Press Release

မြန်မာနိုင်ငံတွင် တယ်လီနောဝန်ဆောင်မှုပေးခြင်းတစ်နှစ်ပြည့်ခဲ့ပါပြီ

29 September, 2015 - Yangon

  • တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသောအရောင်းဆိုင် ၅၀,၀၀၀ ဖြင့် စျေးကွက်အတွင်းရှိစားသုံးသူများအတွက် ဝန်ဆောင်မှုများကိုဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။
  • ကွန်ရက်ချိတ်ဆက်မှုမှာလည်းမကြာမီတစ်နိုင်ငံလုံးအတိုင်းအတာသို့ရောက်ရှိတော့မည် ဖြစ်ပြီးကျန်ရှိနေသောရခိုင် နှင့် တနင်္သာရီတိုင်းများသို့လည်းမကြာမီကွန်ယက်ဖြန့်ကျက်နိုင်တော့မည်ဖြစ်ပါသည်။

တယ်လီနောမြန်မာလီမိတက် (တယ်လီနော)သည် ယခုဆိုလျင် မြန်မာနိုင်ငံတွင်လုပ်ငန်းစတင်လုပ်ဆောင်ခဲ့သည်မှာတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုများကိုမန္တလေးမြို့တွင် စတင်ခဲ့ပါသည်။ လုပ်ငန်းစတင် သည့်အချိန်၌ Telenor မှ တာဝါတိုင် ၆၈ ခု ၊ အရောင်းဆိုင်ပေါင်း ၁၁၅၀ ဖြင့် မန္တလေးမြို့တွင် စတင်ခဲ့ပြီးယခုအခါတွင်စားသုံးသူပေါင်း ၁၀ သန်းခန့်သို့ 3Gကွန်ရက်ကိုတာဝါတိုင်ပေါင်း ၃၁၀၀ တိုင်၊ အရောင်းဆိုင်ပေါင်း ၅၀၀၀၀ ကျော် ၊ ဖြန့်ချိသူ ၁၁၄ ဦး ဖြင့် ဝန်ဆောင်မှုပေးနေပြီဖြစ်ပါသည်။

တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg က “ကျွန်တော်တို့ မြန်မာနိုင်ငံမှာလုပ်ငန်းစတုန်းကစားသုံးသူအားလုံးကိုဝန်ဆောင်မှု ပေးနိုင်ဖို့ဆိုတဲ့ အဓိကအချက်တစ်ခုကိုပဲအာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ တယ်လီနောကိုစားသုံးသူတွေရဲ့ယုံကြည်မှုထားရှိချက်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။

တယ်လီနောကလည်းစားသုံးသူတွေ အတွက်အရည်အသွေးကောင်းမွန်တဲ့ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အသုံးပြုမှုတွေကိုလက်လှမ်းမီတဲ့စျေးနှုန်းတွေနဲ့ အမြဲဆက်လက်ပေးနိုင်အောင်ရည်သန်ထားပါတယ်”ဟုပြောကြားခဲ့သည်။

Petterမှဆက်လက်ပြီး “အခုဆိုရင် ကျွန်တော်တို့ရဲ့ကွန်ရက်ဟာတိုင်း နှင့် ပြည်နယ် ၁၃ ခုဖြစ်တဲ့ - မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင် ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်၊ ကယားနဲ့နေပြည်တော်တို့မှာရောက်ရှိနေပြီ ဖြစ်ပြီးမကြာမီရခိုင် နဲ့ချင်းပြည်နယ်မှာချိတ်ဆက်ပြီးစီးတော့မှာဖြစ်ပါတယ်” ဟုထပ််မံပြောဆိုခဲ့ပါသည်။

ပွင့်လင်းမှု၊ အောင်နိုင်မှုတို့ကိုဖော်ဆောင်သောဓလေ့

တယ်လီနောမြန်မာ၏အဓိကကျသောမဟာဗျူဟာမှာလုပ်ငန်းခွင်အတွင်းတယ်လီနော၏ အလုပ်လုပ်ပုံနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသောတန်ဖိုးစံနှုန်းများကိုအခြေခံထားသည့် ပွင့်လင်းမှု၊အောင်နိုင်မှုတို့ကိုဖော်ဆောင်သောဓလေ့တစ်ခုကိုတည်ဆောက်နိုင်ရန်ဖြစ်ပြီး၄င်းအချက်သည် မြန်မာနိုင်ငံတွင် အများလိုလားသောအလုပ်ရှင်ဖြစ်ရခြင်းအကြောင်းအရင်း၏ တစိတ်တပိုင်းဖြစ်သည်။

“ဒီထုံးတမ်းဓလေ့ကတယ်လီနောကိုအားပေးသူတွေ၊နိုင်ငံအတွင်းကလူမှုအသိုင်းအဝိုင်းတွေနဲ့ ရင်းနှီးမှုရှိစေရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒကို ပြည့်ဝစေဖို့အထောက်အကူပြုပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအားလုံးကိုလည်းလူမှုရေးလုပ်ငန်းတွေနဲ့ ပေါင်းစပ်ထားတဲ့ စျေးကွက်လှုပ်ရှားမှု အစီအစဉ်တွေမှာအမြဲပါဝင်ခိုင်းပါတယ်။”

“ကျွန်တော်တို့လုပ်ငန်းခွင်မှာတကယ်တန်ဖိုးထားရတဲ့မတူကွဲပြားမှုတစ်ခုရှိနေပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအစပိုင်းမှာနိုင်ငံသားလူမျိုးပေါင်း ၁၈ မျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံသားဝန်ထမ်းတွေကတယ်လီနောရဲ့ လုပ်ငန်းခွဲတွေရှိတဲ့ အာရှဒေသနဲ့ ဥရောပဒေသတွေကလက်တွဲဖော်တွေနဲ့ အတူရင်ဘောင်တန်းလုပ်ကိုင်ခဲ့ကြပါတယ်။နောက်ထပ်မှတ်သားစရာတစ်ခုကကျွန်တော်တို့ရဲ့ ဌာနမျိုးစုံ၊ ရာထူးအဆင့်မျိုးစုံမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၄၀ ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ကြပါတယ်” ဟုMr.Furberg မှ ထပ်မံပြောကြားခဲ့ပါသည်။

အနာဂတ်အတွက် မင်္ဂလာယူခြင်း

နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တယ်လီနောစီမံအုပ်ချုပ်မှုအဖွဲ့နှင့် MrFurbergဦးဆောင်သောဝန်ထမ်းများ၊ တယ်လီနောဘုတ်အဖွဲ့ဝင် ဒါရိုက်တာများသည်ရန်ကုန်မြို့၏ အထင်ကရ ဖြစ်သောရွှေတိဂုံဘုရားတွင် အလှူဒါနများပြုလုပ်ခဲ့ပါသည်။

“ဒီနေ့လိုနေ့မျိုးမှာပါ၀င်ခွင့်ရတဲ့အတွက်ရောတယ်လီနောမှာအလုပ်လုပ်ရတာကိုရောဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တယ်လီနောနဲ့ အလုပ်လုပ်ရတာက ကျွန်မရဲ့ ကိုယ်ပိုင်ဘဝမှာရောပညာရှင်ဘဝမှာရောအများကြီးအကျိုးသက်ရောက်မှု ရှိပါတယ်။ ကုမ္ပဏီရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ အလုပ်လုပ်ကိုင်တဲ့ ပုံစံတွေဟာအမှန်တကယ်ကိုအားရစရာကောင်းပါတယ်။ အနာဂတ်မှာလည်းအခုလိုမှတ်ကျောက်တွေမှာပါ၀င်ဆင်နွှဲချင်ပါသေးတယ်။” လို့ တယ်လီနောSupply Chain and Sustainability Team မှ မတင်ငြိမ်းအေးကပြောကြားခဲ့ပါတယ်။

မီဒီယာများဆက်သွယ်ရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း (95) 9 79 100 0004
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor