Press Release

မြန်မာနိုင်ငံရှိ ကိုဗစ်-၁၉ စောင့်ကြည့်စင်တာများသို့ တယ်လီနောမှ လှူဒါန်းမှုများပြုလုပ်

07 April, 2020 - Yangon

  • ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ   ယာယီ ကိုဗစ်-၁၉ စောင့်ကြည့်စင်တာ ၁၅ ခုတွင် တာဝန် ထမ်းဆောင်နေသော ရှေ့တန်းတိုက်စစ်မှူး ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ရည်ရွယ်လှူဒါန်း
  • Network Activity Group မှတဆင့် မြန်မာကျပ် သိန်း ၂၄၀ ကျော်တန်ဖိုးရှိ ဆေးကုသမှု၊ တစ်ကိုယ် ရည်သုံး သန့်ရှင်းရေးနှင့်ဆိုင်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို တယ်လီနော မြန်မာမှ လှူဒါန်း
  • အသွားအလာ ကန့်သတ်၊ စောင့်ကြည့်ခံနေရသည့် ပြည်သူများ ဆက်လက်အဆက်အသွယ်ရှိနေ စေရန်နှင့် သတင်းအချက်အလက်များကို လက်လှမ်းမီစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှတဆင့် 1GB ဒေတာပါဝင်သည့် တယ်လီနော ဆင်းကတ် (၂၅,၀၀၀) ကို ပေးအပ်

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကျရာအခန်းကဏ္ဍ တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးနိုင်ရန်အတွက် တယ်လီနောမှ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်စင်တာ (quarantine center) ‌၁၅ ခုသို့ သန့်ရှင်းရေးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့သည်။ တယ်လီနောအနေဖြင့် နိုင်ငံ တွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသည့်အတွက် ထိလွယ်ခိုက်လွယ်သည့်ကဏ္ဍများကို ကာကွယ် ပေးနိုင်ရန်လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို လူမှုပတ်ဝန်းကျင်အတွက် လိုအပ်မည့် အရာများကို ကူညီထောက်ပံ့သွားမည့် ဆက်သွယ်ရေး အော်ပရေတာလည်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်ရှိ ယာယီစောင့်ကြည့်စင်တာတစ်ခုချင်းစီသည် လူအယောက် ၈၀၀ ခန့် ကို တစ်ချိန်တည်းတွင် သွားလာ၊ ကန့်သတ် စောင့်ကြည့်ခံသူများအဖြစ် နေရာချထားပေးနိုင်မည်ဖြစ်သည်။ ယင်းဒေသတွင်ရှိသော စောင့်ကြည့်ခံလူအများစုသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လတ်တလော ပြန်လည် ရောက်ရှိလာသော အလုပ်လက်မဲ့ ‌ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။

"ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ဖို့ လူမှုအဖွဲ့အစည်းတိုင်းဆီကနေ တုန့်ပြန်မှု မြန်မြန်ဆန်ဆန် ရရှိဖို့ အရေးကြီးပါတယ်။ တယ်လီနောအနေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ ပံ့ပိုးပေးနေဖို့အပြင် ထိလွယ်ခိုက်လွယ် သည့်ကဏ္ဍတွေကိုပါ ထောက်ပံ့ပေးရမယ်လို့ ခံယူထားပါတယ်။ အခုလို လိုအပ်နေတဲ့အချိန်မှာ နိုင်ငံတော် အစိုးရအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ၊ လူ့အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေစတဲ့ ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်ဖို့ ကြိုးစားနေတဲ့ သူတွေနဲ့အတူ တယ်လီနောက မားမားမတ်မတ် ရပ်တည်ပေးနေ ပါတယ်" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug က ပြောကြား ခဲ့သည်။

တယ်လီနောသည် မြန်မာကျပ်ငွေသိန်း ၂၄၀ ကျော် တန်ဖိုးရှိ တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို Network Activity Group (NAG) သို့ ပေးအပ်ခဲ့သည်။ အဆိုပါ ပေးအပ် ခဲ့သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများတွင် လက်သန့်ဆေးရည် လီတာ (၂၀၀)၊  လက်ဆေးဆပ် ပြာရည်လီတာ (၂၀၀)၊ နှာခေါင်းစည်း ၁၄,၀၀၀ ကျော်၊ ခန္ဓာကိုယ်နှင့် ထိတွေ့ရန်မလိုသည့် ကိုယ်ပူချိန်တိုင်းတာ စက် (Thermometer guns) နှင့် အခြားသန့်ရှင်းရေးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများတို့ ပါဝင်သည်။ ယခုကဲ့သို့ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းသည် စောင့်ကြည့်ခံပြည်သူ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါ ကူးစက်ပြန့်နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။

ထို့အပြင် တယ်လီနောသည် ၎င်းစင်တာများ၌ အသွားအလာကန့်သတ်၊ စောင့်ကြည့်ခံနေရသည့် ပြည်သူများ အတွက် ဒေတာ 1GB ပါဝင်သည့် ဆင်းကတ်ပေါင်း (၂၅,၀၀၀) ကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ အဆိုပါ ဆင်းကတ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ပြီး လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များ တွင် ဆင်းကတ်ပေါင်း ၈၅၀၀ ကျော် လွှဲပြောင်းပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

“ဒီလိုလုပ်တာက ကျွန်ုပ်တို့ရဲ့ ရှေ့ပြေး ကနဦး ခြေလှမ်းအစပါ။ လက်ရှိမှာလည်း ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီး လုပ်ဆောင်ပေးနေသူတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအစိုးရကို ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်မယ့် အခြားသော ကြားဝင်ကူညီ မှုတွေအတွက် ကုမ္ပဏီတွင်းရော၊ အခြားအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးလျက်ရှိပါတယ်။ မြန်မာပြည်သူ ပြည်သားတွေအကြား အမြဲဆက်သွယ်ချိတ်ဆက်ပေးရင်း လူ့အဖွဲ့အစည်းကို မြေတောင်မြှောက်မြှင့်တင်ပေး နေတဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံဖို့က တယ်လီနောရဲ့ ထိပ်တန်းဦးစားပေးမှုပါပဲ။ ဆက်သွယ်ရေးဟာ အင်မတန်ကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ရှိနေတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ် ရေးမှာ အနှောင့်အယှက် တစုံတရာမရှိဖို့၊ ပြည်သူလူထုအနေနဲ့ သတင်းအချက်အလက်များကို အချိန်နဲ့ တပြေးညီ ရရှိနေရင်း ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် ဆက်လက်ရှိနေစေဖို့ ကျွန်တော်တို့ တယ်လီနောက ဆက်လက် ကြိုးစား လုပ်ဆောင်သွားမှာပါ ” ဟု Revhaug က ထပ်မံပြောကြားခဲ့သည်။

တယ်လီနောမြန်မာအနေဖြင့် ပြည်သူလူထုအကြား ကိုဗစ် -၁၉ ဆိုင်ရာ ဘက်မလိုက်၊ မျှတသည့် သတင်း အချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရေးအတွက် ၎င်း၏ ဆက်သွယ်ရေး ကွန်ရက်ဖြင့် တဖက်တလမ်းမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ လက်ရှိ လုပ်ဆောင်နေသည့် အစီအစဉ်များမှာ -

  • ငွေထပ်မံဖြည့်သွင်းခြင်း သို့မဟုတ် pack ဝယ်ယူခြင်းဖြင့် မိုင်တယ်လီနော (MyTelenor) အက်ပ်ပ လီကေးရှင်းရှိ “ပျော်ပြီးရင်းပျော်” အစီအစဉ်မှ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ဆုလက်ဆောင်များ
  • လက်ရှိဖြစ်ပွားနေသည့် COVID-19 အချိန်ကာလအတွင်းပေးအပ် သုံးစွဲသူများအနေဖြင့် ဒေတာများ ကို ပိုမိုအသုံးပြုနိုင်စေရန်အတွက် ဖုန်းငွေဖြည့်တိုင်း ရရှိလာမည့် ဖြည့်သွင်းငွေ၏ ၅၀ ရာခိုင်နှုန်း (50%) ကို ဖုန်းဘေလ်အပိုလက်ဆောင်အဖြစ် ပေးအပ်ခြင်း
  • တယ်လီနောသုံးစွဲသူများအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ အခြေအ‌နေ နှင့် ပတ်သက်သည့် သတင်းများအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သို့ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိပြီး ယင်းအကြောင်းအရာကို ဆိုရှယ်မီဒီယာ ချန်နယ်များ တွင် ထုတ်ပြန်ကြေညာထားခြင်း
  • တယ်လီနောသုံးစွဲသူများ၏ ဖုန်းခေါ်ဆိုချိန်တွင် ယခင် ပုံမှန် Ring tune များအစား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များ အစားထိုးထည့်သွင်းခြင်း အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ခပ်ခွာခွာနေခြင်းနှင့် တစ်ကိုယ်ရည် ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ လူထုအသိပညာပေး လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ခြင်း
  • ရောဂါကာကွယ်ရန် နည်းစနစ်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ခပ်ခွာခွာနေခြင်း အလေ့အကျင့် များအပြင် ၎င်းတို့၏ နီးစပ်ရာအသိုင်းအဝိုင်းများတွင်လည်း အဆိုပါ သတင်းအချက်အလက်များကို ပြန်လည်မျှဝေရန် ဝန်ထမ်းများ၊ စီးပွားရေးမိတ်ဖက်များနှင့် အရောင်းဝန်ထမ်းများအကြား အသိ ပညာပေးခြင်း

တယ်လီနောမြန်မာသည် အမျိုးသားအဆင့် အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်ချိန် များတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို အင်တိုက်အားတိုက် ပါဝင်လုပ် ဆောင်လျက်ရှိသည်။ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် တယ်လီနော သည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် ဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၁ဝ၄၂) သန်းကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု များအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ် ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ များအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share