မြန်မာနိုင်ငံရှိအဓိက မြို့ ၃ မြို့တွင် တယ်လီနော4G ကွန်ရက် တိုးချဲ့

22 December, 2016 - Yangon

  • ၂၀၁၇ ခုနှစ်တွင် အခြားမြို့များသို့ ဆက်လက်ဖြန့်ကျက်သွားရန် ရည်မှန်း  

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ပဲခူးတိုင်းဒေသကြီးရှိ မြို့ ၃ မြို့သို့ 4G ကွန်ရက်တိုးချဲ့ဖြန့်ကျက်လိုက်ပြီ ဖြစ်ပါသည်။။ဇူလိုင်လကနေပြည်တော်မြို့တွင် 4G ၀န်ဆောင်မှုများကို စတင်မိတ်ဆက်နိုင်ခြင်း၏ အောင်မြင်မှု နောက်ဆက်တွဲအနေဖြင့် ပြည်မြို့၊ ပဲခူးမြို့ နှင့် တောင်ငူမြို့တို့တွင် 4G ၀န်ဆောင်မှုများကို တိုး ချဲ့ဖြန့်ကျက်လိုက်ခြင်း ဖြစ်ပါသည်။

တယ်လီနောသည်ဒီဇင်ဘာလ၂၀ ရက်နေ့တွင် ပြည်မြို့၌ 4G ကွန်ရက်စတင်ခဲ့ခြင်း ဖြစ်ပြီးယင်းအထိမ်းအမှတ်အဖြစ် တယ်လီနောဝန်ထမ်းများသည် တယ်လီနော၏ဝန်ဆောင်မှုများကိုအသုံးပြုသူများနှင့် ဖြန့်ချီရောင်းချသူများသိရှိစေရန် အတွက် ပြည်မြို့နေရာ အနှံ့အပြားတွင် လိုက်လံရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့အပြင် တယ်လီနောမှ ဆမ်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်သူများကိုလည်း500 MB အခမဲ့ပေးအပ်ခဲ့ပါသည်။ထို့အတူတယ်လီနောက နိုင်ငံတစ် ှမ်း ကျင်းပနေသည့် ဆမ်းကတ် မှတ်ပုံတင်နေ့များကိုပိုမိုထိရောက်စေရန် တယ်လီနောဝန်ထမ်းများကမှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုရှင်းပြခဲ့ပြီးအသုံးပြုသူများချက်ခြင်းမှတ်ပုံတင်သွင်းနိုင်ရန် ကူညီပေးခဲ့ကြပါသည်။ တယ်လီနောသည်ဒီဇင်ဘာ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ပဲခူးမြို့နှင့် တောင်ငူမြို့ အသီးသီးတွင် 4G ကွန်ရက်တိုးချဲ့ဖြန့်ကျက်ခြင်းအထိမ်းအမှတ်အစီအစဉ်များကိုပြုလုပ်သွားမည် ဖြစ်ပါသည်။

 

“ဒေတာအသုံးပြုမှုနှုန်းက မြန်မာနိုင်ငံမှာအလွန်မြင့်မားလာနေပြီးမိုဘိုင်းဒေတာကိုပိုမိုအသုံးပြုလာနေကြတာကို ကျွန်တော်တို့ ကြုံတွေ့နေကြရပါပြီ။ လက်ရှိမှာတယ်လီနောအသုံးပြုသူအားလုံးရဲ့ ၆၄% က ဒေတာအသုံးပြုသူတွေ ဖြစ်နေပါတယ်။ 4G ဝန်ဆောင်မှုတွေကိုအခြားမြို့တွေမှာ ဖြန့်ကျက်နိုင်လိုက်တာကတယ်လီနောအသုံးပြုသူတွေဟာအကောင်းဆုံးအင်တာနက်အသုံးပြုမှု အတွေ့အကြုံတွေကိုရရှိနိုင်စေရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်တစ်ခုကိုဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လာမယ့် လပိုင်းအတွင်းမှာနောက်ထပ်မြို့တွေမှာလည်း 4G ကွန်ရက်ကိုဆက်လက် တိုးချဲ့ သွားမှာ ဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားခဲ့သည်။

ယနေ့အချိန်အထိတယ်လီနောသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကာကွန်ရက်လွှမ်းခြုံမှု၊ အရည်အသွေးပိုမိုကောင်းမွန်လာရန်နှင့် 4G ဝန်ဆောင်မှုများပေးအပ်သွားနိုင်ရန်အတွက် ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါသည်။ “၂၀၁၇ ခုနှစ် ပထမသုံးလပတ်မှာရရှိမယ့် 1800 MHz ကြိမ်နှုန်းကပိုမိုမြန်နှုန်းမြင့်တဲ့ စွမ်းဆောင်ရည်ရှိပြီး ‘စစ်မှန်တဲ့ 4G’ အတွက် လမ်းကြောင်းဖော်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Tellmann ကဆက်လက်ပြောကြားသည်။

တယ်လီနောမြန်မာသည် ယနေ့တွင် အသုံးပြုသူများအတွက် 2G ၊ 3G နှင့် 4G ဝန်ဆောင်မှုများကို ကြိမ်နှုန်း 900 MHz နှင့် 2100 MHz တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်နေသောဒေတာကွန်ရက်ဖြင့် တိုင်း၊ ပြည်နယ်နှင့် ဒေသအားလုံးအပြင် ဝေးလံခေါင်းပါးသောဒသများသို့ပါ ရောက်ရှိနေပြီး မြန်မာနိုင်ငံရှိ မြို့နယ်အားလုံး၏ ၉၀% နီးပါးကိုကွန်ရက် လွမ်းခြုံထားနိုင်ပြီး ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor