည်သန်လုပ်ဆောင်နေပြီး ဒီအခွန်ငွေတွေဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲစျေးကွက်တစ်ခုအတွက် အလွန်အရေးပါတယ်ဆိုတာ အပြည့်အဝ နားလည်ထားပါတယ်။ တယ်လီနောမြန်မာ ရဲ့ အခွန်ပေးဆောင်မှုတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို ပိုမိုမြင့်တက်လာစေနိုင်ပြီး အစိုးရအတွက်လည်း သိသိသာသာ အကျိုးရှိစေမယ့် ဘဏ္ဍာရေး အထောက်အကူတစ်ရပ်လည်း ဖြစ်လာစေမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Mr. Hans Martin Hoegh Henrichsen က ပြောကြားသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၂၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည် ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor