Press Release

မြန်မာနိုင်ငံတွင် တယ်လီနော၏ ကွန်ယက်သည် အကြီးဆုံး3Gကွန်ယက်ဖြစ်

20 October, 2015 - Yangon

တစ်နိုင်ငံလုံးတွင် တာဝါတိုင် ၃၃၀၀ ကျော်ဖြင့် အားလုံးတွက် ဆက်လက်ဝန်ဆောင်မှုပေး

တယ်လီနောမြန်မာလီမိတက် (တယ်လီနော) သည် ရာနှုန်းပြည့် 3Gကွန်ယက်ဖြင့် ချိတ်ဆက်ထားသောတာဝါတိုင် ၃၃၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. PetterFurberg က “ကျွန်တော်တို့ကွန်ယက်ကအခုဆိုရင် မြန်မာနိုင်ငံမှာအကြီးဆုံးကွန်ယက်တစ်ခုဖြစ်သွားပါပြီ။ တစ်နှစ်အတွင်းမှာပဲတာဝါတိုင် ၃၃၀၀ ကျော်ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ မန္တလေးကကွန်ယက်ဆိုရင် တာဝါတိုင် ၆၀၀ ကျော်တိုးပွားလာပါတယ်။ စတင်မိတ်ဆက်ချိန်ကတာဝါတိုင် ရ၀ နဲ့ စခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကမိုဘိုင်းအသုံးပြုအားလုံးအတွက် အင်တာနက်နဲ့ ဖုန်းခေါ်ဆိုမှုမှာအတည်ငြိမ်ဆုံးဝန်ဆောင်မှုတစ်ခုအနေနဲ့ ပေးအပ်သွားဖို့ုဖြစ်တယ်။ လူဦးရေထူထပ်တဲ့ နေရာတွေမှာတော့ တာဝါတိုင်ပိုလိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ ကျွန်တော်တို့ရဲ့ တာဝါကုမ္ပဏီတွေနဲ့ ပြည်တွင်းကတာဝန်ရှိသူတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ကျွန်တော်တို့ရဲ့ ကုန်ကြမ်းပစ္စည်းတင်သွင်းသူတွေဆီကထူးခြားဆန်းသစ်တဲ့ ကွန်ယက်နည်းပညာတွေကိုအသုံးပြုပြီးဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟုပြောကြားခဲ့ပါသည်။

တယ်လီနောကွန်ယက်သည် ယခုအခါတွင် မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယားနဲ့ နေပြည်တော် စသည့်အဓိကဒေသ ၁၃ ခုမှာရောက်ရှိနေပြီဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိကွန်ယက်သည် ယခုအချိန်တွင် စတင်အသုံးပြုနိုင်ရန် အနည်းငယ်လိုအပ်နေပါသည်။ “ကျွန်တော်တို့ အခုအချိန်မှာရခိုင်ပြည်နယ်အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ အရှန်အဟုန်တိုးမြှင့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် ဖိုက်ဘာချိတ်ဆက်မှုတွေမှာ နှောင့်နှေးခဲ့ရတာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ် အတွက် လက်ရှိတာဝါတိုင် ၁၈ တိုင်ရှိပါပြီ။ စစ်တွေတစ်ခုတည်းမှာ ၈ တိုင်အပါအဝင်ပေါ့။ အသုံးပြုသူတွေအနေနဲ့ စစခြင်းမှာ မြန်နှုန်းနှေးမှုနဲ့ ကြုံတွေ့ရနိုင်ပြီးဖိုက်ဘာဆက်ကြောင်းတွေ ပြီးစီးမှုအပေါ်မူတည်ပြီးသိသိသာသာတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု Mr. Furberg မှ ဆက်လက်ပြောကြားခဲ့ပါသည်။.

“၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်မှာချင်းပြည်နယ်ကိုဆက်လက်ကွန်ယက်ဖြန့်တဲ့ အချိန်မှာတော့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတိုးချဲ့မှုတွေ ပြည့်စုံသွားမှာ ဖြစ်ပါတယ်။”

စျေးကွက်ကွင်းဆင်းလေ့လာမှု

တယ်လီနောတစ်နှစ်ပြည့် အထိမ်းအမှတ်ဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသွားရောက်ကာမေးမြန်းစုံးစမ်း - ရှင်းလင်းဖြေကြားပေးသည့် အပြာရောင်လှိုုင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီးယခုအခါ မန္တလေးတွင် ဝန်ထမ်း ၅၀ ကျော်မှ စားသုံးသူများနှင့် သွားရောက်ဆွေးနွေးကာအရောင်းဆိုင်များကိုလည်းအားပေးထောက်ပ့ံသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ ပါသည်။

တယ်လီနောမြန်မာ၏ Head of Market Engagement ဖြစ်သူမခင်ဝတ်မှုန်မြင့်မှ “တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာအစုံကိုကားတွေနဲ့ သွားပြီးစားသုံးသူတွေနဲ့ ချိတ်ဆက်စကားပြောဆွေးနွေးမှုတွေ၊ ပြီးတော့ အရောင်းဆိုင်တွေကိုအားပေးထောက်ပ့ံမှုတွေကို ပြုလုပ်နေပါတယ်။ အခုဆိုရင် အဖွဲ့ ၅ ဖွဲ့ခွဲပြီးတောင်ကြီး၊ မိထ္ထီလာ၊ တောင်ငူ၊ ပဲခူး၊ မော်လမြိုင်နဲ့ လွိုင်ကော်အပြင် တခြားဒေသတွေကိုလည်းသွားရောက်နေပါတယ်။ စားသုံးသူတွေစီကအကြံပြုချက်တွေ တုံ့ပြန်မှုတွေကိုရယူပြီး ကျွန်မတို့ ကွန်ယက်ကိုလိုအပ်တဲ့နေရာတွေမှာပိုပြီးကောင်းအောင်လုပ်သွားမှာ ဖြစ်ပါတယ် ” ဟုပြောကြားခဲ့ပါသည်။

မီဒီယာများဆက်သွယ်ရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor