Press Release

မြန်မာနိုင်ငံရှိ တယ်လီကွန်းအော်ပရေတာများမှ မိုဘိုင်းလ်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ပံ့ပိုးကူညီ

17 October, 2019 -

ရန်ကုန်၊ မြန်မာ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီဒူးမြန်မာလီမိတက် (အူရီဒူး) ၊ တယ်လီနောမြန်မာ လီမိတက် (တယ်လီနော) ၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (MyTel) တို့နှင့် ပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ မိုဘိုင်းလ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနားလည်စေရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရန် ရန်ကုန်မြို့ရှိ Pullman Yangon Centrepoint တွင် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများပေါ်တွင် မူတည်၍ မြန်မာနိုင်ငံရှိ မိဘပြည်သူများ၏ အကျိုးအတွက် ဆက်သွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်စေရေးကို ယခုလိုပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် သေချာစေမည် ဖြစ်ပါသည်။

အော်ပရေတာတစ်ခုချင်းစီသည် သုံးစွဲသူကျေနပ်မှုရှိစေရန် အလေးထားလုပ်ဆောင်သွားမည့် ခံယူချက်ကိုဖော်ပြခဲ့ပါသည်။ အော်ပရေတာများအနေဖြင့် သုံးစွဲသူများအား မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း အတွေ့အကြုံကို နားလည်လွယ်ကူစေရန် ဆောင်ရွက်ပေးထားသော ထင်ရှားသည့် အကူးအပြောင်းများ ဖြစ်သည့်  ယူနီကုတ်ဖောင့် ပြောင်းလဲဖော်ဆောင်ခြင်း၊ ဝန်ဆောင်မှုများ စာရင်းသွင်းရယူခြင်းနှင့် အသစ်ပြန်လည်ရယူခြင်းတို့တွင် သုံးစွဲသူများထံမှ အတည်ပြုချက်နှစ်ခါရယူခြင်း၊ ထပ်ဆောင်း ဝန်ဆောင်မှုများ အတွက် စည်းမျဉ်းစည်းကမ်းများ စသည်တို့ကို သုံးစွဲသူများအတွက်   အနှောက်အယှက်မဖြစ်စေရန် ဆောင်ရွက်ပေးထားပါသည်။ ဆက်လက်ပြီး အော်ပရေတာအသီးသီးမှ သုံးစွဲသူများစိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ၄င်းတို့၏ ဖုန်းခေါ်ဆိုခြင်းနှင့် ဒေတာအစီအစဉ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများနှင့် ဒီဂျစ်တယ်သုံးစွဲသူဝန်ဆောင်မှု အစရှိသည့် ဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ အနာဂတ်မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

“တယ်လီကွန်းအော်ပရေတာတွေအနေနဲ့ သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး ဆန်းသစ်တီထွင် ဖန်တီးထားတဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ကအလွန်ပဲ အရေးကြီးလှပါတယ်။ မြန်မာပြည်သူလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်းနိုင်ဖို့ ဝန်ဆောင်မှုရဲ့အမြင့်ဆုံး အရည်အသွေးက အခြေခံအဆောက်အဦခိုင်မာအားကောင်းမှုပေါ်မှာမူတည်ပါတယ်။ အခြေခံခိုင်မာအောင် တည်ဆောက်ဖို့ အတွက် အားလုံးအတူ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးဖြစ်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူး​ပြောင်းရေး ကိုသာမက လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer  ဖြစ်သူ Mr.Reizo Umeda မှ ပြောကြားပါသည်။

အူရီဒူးမြန်မာ၏   Chief Legal and Regulatory Officer, Mr. Chris Peirce က    “မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေနဲ့   လူနေမှုဘဝ ပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ဖို့အတွက်  မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ အော်ပရေတာတွေ အတူပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးပါ ပါတယ်။” ဟု ပြောကြားပါသည်။

 “ကျွန်တော်တို့အနေနဲ့ “သုံးစွဲသူများကို ဦးစားပေး” ဆိုတဲ့ ကတိတည်အောင် အမြဲဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ ထုတ်ကုန်တွေကို အခက်အခဲမရှိ အသုံးပြုနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ ပိုမိုနားလည်သိရှိလာအောင် ဆောင်ရွက်ပေးတဲ့ ဒီဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးစုပေါင်းဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်းက ပါဝင်နိုင်လို့ ကျေးဇူးတင်ပါတယ်။” ဟုတယ်လီနောမြန်မာ၏ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen ကပြောကြားလိုက်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက “ခိုင်မာတဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်တစ်ရပ် တည်ဆောက်ရေးရဲ့အရေးကြီးမှုကို နားလည်ထားရှိမှုနဲ့ အတူ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ နိုင်ငံရဲ့ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်းတွေကို ပြည့်ပြည့်ဝဝပံ့ပိုးပေးဖို့ဖြစ်ပြီး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ အခြေခံအဆောက်အဦ အသင့်ဖြစ်နေခြင်း၊ ခေတ်မီပြီးထူးခြားတဲ့ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ကမ်းလှမ်းပေးခြင်းနှင့် သုံးစွဲသူကျေနပ်သည့် အဆင့်ထက်ကျော်လွန်တဲ့ စင်းလုံးချောကောင်းမွန်တဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းတို့နဲ့ အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများပေါ်တွင်မူတည်၍ လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်သွယ်ရေးဝန်ဆောင်မှု များကို အကောင်းဆုံး၀န်ဆောင်မှု ပေးအပ် လျှက်ရှိပါသည်။

ဆက်သွယ်ရန်

MPT-KSGM Joint Operations

 +95 9 423000171, +95 9 8630050

haymannsoe@mptjo.com.mm; corporatecomm@mptjo.net.mm

Mytel

+959781108816

Wadi-tunnaing@passionmyanmar.com

Ooredoo Myanmar

+95 9 973333322

mhan1@ooredoo.com.mm

Telenor Myanmar - Corporate Affairs

+95 9 791 001 344

khinnuyin.myint@telenor.com.mm

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံး သို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၃ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။

Mytel အကြာင်း

Mytel ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးဈေး ကွက်သို့  နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၁၁ ခု ဖြင့်ဖွံ့စည်းထားသောကုမ္ပဏီအစုအဖွဲ့၏ကြိုတင်စိုက်ထူထားပြီးဖြစ်သောဆက်သွယ်ရေးတာဝါတိုင်အဆောက်အအုံများနှင့် ချိတ်ဆက်ပြီး ရှေ့ပြေး ဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့်ဗီယက်နမ်ဆက်သွယ် ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel  နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင် ပေးရင်း နောက်ဆုံးပေါ်နည်းပညာများနှင့် ဆက်သွယ်ရေးဈေးကွက်အား အရှိန်အဟုန်မြင့်ကာ မြန်မာပြည်သူပြည်သားများအတွက် ဈေးနှုန်းသက်သာပြီးအရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည်ဖြစ်သည်။

Mytelသည်မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်အကျယ်ပြန့်ဆုံး4Gကွန်ယက်နှင့်ခေတ်အမှီဆုံးဆက်သွယ်ရေးအခြေခံအဆောက်အဦများထောက်ပံ့ပေးပြီးဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းရန်နှင့်မြန်မာပြည်သူပြည်သားတို့၏လူနေမှုဘဝများစွာကို စွမ်းအားမြှင့်တင်ရန်ဆောင်ရွက်ပေးနေသောဆက်သွယ်ရေးတစ်ခုဖြစ်လာစေရန်ရည်ရွယ်သည်။

အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက          https://www.facebook.com/mytelmyanmar  နှင့်  www.mytel.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

အူရီဒူးမြန်မာ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒီဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် ယခုအခါတွင် တစ်ဦးချင်းအသုံးပြူသူများ သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Website: www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား  ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်  ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်း  ဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်း များကို တာဝန်သိစွာဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်  ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

My Account
Live Chat
Share Share