Press Release

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများအတွက် စျေးနှုန်းအသက်သာဆုံး ဆင်းကတ်ကို မိတ်ဆက်

17 November, 2016 - Yangon

တယ်လီနော မြန်မာလီမိတက် (“တယ်လီနော”) သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများအတွက် စျေးနှုန်းအသက်သာဆုံး ဆင်းကတ်ကို မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါသည်။ ဤ ဆင်းကတ်ဝန်ဆောင်မှု ဖြင့် ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာ နိုင်ငံအတွင်း နေထိုင်နေစဉ် ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် အချိန်မရွေး ဆက်သွယ် နိုင်မည်ဖြစ်သည်။

“မြန်မာနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေ အာရုံစိုက်လာတဲ့ နေရာတစ်ခုဖြစ်လာတဲ့အပြင် ပွင့်လင်းရာသီတွေမှာ နိုင်ငံတွင်း ဝင်ရောက် လာတဲ့ ခရီးသွားဦးရေ များပြားလာနေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က ကမ္ဘာလှည့်ခရီးသွးာတွေ ဒီမှာ နေထိုင်စဉ် သူတို့ရဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်တိုင်း လွယ်ကူ စိတ်ချစွာ ဆက်သွယ်မှု ရှိနေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါအပြင် ဒီ ဆင်းကတ်က အသုံးပြုသူ သုံးစွဲလိုက်ရတဲ့ ငွေပမာဏထက် ပိုမိုရရှိမယ့် ဝန်ဆောင်မှုမျိုးကို ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ အတွက် မြန်မာနိုင်ငံမှာ စျေးအသက်သာဆုံး အစီအစဉ်ကို ၀န်ဆောင်မှုပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။” ဟု တယ်လီနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin E Myrthong က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အမြန်ဆန်ဆုံး အင်တာနက်ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး နိုင်ငံ တစ်ဝန်းမှာ တာဝါတိုင်ပေါင်း ၆၈၀၀ ကျော်ကို တည်ဆောက်ထားပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းကနေရာ အများစုမှာ ကောင်းမွန်တဲ့ အင်တာနက် ၀န်ဆောင်မှုကို ပေးအပ်နိုင်နေတာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

ယခု ဆင်းကတ်တွင် ၅ဂစ်ဂါဘိုက် စမတ်အင်တာနက်သုံးစွဲခွင့်၊ မည်သည့်ပြည်တွင်းအော်ပရေတာကိုမဆို မိနစ် ၅၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်သုံးမှုအတွက် ဖုန်းဘေလ် ၁,၅၀၀ ကျပ်၊ တို့အပြင် အခမဲ့ ဖုန်းအဝင်လက်ခံခွင့်နှင့် SMS လက်ခံခွင့် တို့ ပါဝင်မည် ဖြစ်သည်။ ဆင်းကတ်ကို ပထမဦးဆုံး ဖုန်းခေါ်ဆိုမှု ပြုလုပ်ပြီးနောက် သက်တမ်းအဖြစ် ၁၄ ရက်အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ စျေးနှုန်းမှာ ဆင်းကတ် တစ်ခုအတွက် ၁၅,၀၀၀ ကျပ်မျှသာ ဖြစ်သည်။

ပြည်တွင်းဖုန်းခေါ်ဆိုခအနေနှင့် မည်သည့် အော်ပရေတာကိုမဆို သုံးစွဲမှု အများဆုံးအချိန် အတွင်း၌ တစ်မိနစ် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားအချိန်၌ တစ်မိနစ် ၂၀ ကျပ်သတ်မှတ်ထားသည်။ SMS တစ်စောင်အတွက်မူ ၁၅ ကျပ် သတ်မှတ်ထားသည်။ အင်တာနက် အသုံးပြုခအနေနှင့် သုံးစွဲမှု အများဆုံးအချိန် အတွင်း၌ ၈ကျပ်/MB ကျသင့်မည်ဖြစ်ပြီး ယင်းအချိန်ပြင်ပတွင် ၆ကျပ်/MB ကျသင့်မည် ဖြစ်သည်။ မနက် ၁၀ နာရီမှ ည ၁၀ နာရီ အထိအား သုံးစွဲမှု အများဆုံးအချိန် အဖြစ် သတ်မှတ်ထားပြီး ည ၁၀ နာရီမှ မနက် ၁၀ နာရီအထိအား သုံးစွဲမှု နည်းပါးသည့် အဖြစ် သတ်မှတ်ထားသည်။

စျေးအသက်သာဆုံး နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအနေနှင့် ကနေဒါနိုင်ငံသို့ တစ်မိနစ် ၁၀၀ ကျပ်၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ကို တစ်မိနစ် ၂၀၀ ကျပ်တို့ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။ နိုင်ငံတကာဖုန်းခေါ်ဆိုမှု နှုန်းထားအားလုံးကို တယ်လီနောမြန်မာ website တွင် ကြည့်ရှုနိုင်သည်။ နိုင်ငံတကာ SMS ပေးပို့မှုမှာ မည်သည့်နိုင်ငံကိုမဆို တစ်စောင် ၃၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။

၁၄ ရက်ကျော်၍ အသုံးပြုနိုင်သော ကာလကျော်လွန်သွားသည့်အခါ (သို့မဟုတ်) ဖုန်းထဲရှိထည့်ထားသည့် ငွေပမာဏကုန်သွားသည့်အခါ ရက် ၃၀ အတွင်း ထပ်မံငွေဖြည့်ပါက ပုံမှန် ဆင်းကတ် အတိုင်း ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် အရေးပေါ်ငွေချေးသည့်ဝန်ဆောင်မှု (“ကြိုသုံး”) မှ လွဲ၍ တယ်လီနော၏ အခြားဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းအားလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများအတွက် ဆင်းကတ်ကို လေဆိပ်များ၊ ဟိုတယ်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ နှင့် နိုင်ငံတစ်ဝန်း မြို့ကြီး များရှိ တယ်လီနောအမှတ်တံဆိပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor