မြန်မာနိုင်ငံ၏ပထမဦးဆုံး Clash Royale ပြိုင်ပွဲကျင်းပ

29 June, 2017 - Yangon

  • ပြိုင်ပွဲတွင် ကစားသမား ၄၈ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးလာရောက်ကြည့်ရှု့သူအယောက် ၂၀၀ ကျော်ရှိ 

တယ်လီနောမြန်မာ (“တယ်လီနော”) သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Clash Royale (CR) ပြိုင်ပွဲအားနိုင်ငံတွင်းရှိများစွာသော CR ဂိမ်းကစားသူများအတွက် ကျင်းပပြုလုပ်ပေးလိုက်ပါသည်။

“မြန်မာနိုင်ငံမှာဆက်သွယ်ရေးနဲ့ အင်တာနက် အရည်အသွေးတွေ ပိုမိုကောင်းမွန်လာတာနဲ့အမျှ e-sports လို့ခေါ်တဲ့ အွန်လိုင်းဂိမ်းကစားနည်းတွေကိုကစားတဲ့ လူဦးရေကလည်းတစ်ဖြည်းဖြည်းတိုးပွားလာတာကို ကျွန်တော်တို့ တွေ့မြင်လာရပါတယ်။ ဒါ့အပြင်တယ်လီနောအနေနဲ့ အကောင်းမွန်ဆုံး 4G/LTEဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာမကြာသေးမီကမိတ်ဆက်ခဲ့တာကြောင့် ဒီ e-sports အသိုင်းအဝန်းကလည်းပိိုမိုကျယ်ပြန့်လာမယ်လို့ မျှော်မှန်းရပါတယ်။ ပြည်တွင်းက e-sports အသိုင်းအဝန်းကိုအားပေးကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီလို ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာပထမဆုံးကျင်းပပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အရမ်းကိုဝမ်းမြောက်မိပါတယ်။ နောက်ထပ်လည်းဒီလိုဂိမ်းပြိုင်ပွဲတွေကိုကျင်းပပြုလုပ်သွားဖို့ အစီအစဉ်တွေ ရှိတာကြောင့် e-sports ပရိသတ်တွေအနေနဲ့ Facebook မှာ ကျွန်တော်တို့ရဲ့ ‘Telenor Game On’ နဲ့ချိတ်ဆက်ထားဖို့ တိုက်တွန်းချင်ပါတယ်” ဟုတယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Josiln Myrthong ကပြောကြားပါသည်။

 

အဆိုပါ နှစ်ရက်ကြာမြင့်သည့်ဂိမ်းပြိုင်ပွဲအားဂျန်းရှင်းစီးတီးတွင် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာပြိုင်ဆိုင်မှု ပြင်းထန်ပြီးရင်ခုန်စိတ်လှုပ်ရှားဖွယ်ပွဲစဉ်များကိုလည်းတွေ့မြင်ခဲ့ရသည်။ အဆိုပါ ဂိမ်းပြိုင်ပွဲအား ပြိုင်ပွဲဝင် ၄၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရှုံးထွက်စနစ်ဖြင့် နောက်ဆုံးဖိုင်နယ်ပွဲစဉ်အထိကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသောအွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပြီးဆုချီးမြှင့်မှုများမှာလည်းပိုမိုများပြားခဲ့သည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် စစ်ငြိမ်းစိုး (Clash Royale အမည် “VizardNs”) သည် တယ်လီနော Clash Royale ဂိမ်းပြိုင်ပွဲ၏ အနိုင်ရရှိသူ ဖြစ်ခဲ့ပြီး ပြည့်ဝန်ထက် (Clash Royale အမည် “Aizeth”) မှ ဒုတိယ၊တင့်နိုင် (Clash Royale အမည် “TTP<3ZPP”) မှ တတိယနှင့် နိုင်လင်းထွန်း (Clash Royale အမည် “Lee Young Pho”)မှစတုတ္ထ အသီးသီးရရှိခဲ့သည်။

ပြိုင်ပွဲတွင် cos-player များ၊ ဂိမ်းအတွင်းမှ ဇာတ်ကောင်များဖြင့် အလှဆင်ထားသောဓာတ်ပုံရိုက်ကူးနိုင်သည့် နောက်ခံနံရံများလည်းပါဝင်ခဲ့ပြီးလာရောက်ကြည့်ရှုသူများလည်းပါဝင်ကစားနိုင်သည့် အစမ်းပြိုင်ပွဲများလည်းပါဝင်ခဲ့သည်။ အဆိုပါ အခမ်းအနားအားတစ်ရက်လျှင် လူဦးရေပေါင်း ၂၀၀ ကျော်လာရောက် ကြည့်ရှုခဲ့ကြသည်။

Clash Royale သည် အခကြေးငွေပေးစရာမလိုပဲကစားသမားအချင်းချင်းယှဉ်ပြိုင်ကစားရသည့် အွန်လိုင််းကစားနည်းတစ်မျိုးဖြစ်ပြီးဂိမ်းကစားသူများအနေနှင့်ပွဲစဉ်တစ်ပွဲအားအနိုင်ရရှိစေရန် ယှဉ်ပြိုင်ဘက်၏ ခံတပ်များအား ဖြိုဖျက်ရသည့်ကစားနည်းဖြစ်သည်။ ပွဲစဉ်အနိုင်ရရှိပါကအနိုင်ရရှိသူသည် ဆုဖလားများရရှိမည် ဖြစ်ပြီးအဆိုပါ ဆုဖလားအရေအတွက် အပေါ်မူတည်၍ကစားသမားများအားအဆင့်သတ်မှတ်ခြင်း ဖြစ်သည်။ ကစားသမားများအားဆုဖလားအနိုင်ရရှိခြင်းသို့မဟုတ် ရှုံးနှိမ့်ခြင်းအပေါ်မူတည်၍ ယှဉ်ပြိုင်ရသည့် အဆင့်များကိုလည်းခွဲခြားသတ်မှတ်သွားမည် ဖြစ်သည်။

တယ်လီနောသည် လက်ရှိတွင် တာ၀ါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ တယ်လီနော၏ 4G ဝန်ဆောင်မှုများအားလက်ရှိအချိန်တွင် ကယားနှင့် ချင်းမှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်အပါအ၀င် နိုင်ငံ တစ်၀ှမ်းရှိ မြို့ကြီး ၂၅ မြို့တွင် ပေးအပ်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor